Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 13th October 2010

ပြည်ထောင်စု အရံ ငွေကြေး အဖွဲ့က လာမည့်လတွင် ငွေကြေးမူဝါဒကို ဖြေလျှော့ပေးလိမ့်မည် ဟု မှန်းဆမှုများ ကြီးထွားနေသည့် ကြားမှ ကြာသပတေးနေ့က တိုကျိုတွင် ယန်းငွေနှင့် ချိတ်ဆက်ထားသည့် ဒေါ်လာ ၁၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။

တိုကျို ကုန်သွယ်ရေး လောကတွင် ကြာသပတေးနေ့ အစောပိုင်းက တစ်ဒေါ်လာလျှင် ၈၁.၂၃ ယန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ "ပြည်ထောင်စု ငွေကြေး ရန်ပုံငွေ အဖွဲ့" က နိုဝင်ဘာလ အစောပိုင်းတွင် ငွေကြေးစာချုပ် ၀ယ်ယူမှု အစီအစဉ်ကို ပြဌာန်းလိမ့်မည်ဟု ရင်းနှီး မြှုပ်နှံသူများက မှန်းဆ လောင်းကြေး ထပ်နေမှုကြောင့် ဒေါ်လာအပေါ် ဖိအားများစွာ ကျရောက်နေခြင်း ဖြစ်သည်။

ငွေကြေးစာချုပ် ၀ယ်ယူမှုသည် အတိုးနှုန်းနှင့် အမြတ်များ နိမ့်ကျလာသည့်တိုင် တွန်းအားပေး မောင်းနှင်ဖွယ် ရှိနေပြီး ဒေါ်လာ ရောင်းချမှုကို အားပေးရန် ရည်ရွယ်ထားသည်။

ယန်းငွေ တန်ဖိုး တက်နေခြင်းကို တိုကျိုက အရေးယူ ဆောင်ရွက်ဖွယ် ရှိသည်ဟု ဂျပန်ဘဏ္ဍာရေး ၀န်ကြီးက အကြိမ်ကြိမ် သတိပေးလျက် ရှိသည်။ ယန်းငွေ တန်ဖိုး မာနေမှုကြောင့် ဂျပန်သို့ ပြန်ပို့သည့် အမြတ်ငွေ ပမာဏ ကျဆင်းကာ ဂျပန် ပို့ကုန် လုပ်ငန်းရှင်များကို ထိခိုက် နစ်နာစေခြင်းကြောင့် ဖြစ်သည်။

ယန်းငွေ တန်ဖိုး ချရန်အတွက် ကြားဝင် ဆောင်ရွက်ရန် ဂျပန်က စက်တင်ဘာ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်တွင် ငွေကြေး ကြားဝင် ဆောင်ရွက်မှု အတွက် ယန်းငွေ ၂.၁၂ ထရီလီယံ သုံးစွဲခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုသည် ကနဦးတွင် အလုပ် ဖြစ်ခဲ့ပြီး မျှော်လင့်ထားသည့် အတိုင်း ယန်းငွေတန်ဖိုး ကျသွားသည်။ သို့သော်လည်း သက်ရောက်မှု အချိန် တိုတောင်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment