Transparency Myanmar

transparency.myanmar@gmail.com

Reuters, 13th September 2010

"တရုတ် နိုင်ငံသည် လက်ရှိအားဖြင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို ပိုမို အားပေး ခွင့်ပြုမည့် ကဏ္ဍများ တိုးချဲ့ရေး အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စာရင်းကို ပြန်လှန် သုံးသပ်လျက် ရှိသည်" ဟု အကြီးတန်း အစိုးရ တာဝန်ခံ တစ်ဦးက တနင်္လာနေ့က ပြောကြားလိုက်သည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေးမှူးချုပ် Lu Yajun က ရှန်ဟိုင်းတွင် ကွန်ဖရင့် တစ်ခု၌ ပြောကြားရာတွင် စာရင်းကို ပြန်လှန် သုံးသပ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများအား ကန့်သတ်မှုများ၊ ကန့်သတ်ထားသော နေရာများကို လျှော့ချသွားမည်ဟု ဆိုသည်။

တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်သော ရပ်တည်ချက်မှာမူ ပြောင်းလဲခြင်း မရှိကြောင်း၊ သို့သော် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တစ်ခုသည် ရေရှည် တည်တံ့နိုင်ရန် နှစ်ဦးနှစ်ဖက် အကျိုး ရှိရမည် ဖြစ်ကြောင်း Lu က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment