Transparency Myanmar

transparency.myanmar@gmail.com

Asian Tribune, By Daya Gamage, 12th October 2010

ယမန်နှစ်မှစ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခု ဖွင့်လှစ်ရေးနှင့် အလုပ်ဖြစ်မည့် တွေ့ဆုံ ဆွေးနွေးမှု ထူထောင်ရန် ရည်ရွယ် မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ခဲ့သည်။ မြန်မာ စစ်အစိုးရကို နှစ်အတန်ကြာ ပစ်ပယ်ထားခဲ့ခြင်းသည် ပြောပ လောက်သည့် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

အရေးယူ ပိတ်ဆို့မှုများသည် ဆက်လက် တည်ရှိနေပြီး ဆက်ဆံရေးသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရန်၊ တိုင်းရင်းသား အုပ်စုများ အပေါ် ပိုမို လုပ်ဆောင်မှုများ လုပ်ပေးရန်၊ အားလုံး ပါဝင်သည့် အဓိပ္ပာယ် ရှိသည့် အမျိုးသား တွေ့ဆုံ ဆွေးနွေးရေးအတွက် အားပေးရန် ရည်ရွယ်ခဲ့ပါသည်ဟု အမေရိကန် အစိုးရ၏ တရားဝင် မီဒီယာ တစ်ခု ဖြစ်သော VOA က မှတ်ချက် ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်တွင် ဆက်လက် ဖော်ပြထားသည်မှာ အမေရိကန် အစိုးရ၏ ဆက်ဆံရေး အပေါ် စစ်အစိုးရ၏ တုန့်ပြန်မှုမှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း၊ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရသည် အမှန်တကယ် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို မပြုလုပ်ရုံမျှမက၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည်လည်း အခြေခံ နိုင်ငံတကာစံများနှင့် ကိုက်ညီခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ချိုင့်ခွက် ပေါသော တိုးတက်မှု လမ်းကြမ်းကို VOA ၏ မှတ်ချက်တွင် ကောက်ကြောင်း ဖော်ထားရာ "စစ်အစိုးရနှင့် ညှိနှိုင်း ဆက်ဆံရမှုများသည် ခက်ခဲသည်ဟု ဆိုသော်လည်း ထိတွေ့ ဆက်ဆံရေးသည်သာ ပြုပြင် ပြောင်းလဲရေးကို အားပေးပြီး၊ စစ်အစိုးရ၏ အပြုအမူများကို ပြောင်းလဲစေနိုင်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်နေဆဲဖြစ်ပါသည်။ ရွေးကောက်ပွဲမှ ပလေယာ အသစ်များ နိုင်ငံရေး အင်အားစု အသစ်များ ပေါ်ထွက်ကောင်း ပေါ်ထွက်လာမည် ဖြစ်ရာ၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် အပေါင်း လက္ခဏာ ဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် အစိုးရသစ်နှင့် ဆက်ဆံရန် ပြင်ဆင်ထားပါကြောင်း" ဖော်ပြထားသည်။

မြန်မာ စစ်အစိုးရသည် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ဆက်လက် ပြင်ဆင်လျက် ရှိသည်။ ယခု ရွေးကောက်ပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် ပထမဆုံး ဖြစ်သည်။ 1990 ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင် ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲပေးခဲ့ခြင်း မရှိပေ။ ယခုအချိန်ထိ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအတွက် ခြေလှမ်းများတွင် အတိုက်အခံ နိုင်ငံ ရေးပါတီများ ပယ်ဖျက်ခြင်း၊ ပါလီမန်တွင် စစ်တပ်အတွက် လေးပုံတစ်ပုံ နေရာ သေချာ စေခြင်းများသည် နိုင်ငံတကာတွင် တရားဝင်မှုကို ဖြစ်စေလိမ့်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ (၃၇) ခုကို အတည်ပြု ကိုယ်စားလှယ်များ တင်သွင်းရန် ကြေညာချိန်တွင် NLD အား ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ အတည်ပြုခဲ့သော ပါတီများတွင် အစိုးရ၏ ပါတီများ၊ သီးခြား ရပ်တည်သော ဒီမိုကရက်တစ် အတိုက်အခံ အုပ်စုများ ပါဝင်သည်။ သို့သော် အသွင်သဏ္ဍာန် တစ်မျိုးစီဖြင့် ထွက်ပေါ်လာသော ပါတီ အုပ်စုများတွင် အဓိက ပါတီကြီး နှစ်ခုသာ ရှိရာ အစိုးရ လက်ခံသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ ဖြစ်သည်။ ယင်းတို့သည် ကိုယ်စားလှယ် (၁၀၀၀) ကျော်စီ ပါဝင်ကြပြီး စည်းရုံးရေး အင်အား ကောင်းကြသည်။

တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်မှ စစ်သားများနှင့် ယင်းတို့၏ မိသားစုဝင်များသည် အတိုက်အခံများအား မဲမပေး နိုင်ရေးအတွက် အစိုးရမှ ချုပ်ကိုင်ထားနိုင်ရန် သာမန်လူများနှင့် ခွဲထားပြီး သီးသန့် မဲရုံများ ထားရှိထားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment