Transparency Myanmar

transparency.myanmar@gmail.com

The Nation, 12th Sept 2010

ဗီယက်နမ် နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများကို ပြစ်တင် ရှုတ်ချထားသည့် အစီရင်ခံစာ ထုတ်ပြန်ရန် အတွက် ဘန်ကောက်အား အသုံးပြုခြင်းကို ထိုင်းနိုင်ငံက ကန့်ကွက်လိုက်ပြီး အဓိက စာရေးသူ၏ ဗီဇာကိုလည်း ပိတ်ပင်လိုက်ကြောင်း ကြားသိရသည်ဟု တနင်္ဂနွေနေ့က ရရှိသော သတင်းများက ဆိုသည်။

အမှန်တရား အပေါ် ဖုံးကွယ် လှည့်စားခြင်း (သို့) ဗီယက်နမ်နိုင်ငံမှ လူ့အခွင့်အရေးဟု ခေါင်းစဉ် ပေးထားသော အစီရင်ခံစာကို ထုတ်ပြန်ရန် အတွက် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း FCCT  တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရန် ပဲရစ် အခြေစိုက် Intrnational Federation  for  Human Rights က စီစဉ်ထားကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ကန့်ကွက် ထားသောကြောင့် ပြုလုပ်မည်၊ မပြုလုပ်မည်ကို ရှင်းလင်းစွာ မသိရသေးပါ။

"ထိုင်းဘုရင့် အစိုးရဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သဘေားထား ကွဲလွဲခွင့်တို့ မူအားဖြင့် အရေးကြီးပုံကို စွဲမြဲစွာ မှတ်ယူထားသလို တခြား နိုင်ငံတွေ အပေါ် အန္တရာယ် ဖြစ်စေမယ့် လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ အတွက် နေရာတစ်ခု အဖြစ် ထိုင်းနိုင်ငံကို အသုံးပြုမယ့် အဖွဲ့အစည်းတွေကိုလည်း ဟိုအရင် ကတည်းက ခွင့်မပြုခဲ့ပါဘူး'' ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ သန်နီသောင်ပတ်ဆီက သတင်းထောက် အသင်းသို့ ပေးသော စာတွင် ဖော်ပြထားသည်။

"FCCT အနေနဲ့ ဒီသဘောထားကို လေးစားလိမ့်မယ်၊ ပြီးတော့ ဒီလို လှုပ်ရှားမှုတွေ အတွက် အဆောက်အဦးကို သုံးခွင့် ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို Vietnam Committee on Human Rights ဥက္ကဋ္ဌ ဗိုဗန်အိုက်နှင့် International Federation for Human  Rights ဒုတိယ ဥက္ကဋ္ဌ Penelope Faulkmer တို့က ကျင်းပရန် စီစဉ်ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment