Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th Spt 2010

ယန်းငွေ တန်ဖိုး တက်နေခြင်းကို ထိန်းချုပ်ရန် အတွက် ငွေကြေး ဈေးကွက်အတွင်း ကြားဝင် ဆောင်ရွက်မှုများကို ဂျပန် ဗဟိုဘဏ် အုပ်ချုပ်သူက ဖယ်ရှားခြင်း မပြုဟု ဆိုသည်။

ကိုဘေးမြို့တွင် ပြုလုပ်သော အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားသော မာဆာဘီ ရှီရာကာဝါက "အကယ်၍ လိုအပ်ပါက သင့်လျော်သော လှုပ်ရှားမှုများကို အကောင်အထည် ဖော်ရန် ဂျပန်ဘဏ် BOJ က အဆင့်သင့် ရှိနေသည်" ဟု ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းတွင် ဂျပန်ဘဏ် BOJ သည် ၆ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ငွေကြေးဈေးကွက်တွင် ကြားဝင် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယန်းငွေ အမြောက်အမြား ရောင်းချမည့် ဆုံးဖြတ်ချက်သည် ငွေတန်ဖိုးချရာတွင် အထောက်အကူ ဖြစ်စေမည်ဟုလည်း ၎င်းက ပြောသည်။

ယခင်က ယန်းငွေသည် ဒေါ်လာနှင့် ချိတ်ဆက်လျှင် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေရာ ဂျပန်ပို့ကုန် လုပ်ငန်းရှင်များက ၎င်းတို့၏ အမြတ်ငွေများ အဆိုပါ ငွေလဲနှုန်းကြောင့် လျှော့ပါးသွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။

တန်ဖိုးထက် ယန်းငွေ၏ စီးပွားရေး လောကအပေါ် သက်ရောက်မှု အကျိုးကို BOJ  က အနီးကပ် စောင့်ကြည့်နေသည်ဟု ရှီရာကာဝါက ဆိုသည်။

"စီးပွားရေးကဏ္ဍ အကျဖက် မရောက်ခင် ကျွန်တော်တို့ ပိုပြီး သတိထား စောင့်ကြည့်ရပါလိမ့်မယ်၊ တကယ်လို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သင့်လျော်တဲ့ လှုပ်ရှားမှုကို အချိန်ကိုက် အကောင်အထည် ဖော်ဖို့ အဆင်သင့် ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်လာနှင့် ချိတ်ဆက်ရာတွင် ယန်းငွေ၏ တန်ဖိုး ၁ % ကျော်ကျော် သိသိသာသာ ကျဆင်းသွားစေခဲ့သည်။ ငွေကြေး ဈေးကွက်အတွင်း ကြားဝင်မှုကို ဂျပန်ဘဏ် BOJ  က ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်ဟု သံသယ ရှိခဲ့ကြပြီးနောက် အထက်ပါ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂျပန် ဝန်ကြီးချုပ် နာတိုကန်က "BOJ ၏ ဒုတိယ အကြိမ်မြောက် ကြားဝင်မှုကို ၎င်းအနေဖြင့် မသိရှိခဲ့" ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုနောက်ပိုင်း ယန်းငွေ တန်ဖိုး ပြန်တက်လာခဲ့ပြီး ယခုအခါ တစ်ဒေါ်လာလျှင် ၈၄.၂၁၂ ယန်းနှုန်း ဈေးပေါက်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment