Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 12th Sept 2010

မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၅ ရက်ကြာ ခရီးစဉ်အပြီး တနင်္ဂနွေနေ့တွင် မြန်မာ စစ်ဖက် အုပ်ချုပ်သူများက "မိမိတို့၏ နယ်ခြား တလျှောက်တွင် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်မည့် မည်သည့် အဖွဲ့ကိုမျှ ထောက်ခံ အားပေးမည် မဟုတ်ကြောင်း ဘေဂျင်းက အာမခံခဲ့သည်'' ဟု ပြောကြားလိုက်ခြင်းဖြင့် တရုတ် နိုင်ငံကို ချီးကျူး ဂုဏ်ပြုစကား ဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြီးခဲ့သည့် သီတင်းပတ် ခရီးစဉ်နှင့် သမ္မတ ဟူကျင်းတောင် ကော်ဇောနီခင်း  ကြိုဆိုသည့် အကြောင်းများကို မြန်မာ ခေါင်းဆောင် အိမ်ပြန်သွားသည်အထိ မြန်မာ နိုင်ငံတွင် အသေးစိတ် သတင်း ထုတ်ပြန်ခြင်း မပြုခဲ့ပါ။ တနင်္ဂနွေနေ့တွင်မူ နိုင်ငံပိုင် သတင်းစာတွင် ဓါတ်ပုံများ၊ ဆောင်းပါးများ၊ စစ်အစိုးရ၏ အဓိက မဟာမိတ်၊ သံတမန်ရေးနှင့် စီးပွားရေး အရ ထောက်ခံ အားပေးသူ ပင်မရင်းမြစ် တရုတ်နိုင်ငံအား ချီးကျူး ဂုဏ်ပြုမှုများကို စာမျက်နှာပေါင်း များစွာ ဖော်ပြခဲ့သည်။

မြန်မာ နိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲများကို ဘေဂျင်းက ထောက်ခံ အားပေးခဲ့ကြောင်းကို မြန်မာ နိုင်ငံ၏ တင်းကြပ် ချုပ်ချယ်သော မီဒီယာက ကိုယ်ရှိန် သတ်၍ ဖော်ပြခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ ခရီးစဉ်တွင် အဆိုပါ ထောက်ခံမှု ရရှိရန် ကြိုးစားခဲ့သည်ဟု မျှော်လင့်ရသည်။

မည်သို့ပင် ဖြစ်စေ နိုင်ငံပိုင် New Light of Myanmar သတင်းစာက "ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မစ္စတာ ဟူကျင်းတောင်တို့ နှစ်ဦးသည် ရွေးကောက်ပွဲ ကိစ္စကို အထူး ဦးစားပေး ဆွေးနွေးခဲ့ကြသည်'' ဟု ဖော်ပြခဲ့သည်။

မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲများနှင့် တိုးတက် ပြောင်းလဲမှုများအတွက် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ခြင်း အတွက် ကျေးဇူးတင်သည်ဟု သမ္မတ ဟူကျင်းတောင်က ပြောကြားခဲ့ကြောင်းနှင့် မြန်မာ အစိုးရသည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အောင်မြင်မှု ရရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ဟူကျင်းတောင်က ဆက်လက် ပြောဆိုခဲ့သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်ကပင် စ၍ စစ်ဖက် အုပ်ချုပ်ခဲ့သော မြန်မာ နိုင်ငံတွင် အရပ်ဖက် အုပ်ချုပ်ရေးသို့ ကူးပြောင်းရန် အဓိက အဆင့် အဖြစ် ရွေးကောက်ပွဲ ပြုလုပ်ရန် အစိုးရက စီစဉ်နေသည်။ အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်၍ စစ်ဖက် အုပ်ချုပ်သူများက အာဏာ စွန့်မည့် လက္ခဏာ အနည်းငယ်မျှသာ ပြသခဲ့သည်ဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ်ထားကြသည်။        

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment