Transparency Myanmar

transparency.myanmar@gmail.com

BBC News, 20th October 2010

ပြီးခဲ့သည့် အမတ်က ကယ်လီဖိုးနီးယား တရားသူကြီးက "ပြန်မမေးနဲ့၊ ပြန်မပြောနဲ့" မူဝါဒ (don't ask, don't tell policy) ဖြင့် အမေရိကန် စစ်တပ်တွင် ဝန်ခံထားသူ လိင်တူ ဆက်ဆံသူများ (gay) ကို တာဝန် ထမ်းဆောင်ခြင်းအား တားမြစ်ထားခြင်းကို အဆုံးသတ်ခဲ့ရာ အမေရိကန် စစ်တပ်သည် gay (ဂေး) များကို စတင် လက်ခံနေပြီ ဖြစ်သည်။

သို့သော် အမေရိကန် ကာကွယ်ရေး ဌာနက ဂေး (gay) များကို လက်ခံခြင်း အတွက် ဥပဒေကို ပြန်လည် ပြောင်းလဲနိုင်ကြောင်း သတိပေးခဲ့သည်။

ပင်တဂွန်က အဆိုပါ ဆုံးဖြတ်ချက်အား အယူခံ ဝင်ထားပြီး တရားသူကြီးအား ဂေး (gay) များကို တားမြစ်ထားသော ဥပဒေအား ပြန်လည် အသက် ဝင်စေရန် တောင်းဆိုခဲ့သည်။

သို့သော် တရားသူကြီး Virginia phillips က အဆိုပါ တောင်းဆိုမှုအား အင်္ဂါနေ့က တရားဝင် ငြင်းဆိုထားသည်။

အချို့ဂေး (gay) အရေး လှုပ်ရှားသူ အုပ်စုများက  ပင်တဂွန်၏ ကြေညာချက် ဖြစ်သော gay များအား စစ်သား စုဆောင်းရေး အတွက် လက်ခံကြောင်းကို စမ်းသပ်ရန် မိမိကိုယ်မိမိ gay ဟု လူသိရှင်ကြား ကြေညာထားသူများကို စစ်သား စုဆောင်းရေးသို့ လွှတ်၍ စာရင်း ပေးသွင်းစေရန် စီစဉ်လျက် ရှိသည်။

"ကိုယ့်ကိုကိုယ် gay လို့ ကြေညာထားသူတွေ စစ်တပ်ထဲ ဝင်ချင်ရင် စာရင်း ပေးလို့ ရပါတယ်။ ဒါပေမယ့် ဥပဒေ ပြောင်းသွားနိုင်တယ်လို့ သူတို့ကို ကြိုပြောထားပါတယ်" ဟု ကင်တာကီနယ်မှ Fort Knox အမေရိကန် စစ်သား စုဆောင်းရေးတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် Douglas Smith က ပြောသည်။

အမေရိကန် ဆီးနိတ်ရှိ ဒီမိုကရက်များသည် "don't task, don't tell" မူဝါဒအား ပြောင်းလဲရန် စက်တင်ဘာလက ကြိုးစားခဲ့ရာ လိုအပ်သော မဲမရရှိ၍ ရှုံးနိမ့်ခဲ့သည်။

သမ္မတ Barack Obama က အဆိုပါ မူဝါဒ အဆုံးသတ်ရေးအတွက် ကတိပြုခဲ့သော်လည်း၊ အကြံပေး ပညာရှင် အများစုက ကွန်ဂရက်မှ သော်လည်းကောင်း၊ တရားဝင် အရေးယူ လုပ်ဆောင်မှုများ သော်လည်းကောင်း မရှိဘဲ gay များ စစ်တပ်တွင် မဝင်ရောက်ရန် တားမြစ်ထားခြင်း ဥပဒေကို သမ္မတက ပယ်ဖျက် မပေးနိုင်ဟု  သဘောတူကြသည်။

တချိန်တည်းမှာပင် ပင်တဂွန်သည် တရားဝင် ကြေညာထားသော gay များကို စစ်တပ် အတွင်းသို့ ဝင်ရောက်စေမှုကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို အစီရင်ခံစာ ရေး၍ ဒီဇင်ဘာ (၁) ရက်နေ့တွင် ထုတ်ပြန်မည်ဟု သိရှိရသည်။

အချို့ ပင်တဂွန် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားရာတွင် gay များကို စစ်တပ်တွင် လက်ခံခြင်းဖြင့် တပ်တွင်း၌ နေအိမ်ကိစ္စ၊ အာမခံ ကိစ္စများ၌ အစပြု၍ အခမ်းအနားများတွင် မည်သို့ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

ကယ်လီဖိုးနီးယားတွင် တရားသူကြီး phillips က ကြေညာရာတွင် မူဝါဒသည် gay စစ်သားများကို လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဥပဒေအရ သာတူညီမျှ အကာအကွယ် ပေးရေးတို့ကို ချိုးဖောက်လျက် ရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ gay များကို စစ်တပ်တွင်း မဝင်ရန် တားမြစ် ထားမှုအတွက် မူဝါဒ ပြောင်းလဲပေးရန် တရားရုံး အမှု ဖြစ်ပေါ်လာရေးကို တာဝန်မှ ရပ်စဲခံထားရသော တရားဝင် gay များ ကိုယ်စား gay ဘက်တော်သား ရီပတ်ဗလစ်ကင် အုပ်စု ဖြစ်သည့် Log Cabin Republicans များက တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment