Transparency Myanmar

transparency.myanmar@gmail.com

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခြင်း မပြုလုပ်ပါက နိုင်ငံသား တစ်ဦး၏ တာဝန် ကင်းမဲ့ရာ ရောက်လိမ့်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံပိုင် မီဒီယာများက မြန်မာ နိုင်ငံသားများကို တိုက်တွန်းရေးသားသည်။ ပင်မ အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့က သပိတ် မှောက်ထားပြီး အတိုက်အခံ နိုင်ငံရေး သမား အများစုက အတုအယောင် အဖြစ် သတ်မှတ် ဖော်ပြခံရသော အဆိုပါ ရွေးကောက်ပွဲတွင် မဲဆန္ဒ ပေးကြရန် မြန်မာ စစ်အစိုးရက နိုင်ငံပိုင် မီဒီယာများက တစ်ဆင့် တိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။

စစ်အစိုးရ အာဘော် ဖြစ်သော နိုင်ငံပိုင် သတင်းစာများက ရွေးကောက်ပွဲကို သပိတ် မှောက်သည့် အကြောင်း ကိစ္စ အပေါ် ယခုကဲ့သို့ ထုတ်ဖော် ရေးသားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ပြည်သူများ အနေဖြင့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို မဲမပေးကြရန် တိုက်တွန်းထားသည်။ သို့သော် သပိတ်မှောက်ရန် ပြောဆိုခြင်း မရှိပေ။

မြန်မာ နိုင်ငံပိုင် သတင်းစာများက ရွေးကောက်ပွဲတွင် မဲပေးမည်၊ မဲမပေးမည် ဟူသော ကိစ္စမှာ လူတစ်ဦးချင်းစီ ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်ကြောင်း၊ သို့သော် မဲမပေးဘဲ နေမည် ဆိုပါက တာဝန် ကင်းမဲ့သော အခွင့်အရေး သမား တစ်ဦးသာ ဖြစ်ကြောင်း ရေးသား ဖော်ပြသည်။ ဒီမိုကရေစီ လိုချင်ပါလျက် မဲမပေးဘဲ နေခြင်းသည် များစွာ ရူးနှမ်းသော ကိစ္စ တစ်ရပ်သာ ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လာမည့် ရွေးကောက်ပွဲ သပိတ် မှောက်ပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီအဖြစ် မှတ်ပုံတင်ခြင်း မပြုခဲ့သောကြောင့် ယခုအခါ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂၀ တာ ကာလ အတွင်း နှစ်ပေါင်း ၁၅ နှစ်တာမျှ ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည်။

"မဲပေးမယ်၊ မပေးဘူး ဆိုတဲ့ကိစ္စ အပေါ် ပြည်သူတွေ အနေနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) က ပြောပါတယ်။ NLD ရွေးကောက်ပွဲမှာ မပါတော့တဲ့နောက် မြန်မာပြည်သူတွေ ဘယ်ပါတီကို မဲပေးရမှန်း မသိဘူးဆိုရင် မဲမပေး သင့်ဘူးလို့လည်း ပြောပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည့် အချို့သော NLD ပါတီဝင် ဟောင်းများက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အမည်ရ ပါတီသစ် တစ်ခုကို ထူထောင်ခဲ့သည်။ မည်သို့ပင်ဆိုစေ မြန်မာ စစ်အစိုးရက အစီအစဉ်ဆွဲ ကျင်းပ ပေးမည့် အဆိုပါ ရွေးကောက်ပွဲကို အများစုက အတုအယောင်မျှသာ ဖြစ်ပြီး စစ်အုပ်ချုပ်ရေး စနစ် သက်ဆိုး ရှည်ရန်သာ ဦးတည်ထားကြောင်း ပြောဆို ဝေဖန်ကြသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment