Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 8th October 2010

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီအား သူ၏ သားအငယ်ဆုံး ကင်ဂျုံအန်းက ဆက်ခံဖွယ် ရှိကြောင်း မြောက်ကိုးရီးယား ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပထမဆုံး လူသိရှင်ကြား ပြောဆိုခဲ့ကြသည်။

အာဏာရ အလုပ်သမား ပါတီ ထိပ်ပိုင်း တာဝန်ရှိသူ ယန်ဟောင်ဆွပ်က ပြုံးယမ်းမှ Associated Press သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်လက ပြုလုပ်ခဲ့သော ကြုံတောင့်ကြုံခဲ ပါတီ ညီလာခံတွင် ကင်ဂျုံအန်းအား နိုင်ငံရေးနှင့် စစ်ဖက် ထိပ်တန်း ရာထူးများ ခန့်အပ်ခဲ့သည်။

အသက် ၃၀ မပြည့်သေးသော "ကင်" ၏ ရာထူး ဆက်ခံမှုသည် ကင်မိသားစု မင်းဆက်ကို အမြစ် တွယ်စေမည် ဖြစ်သည်။

ကျန်းမာရေး ချို့ယွင်းနေသည်ဟု ယူဆရသော လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီသည် ယင်း၏ ဖခင် ကင်အီဆွန်း ကွယ်လွန်ပြီးနောက် ၁၉၉၄ တွင် အာဏာ ရလာခြင်း ဖြစ်သည်။

ကင်အီဆွန်းသည် ၁၉၄၈ တွင် မိမိကိုယ်သာ အားထားရာ မူဝါဒဖြင့် ကွန်မြူနစ် မြောက်ကိုးရီးယား နိုင်ငံကို တည်ထောင်ခဲ့ပြီးနောက် ယင်းနှင့် ယင်း၏ သားတို့ အနီးတ၀ိုက်တွင် ပုဂ္ဂိုလ်ရေး ကိုးကွယ်သူ နောက်လိုက်များကို စုစည်းထားခဲ့သည်။

ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး

တနင်္ဂနွေနေ့က ပြုလုပ်သော အလုပ်သမား ပါတီ ၆၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ဖွင့်ပွဲတွင် မိန့်ခွန်း ပြောကြားရာယန်ဟောင်ဆွပ်က "မြောက်ကိုးရီးယား ပြည်သူများသည် မျိုးဆက် တစ်ဆင့်မှ တစ်ဆင့် ထွက်ပေါ်လာသော ကြီးကျယ်သည့် ခေါင်းဆောင်များ နှင့်အတူ ကောင်းချီး ပေးခံရခြင်းကို ဂုဏ်ယူ ၀မ်းမြောက်နေကြသည်"ဟု ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ ပြည်သူတွေ မြင့်မြတ်တဲ့ သမ္မတကြီး ကင်အီဆွန်းနဲ့ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအီးတို့ရဲ့ ခေါင်းဆောင်မှုကြောင့် ဂုဏ်ယူခဲ့ရပြီး ဖြစ်သလို အခု အကြိမ်မှာလည်း ဗိုလ်ချုပ်ကြီး ကင်ဂျုံအန်းရဲ့ ခေါင်းဆောင်မှုကို ဂုဏ်ယူကြရဦးမှာပါ" ဟု ယင်းက ဆိုသည်။

ကင်ဂျုံအန်းနှင့် ပတ်သက်ယင်းသည် အသက် ၂၇ နှစ် ရှိပြီး ဆွစ်ဇာလန်တွင် ပညာ သင်ကြားခဲ့သည် ဆိုသော အချက်မှ လွဲများများစားစား မသိရှိကြပါ။

ယခင်လက ပြုလုပ်သော နှစ် ၃၀ အတွင်း ပထမဆုံး ပါတီညီလာခံမှ ကင်လူငယ်လေး၏ ဓာတ်ပုံနှင့် ဗီဒီယို ပုံရိပ်များကို နိုင်ငံပိုင် မီဒီယာမှ ထုတ်လွှင့်သော အခါမှသာ ယင်းလူငယ်လေးကို တစ်ကမ္ဘာလုံးက "ဖြတ်ကနဲ" မြင်တွေ့ကြရခြင်း ဖြစ်သည်။

ပြုံးယမ်းတွင် ကျင်းပသော အထက်ပါ ညီလာခံတွင် ကင်ဂျုံအန်းကို အလုပ်သမား ပါတီ ဗဟို စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌနှင့် ပါတီ ဗဟို ကော်မတီဝင် အဖြစ် ခန့်အပ်ခဲ့သည်။

ထို့အပြင် ကြယ်လေးပွင့် အဆင့် ဗိုလ်ချုပ်ကြီး ရာထူးကိုလည်း အပ်နှင်းခြင်း ခံရသည်။

ကင်လူငယ်လေးသည် ယင်း၏ ဖခင်ထံမှ အာဏာ အမွေ ဆက်ခံလိမ့်မည်ဟု နိုင်ငံတကာက မှန်းဆခဲ့ မှုများမှာ ယခု ရာထူး ခန့်အပ်မှုများကြောင့် ပိုမို ကြီးထွားလာခဲ့သည်။

ပြုံးယမ်းသည် အလုပ်သမား ပါတီ ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများကို ၃ ရက် ဆက်တိုက် ကျင်းပလျက် ရှိသည်။

နိုင်ငံ သမိုင်းကြောင်းတွင် ကျင်းပဖူးသော ပါတီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားများတွင် ယခု တစ်ကြိမ် အကြီးမားဆုံး ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ယခု အခမ်းအနားများတွင် သောကြာနေ့ ညပိုင်းမီးရှူးမီးပန်းများ ပစ်လွှတ်ရန် မျှော်လင့် ထားကြပြီး တနင်္လာနေ့တွင် ကင်အီဆွန်း ရင်ပြင်ကြီးမားသော စစ်ရေးပြ အခမ်းအနား ပြုလုပ်ကာ အဆုံး သတ်မည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment