Transparency Myanmar

transparency.myanmar@gmail.com

DVB News, 14th Sept 2010

မြန်မာနိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများ ကျူးလွန်ခဲ့သည်ဟု ယူဆရသော လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေးနှင့် ပတ်သက်၍ ကုလ သမဂ္ဂက မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်နိုင်သေးကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ Tomas Ojea Quintana  က သြဂုတ်လတွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလတွင် အငြင်းဖွယ် ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်နေသည့် မြန်မာ စစ်ဖက် အုပ်ချုပ်သူများ ကျူးလွန်ခဲ့သည့် ကြီးမားလွန်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိပ်တန်း အဆင့် ကော်မရှင် ဖွဲ့စည်း စုံစမ်းရေးအတွက် လူ့အခွင့်အရေး အုပ်စုများကလည်း ဆက်လက် တောင်းဆိုခဲ့ကြသည်။

"ကွင်တားနားရဲ့ အဆိုပြုချက်ဟာ အကြံဥာဏ် အဆင့်နဲ့ ရပ်တန့်သွားမယ့် ကိစ္စ မဟုတ်ပါဘူး၊ မစ္စတာ ကွင်တားနား အဆိုပြုခဲ့တဲ့ အကြံဥာဏ်ကို စတင်ဖို့ ကိစ္စကတော့ ကုလ သမဂ္ဂကတော့ ကုလ သမဂ္ဂ အဖွဲ့ကြီးရဲ့ ဌာနပေါင်းစုံ အပေါ်မှာ မူတည်ပါတယ်'' ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Farhan Hag က ပြောကြားခဲ့သည်။

"နောက်တစ်ဆင့်က ဘာဖြစ်မလဲ'' ဟု သတင်းထောက်က မေးမြန်းသောအခါ Farhan က "အလွန်ဆုံး ဖြစ်နိုင်တာကတော့ လူ့အခွင့်အရေး ကောင်စီအပါအဝင် ကုလသမဂ္ဂ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေက မစ္စတာ ကွင်တားနားရဲ့ အမြင်ကို စဉ်းစား သုံးသပ်မယ်၊ နောက်တစ်ဆင့် ဆက်လက် ဆောင်ရွက်ဖို့ လိုမလို လေ့လာ သုံးသပ်ကြမယ်၊ ဒါပါပဲ'' ဟု ပြန်လည် ပြောကြားခဲ့သည်။

ပြီးခဲ့သော သြဂုတ်လအတွင်း Farhan က "ယခုကိစ္စ သက်သက်ကို စတင် ကိုင်တွယ်မည့် ကုလ အဖွဲ့အစည်းများနှင့် ပတ်သက်၍ မိမိ မသိရှိပါ'' ဟု ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သော လတွင် အမည် မဖော်လိုသော အိမ်ဖြူတော် တာဝန်ရှိသူ တစ်ဦးက မြန်မာနိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စု၏  ပိတ်ဆို့ အရေးယူမှုများကို တင်းကျပ်မည်ဟု ပြောကြားခဲ့သလို၊ အမေရိကန် ပြည်ထောင်စုကလည်း စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှုကို အပြည့်အဝ ရပ်တည် ပံ့ပိုးမည်ဟု ပြောကြား ခဲ့ပြီးနောက်တွင် စုံစမ်းရေး ကော်မရှင် ကိစ္စများ ထောက်ခံမှု ကြီးမားစွာ ရရှိလာခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ နှစ်ဦး စလုံးသည် ၁၉၆၂ က စ၍ မြန်မာနိုင်ငံကို အသွင် အမျိုးမျိုးဖြင့် အုပ်ချုပ်လာခဲ့သော စစ်ဖက် အုပ်ချုပ်သူများကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ တွန်းတင်ရာတွင် ခက်ခဲ ကျပ်တည်းသည့်  အခ်ျိန်နှင့် ကြုံတွေ့နေရသည့် လက္ခဏာ ရှိသည်။ တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ကျင့်သုံးခဲ့သည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်သည်လည်း မည်သည့် ရလဒ်မှ ထွက်ပေါ် မလာသည့်အတွက် ထိုအချိန် နောက်ပိုင်း အိုဘားမား အစိုးရ၏ လေလုံးထွားမှု တန့်သွားခဲ့သည်။

ထိုအတောအတွင်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလက ဆူဒန်သို့ ပြောင်းရွှေ့ ခန့်အပ်လိုက်သော မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ၏ နေရာအား အစားထိုး ခန့်အပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး သဘောထား မပြောင်းသည့် အတွက် ကုလသမဂ္ဂ အဖွဲ့မှာ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေရသည်။ ဇန်နဝါရီလတွင် အဆိုပါ နေရာကို ကုလ ရုံးအဖွဲ့မှူး ဗီဂျေနမ်ဘီယာဖြင့် အစားထိုးခဲ့ခြင်းမှာ ယာယီ ခန့်အပ်မှုသာ ဖြစ်သည်။

အပြင်းထန်ဆုံး ပက်ပက်စက်စက် ဝေဖန်ပြစ်တင် ရှုတ်ချမှုမှာမူ တစ်ချိန်က မြန်မာ အစိုးရအပေါ် အဆက်မပြတ် ပြစ်တင် ရှုတ်ချခဲ့ပြီး ယခင်နှစ်က အသံတိတ်သွားခဲ့သော ဘန်ကီမွန်းအတွက် အထူးသီးသန့် ရည်ရွယ်ပုံ ရသည်။ ဇူလိုင်လအတွင်းက ပေါက်ကြားခဲ့သော စာမျက်နှာ ၅၀ ပါ အစီရင်ခံစာတွင် ကုလသမဂ္ဂ အဖွဲ့တွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဌာန အကြီးအကဲဟောင်း Inqa Britt Ahlenius က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးသည် ဘန်ကီမွန်း၏ လက်ထောက် အောက်တွင် မဟာ ဗျူဟာမြောက်  လမ်းညွှန်မှုနှင့် ဦးဆောင်မှုတို့ ၃ နှစ်ခန့် ပျောက်ဆုံးနေခဲ့ပြီးနောက် အလုံးစုံ ပျက်စီး ယိုယွင်းနေပြီ ဖြစ်ကာ မြန်မာ နိုင်ငံ၏ လက်ရှိ နျူကလီယာ အစီအစဉ် ဖျက်သိမ်းရေး ကိစ္စတွင်လည်း ၎င်း၏ အနေအထားမှာ မေးခွန်း ထုတ်စရာ ဖြစ်နေသည်'' ဟု ဝေဖန် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment