Transparency Myanmar

transparency.myanmar@gmail.com

BBC News, 17th November 2010

မြန်မာ့ တပ်မတော် အောက်ခြေ အဆင့် အတန်းများ အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လက္ခဏာများ ပထမဆုံး တွေ့ရှိရသည်ဟု ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ပြောကြားသည်။

သူမ၏ မိန့်ခွန်းကို နားထောင်ရန် အတွက် ရာပေါင်း များစွာသော စစ်သားများ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြသည် ဟူသော သတင်းကို တပ်မတော် တပ်မ ၂ ခုမှ စစ်သားများက အတည်ပြု ခဲ့သည်။ ရိက္ခာ မလုံလောက်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အထက် အဆင့်များထံ သူမက ပြောဆို နိုင်လိမ့်မည်ဟု မျှော်လင့်ကြကြောင်း ၎င်းတို့က ပြောဆိုသည်။

မြန်မာ နိုင်ငံ၏ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲ၌ တပ်မတော် နောက်ခံ ပါတီ အနိုင်ရရှိခဲ့ပြီး တစ်ပတ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း ဖြစ်သည်။

အထက်ပါ ရွေးကောက်ပွဲကို အတုအယောင် အဖြစ် ပြည်တွင်း ပြည်ပက ကျယ်ကျယ် ပြန့်ပြန့် ပြစ်တင် ရှုတ်ချထားသည်။

အသက် ၆၅ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နောက်ဆုံး နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် စစ်ဖက် အစိုးရက ထပ်မံ သက်တမ်း တိုးခြင်း မရှိသည့် အတွက် စနေနေ့က လွတ်မြောက် လာခြင်း ဖြစ်သည်။

များစွာ မျှော်လင့်ထားမှုများ

တပ်မတော် အတွင်း သူမအပေါ် အားပေး ထောက်ခံမှု အတိုင်း အတာမှာ တိကျ သဲကွဲမှု မရှိပါ။

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ တပ်ရင်းများမှ စစ်သား မြောက်များစွာသည် ၎င်းတို့၏ မိသားစုများနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ဆုတောင်း ဂုဏ်ပြုရန် အတွက် နိုဝင်ဘာ ၁၃ ရက်တွင် သူမ၏ နေအိမ်သို့ သွားရောက် ခဲ့ကြသည်ဟု သိရှိရသည်။

"ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကျွန်တော်တို့ အများကြီး မျှော်လင့် ထားပါတယ်" ဟု တပ်မတော်သား တစ်ဦးက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားသည်။

"တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ အတူတကွ လက်တွဲ လုပ်ဆောင်မယ် ဆိုရင် အောက်ခြေ အဆင့်တွေ ရင်ဆိုင်နေရတဲ့ ခက်ခဲ ကြမ်းတမ်းမှုတွေကို ဖြေရှင်း နိုင်လိမ့်မယ်လို့ ယုံကြည် ထားတဲ့ အတွက် သူမကို ဂုဏ်ပြုဖို့ သွားခဲ့ကြတာပါ" ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သော စက်တင်ဘာလက နေရာ အနှံ့မှ တပ်မတော်သားများ ရိက္ခာ မလုံလောက်မှုနှင့် လခ ပြည့်ဝစွာ မရရှိမှု တို့ကို ဆန္ဒပြသည့် အနေဖြင့် ပုံမှန် တာဝန်များ ထမ်းဆောင်ရန် ငြင်းဆန်သည့် သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် ယခု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘီဘီစီမှ ပြုလုပ်ခဲ့သော အင်တာဗျူးများတွင် နယ်မြေခံတပ်မှ တပ်မတော်သားများက ၎င်းတို့၏ ရိက္ခာ ဖြတ်တောက် ခံရသည်မှာ သီတင်းပတ် အတော် ကြာပြီဟု ပြောကြားခဲ့ကြသည်။

တပ်ရင်း ရန်ပုံငွေ အဖြစ် ထားရှိသည့် ၎င်းတို့၏ စုဆောင်းငွေ များကိုလည်း ထုတ်ယူ၍ မရအောင် တပ်ရင်းမှူးများက တားမြစ် ထားသည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

မြန်မာ အာဏာပိုင် များကမူ တပ်မတော်အတွင်း မည်သည့် မငြိမ်သက်မှုမှ မရှိပါဟု ငြင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment