Transparency Myanmar

transparency.myanmar@gmail.com

AFP, 15th Sept 2010

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် နယူးယောက်တွင် ကုလသမဂ္ဂ အစည်းအဝေး၏ အရန် ဆွေးနွေးမှု အဖြစ် အမေရိကန် သမ္မတ Barack Obama  နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အင်္ဂါနေ့က တရုတ်က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးသည် လအတန်ကြာ တင်းမာနေခဲ့ရာမှ ယခုအခါ ဆက်ဆံရေး တိုးတက်လာခဲ့သည်။

"တွေ့ဆုံမယ့် အချိန်ကိုတော့ ကျွန်တော်တို့ အလုပ် လုပ်နေကြတုန်းပါပဲ'' ဟု လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Liu Zhenmun က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဝမ်ကျားပေါင်သည် လာမည့် အပတ်တွင် နယူးယောက်၌ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံနှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Millennium Development Goals)  အထူး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လိမ့်မည် ဖြစ်သည်။

ဝမ်သည် နယူးယောက်တွင် နှစ်ရက်တာ ရှိစဉ် ကာလအတွင်း နှစ်နိုင်ငံ တွေ့ဆုံမှု၊ နိုင်ငံပေါင်းစုံ တွေ့ဆုံမှုပေါင်း (၂၀) ကျော် တက်ရောက်မည် ဖြစ်ကြောင်း Liu က ပြောကြားခဲ့သည်။ သို့သော် တွေ့ဆုံမည့် အခြား ခေါင်းဆောင်များကိုမူ အကျယ်တဝင့် ပြောကြားခဲ့ခြင်း မရှိပါ။

ယခုနှစ် အစောပိုင်းက အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချခြင်းနှင့် ဖေဖော်ဝါရီ ညက အဝေးရောက် တိဗက် ဘုန်းတော်ကြီး Dalai Lama ကို Obama  က လက်ခံ တွေ့ဆုံခြင်းများကြောင့် တရုတ်နှင့် အမေရိကန်တို့၏ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခါးသီးခဲ့ရသည်။

တရုတ်ငွေ၏ တန်ဖိုးကလည်း ပဋိပက္ခ၏ အရင်းအမြစ် တစ်ခု ဖြစ်သည်။ အမေရိကန်နှင့် ဥရောပရှိ သုံးသပ်သူများက Beijing ၏ ယွမ်ငွေ တန်ဖိုး ချထားခြင်းသည် တရုတ် ကုန်ပစ္စည်း တင်ပို့သူများကို မမျှတစွာ အသာ ရစေသည်ဟု ပြောကြသည်။

ပြီးခဲ့သည့် ဇွန်လက တရုတ်သည် ဒေါ်လာနှင့် ယွမ်ငွေ တန်ဖိုးအား ပိုမို လွတ်လပ်စွာ ထားပေးရန် စီစဉ်ခဲ့သည်။ သို့သော် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner ကမူ Beijing ၏ ငွေကြေး အပေါ်တွင် ဆုပ်ကိုင်ထားမှု ဖြေလျော့ပေးခြင်းကို ကျေနပ်မှု မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ယခု အထိ ဒေါ်လာငွေပေါ်တွင် ၁ % တိုးတက်ခြင်းအတွက် အသိအမှတ် ပြုရမည် ဖြစ်သည်။ Geithner သည် ယခုအပတ်တွင် ယွမ်ကိစ္စကို အမေရိကန် အမတ်များအား တင်ပြရန် စီစဉ်ထားသည်။

အမေရိကန် ကွန်ဂရက် အဖွဲ့ဝင်များသည် အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ငွေကြေးတန်ဖိုး လျော့၍ သတ်မှတ်ထားသော တရုတ်နှင့် အခြား နိုင်ငံများကို အရေးယူရေး အစီအစဉ်များအတွက် ဥပဒေ ပြဋ္ဌာန်းရန် ဖိအား ပေးလျက် ရှိသည်။

မည်သို့ပင် ဆိုစေ တရုတ်-အမေရိကန် ဆက်ဆံရေးသည် လွန်ခဲ့သည့်လ အနည်းငယ်အတွင်း တိုးတက်မှု ရှိခဲ့ရာ မေလက Geithner နှင့် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton  တို့ Beijing  သို့ သွားရောက်ခဲ့မှု အပါအဝင် နှစ်ဖက်ကြား အဆင့်မြင့် ပုဂ္ဂိုလ်များ အစည်းအဝေးများ အပြီးတွင် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

Obama သည် တရုတ် သမ္မတ ဟူကျင်းတောင်ကို လာမည့် အချိန် အနည်းငယ်အတွင်း ဝါရှင်တန်သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ရာ၊ ပင်တဂွန်မှ တာဝန်ရှိသူ တစ်ဦးက လည်ပတ်မှု ခရီးစဉ်သည် လာမည့်နှစ် အစောပိုင်းတွင် ဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment