Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 8th October 2010

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သူမအား အကျယ်ချုပ် ဖမ်းဆီးထားမှု အပေါ် နောက်ဆုံး အယူခံလွှာကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ကြားနာမည်ဟု မြန်မာနိုင်ငံ ဗဟို တရားရုံးက သောကြာနေ့တွင် ကြေညာလိုက်သည်။

အထူး အယူခံလွှာကို စဉ်းစားခြင်း ပြု၊ မပြုကို တရားသူကြီးများက ဆုံးဖြတ်ကြမည်ဟု ရန်ကုန် မြို့တော် ဗဟို တရားရုံး မျက်နှာစာတွင် ကပ်ထားသော နို့တစ်စာအရ သိရှိရသည်။

စစ်အုပ်ချုပ်ရေး ခိုင်မာစေရန် ရည်ရွယ် ပြုလုပ်သည်ဟု ဝေဖန်နေသူများက သတ်မှတ်ထားသော အထွေထွေ ရွေးကောက်ပွဲများ အပြီး နိုဝင်ဘာ (၁၃) ရက်တွင် အတိုက်အခံ ခေါင်းဆောင်အား အကျယ်ချုပ် ဖမ်းဆီးမှု သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နောက်ဆုံးအကြိမ် အယူခံလွှာကို မေလက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ သူမ၏ အယူခံလွှာကို ၂ ကြိမ်တိုင်တိုင် ပယ်ချခံရပြီး ဖြစ်ကာ နောက်ဆုံး အကြိမ် ပယ်ချမှု မှာ ဖေဖော်ဝါရီလက ဖြစ်သည်။

ဒီမိုကရေစီ လိုလားသော လူထု ခေါင်းဆောင်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါး ဖမ်းဆီးထားခဲ့ပြီး သူမ၏ ကန်စောင်း နေအိမ်သို့ အမေရိကန် တစ်ဦး အငြင်းပွားဖွယ် ရေကူး ၀င်ရောက်မှုကြောင့် အပြစ်ရှိကြောင်း စွပ်စွဲကာ ပြီးခဲ့သော သြဂုတ်လက ၁၈ လ အကျယ်ချုပ် ထပ်မံ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်း၊ မြန်မာ တ၀ှမ်း ပြစ်တင် ဝေဖန်နေကြသည့် ရွေးကောက်ပွဲများ မတိုင်မီ သူမ၏ NLD ပါတီကို အစိုးရက ဖျက်သိမ်းခဲ့သည့် အတွက် လက်ရှိ အစိုးရပေါ် တရားစွဲဆိုသည့် အမှုတွဲကို အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဗဟို တရားရုံးသို့ တင်ပြ လျှောက်ထားခဲ့သည်။ သူမ၏ NLD ပါတီသည် နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သည့်အတွက် အစိုးရက အတင်းအဓမ္မ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင် ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment