Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th Sept 2010

တရုတ်ဈေးကွက် အတွင်းသို့ မမျှမတ တောင်ပုံရာပုံ ဝင်ရောက်နေသော အမေရိကန် ကြက်သား ထွက်ကုန်များကို သွင်းကုန် အခွန်တိုး ကောက်မည်ဟု တရုတ်အစိုးရက ပြောကြားသည်။

အမေရိကန် ကြက်သား ထွက်ကုန်များအပေါ် အခွန် ကောက်ယူမှုကို တနင်္လာနေ့တွင် စတင်မည် ဖြစ်ကာ လာမည့် ၅ နှစ် အတွင်း အခွန် ၁၀၄.၅ % အထိ တိုးမြှင့်သွားမည်ဟု တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် သွင်းကုန်များကြောင့် ပြည်တွင်း ကြက်သား ထုတ်လုပ်မှု လုပ်ငန်းကို ထိခိုက်စေသည်ဟု  စုံစမ်း စစ်ဆေးမှု အစီရင်ခံစာတွင် တွေ့ရှိရကြောင်း တရုတ်တို့က ပြောကြားသည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြား ကြီးထွားလာသော ကုန်သွယ်ရေး ပဋိပက္ခတွင် ယခု တစ်ကြိမ်မှာ နောက်ဆုံး ဖြစ်ရပ် ဖြစ်သည်။

ငွေကြေးတန်ဖိုးကို တမင်တကာ ထိန်းချုပ်ထားသော နိုင်ငံများ၏ သွင်းကုန်များအပေါ် အခွန် ကောက်ခံခွင့် ပြုမည့် ဥပဒေမူကြမ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော် ကော်မတီက သောကြာနေ့တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းသည် တရုတ်နိုင်ငံ အပေါ် ရည်ရွယ်ခြင်း ဖြစ်ကာ ၎င်းနိုင်ငံသည် ၎င်း၏ ပို့ကုန် လုပ်ငန်းရှင်များအား အထောက်အကူ ဖြစ်စေရန် ယွမ်ငွေ တန်ဖိုးကို တမင်တကာ ချထားသည်ဟု စွပ်စွဲခြင်း ခံနေရသည့် နိုင်ငံ ဖြစ်သည်။

ကြေညာချက်တွင်  တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ၎င်း၏ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြားခဲ့ပြီး အမေရိကန် ကြက်သား ထွက်ကုန်များ စုပုံ ဝင်ရောက်မှုနှင့် ပြည်တွင်း စီးပွားရေး ဆုံးရှုံးမှုတို့ အကြားတွင် အကျိုးသင့် အကြောင်းသင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့သည်။

ယခု ချမှတ်မည့် အခွန်များကြောင့် တရုတ်သို့ ကြက်ခြေထောက်နှင့် ကြက်တောင်ပံ တင်ပို့မှုအပေါ် မှီခို အားထားနေရသော အမေရိကန် ကြက်သား တင်ပို့သူများအပေါ် သိသိသာသာ ထိခိုက်စေမည် ဖြစ်သည်။

အဆိုပါ တရုတ်အစိုးရ၏ စုံစမ်း လေ့လာမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အမေရိကန် ကုမ္ပဏီအချို့မှာမူ အခွန် သက်သာလိမ့်မည် ဟုလည်း ဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အချို့တွင် Tyson Foods, Keystone Foods နှင့် Pilqrim's Pride Corporation ကို ပါဝင်သည်ဟု သိရသည်။

သို့သော်လည်း သက်သာသည်ဟု ဆိုသော အခွန်နှုန်းသည်ပင် ဖေဖော်ဝါရီလက တရုတ် အစိုးရ ချမှတ်ခဲ့သော အခွန်နှုန်း ၄၃.၁ % ထက် မြင့်မားနေသေးသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment