Transparency Myanmar

transparency.myanmar@gmail.com

Reuters, 13th October 2010

ကမ္ဘာ့ အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံသည် လာမည့် ၂၀၁၁ တွင် အနည်းဆုံး ဆန်တန်ချိန် ၈.၅ သန်း တင်ပို့နိုင်ဖွယ် ရှိပြီး ဝယ်လိုအား ဆက်လက် ကြီးထွားနေမည်ဟု မျှော်လင့်ရကြောင်း ထိုင်း ဆန်တင်ပို့သူများ အသင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

"တန်ချိန် ၈.၅ သန်းကို ပစ်မှတ်ထားတာက သမားရိုးကျ ခန့်မှန်းချက် တစ်ခုပါ။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့ အဓိက ဝယ်လက်တွေက ဆက်ပြီး ဝယ်ယူ တင်သွင်းကြမယ် ဆိုတော့ ဝယ်လိုအား ဆက်ပြီး ကြီးထွားနေဦးမယ်လို့ မျှော်လင့်ရလို့ပါပဲ" ဟု ဆန်တင်ပို့သူများ အသင်း ဥက္ကဋ္ဌ ကော့ဆွတ်လမ်ဆူရီ က ရိုက်တာသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တကယ်လို့ လာမယ့်နှစ်မှာ ဘတ်ငွေ အရမ်း မမာဘူးဆိုရင် တန်ချိန် ၈.၅ သန်းထက် ပိုပြီး ရောင်းနိုင်ဦးမှာပါ" ဟု သူမက ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံသည် ယေဘုယျ အားဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၈.၅ သန်းနှင့် ၉.၅သန်း အကြား တင်ပို့ ရောင်းချလျက် ရှိပြီး အထက်ပါ ပမာဏမှာ ယခုနှစ်အတွက် မျှော်လင့်ထားခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်က တန်ချိန် ၈.၆ သန်း တင်ပို့ ရောင်းချခဲ့သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment