Transparency Myanmar

transparency.myanmar@gmail.com

ရုရှား နိုင်ငံ သမ္မတ ဒီမစ်ထရီမီဒီဒက်ဗ် တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၂၆ ရက်နေ့က သုံးရက်တာ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိလာကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

သမ္မတ မီဒီဒက်ဗ်သည် တရုတ် အနေက်မြောက်ပိုင်း ဒေသရှိ ဒါလင်း ဆိပ်ကမ်းမြို့သို့ ရောက်ရှိလာပြီး ခရီးစဉ်အတွင်း တရုတ် သမ္မတ ဟူဂျင်တောင်းနှင့်လည်း တွေ့ဆုံ ဆွေးနွေးမည်ဟု Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

ယခု ခရီးစဉ်သည် မစ္စတာ မီဒီဒက်ဗ်အတွက် ၂၀၀၈ ခုနှစ်၊ မေလတွင် ရုရှားသမ္မတ ဖြစ်လာပြီးနောက် ဒုတိယမြောက် တရုတ် ခရီးစဉ် ဖြစ်သည်ဟု Xinhua သတင်းက ဆိုသည်။

မစ္စတာ မီဒီဒက်ဗ်သည် တရုတ် ပြည်နယ် ခေါင်းဆောင်များ၊ တရုတ်၊ ရုရှား စစ်မှုထမ်းဟောင်းများ၊ ရုရှား ဘာသာစကား ပေါမောက္ခများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

၎င်းသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဘေဂျင်းမြို့သို့ သွားရောက် လည်ပတ်ပြီး သမ္မတ ဟူဂျင်းတောင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ရှန်ဟိုင်းမြို့သို့ သွားရောက်ပြီး တရုတ် ဒုတိယ သမ္မတ Xi Jinping နှင့် တွေ့ဆုံကာ ကမ္ဘာ့ ကုန်စည်ပြပွဲသို့ သွားရောက် ကြည့်ရှုမည်ဟု ဆိုသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment