Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, 13th October 2010

မြန်မာ အာဏာပိုင်များက ၎င်းတို့ စီစဉ်နေသည့် ရွေးကောက်ပွဲများကို အထောက်အကူ ပေးမည့် ထိုင်း၏ အကူအညီ မှန်သမျှကို ပယ်ချခဲ့ကြသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက "မြန်မာနိုင်ငံသို့ တနင်္လာနေ့က သွားရောက်ခဲ့သော ခရီးစဉ်တွင် ထိုင်းနိုင်ငံ၏ အကူအညီများကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်" ဟု အင်္ဂါနေ့တွင် ပြောကြားသည်။ ၎င်းသည် အဆိုပါ ခရီးစဉ်တွင် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်၊ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို မြန်မာ စစ်ဖက် အစိုးရက ငြင်းပယ်ခဲ့ပြီးနောက် လာမည့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ဖြစ်ဖွယ် ရှိသည်။ စစ်အစိုးရက ၎င်းတို့ အာဏာ ခိုင်မြဲစေရန် အတွက် ၎င်းရွေးကောက်ပွဲများကို တရား မမျှတသော၊ ဒီမိုကရေစီ နည်းမကျသော အခြေအနေတွင် ကျင်းပရန် စီစဉ်နေသည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားကြသည်။

အထက်ပါ ကိစ္စအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ် ပူပန်နေမှုကို မိမိထည့်သွင်း ဆွေးနွေးခဲ့သည်ဟု အဘီဆစ်က ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားသည်။ မြန်မာ ခေါင်းဆောင်များက နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို သိရှိ နားလည်သော်လည်း ပြည်ပ အကူအညီကို လက်ခံလိုခြင်း မရှိဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment