Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တရုတ်နိုင်ငံက ထင်မြင် သုံးသပ်ချက် တစ်စုံတရာ မပေးခဲ့ပေ။ သို့သော် မြန်မာ စစ်အစိုးရ အနေဖြင့် ရှေ့ဆက်သွားမည့် နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း ဆက်လက် လုပ်ကိုင် သွားနိုင်မည် ဖြစ်ပြီး နောက်ဆုံးတွင် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ် အစိုးရက သဘောထား ထုတ်ပြန်သည်။

"မြန်မာ နိုင်ငံ အနေဖြင့် အဆင့် ၇ ဆင့်ပါ နိုင်ငံတော် ရှေ့ဆက်သွားမည့် လမ်းပြ မြေပုံအတိုင်း ဆက်လက် လုပ်ကိုင် သွားနိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည် မျှော်လင့်ပါသည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ Hong Lei က သတင်းထောက်များအား ပြောကြားသည်။

သို့သော် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု သို့မဟုတ် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွင် တစ်စိတ် တစ်ပိုင်းအဖြစ် ပါဝင်သင့်၊ မသင့် ဟူသော ကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ဖြေကြားမှု မပြုပေ။

နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ တွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပြီးနောက် ရက်သတ္တ တစ်ပတ်ခန့် အကြာ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး ပုံစံ ပြောင်းယူသည့် အတုအယောင် ရွေးကောက်ပွဲ တစ်ခုမျှသာ ဖြစ်သည်ဟု အနောက် နိုင်ငံများနှင့် လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံကို စစ်လက်နက် အဓိက ထောက်ပံ့ ပေးနေသော နိုင်ငံ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝ ရင်းမြစ် များစွာကို ဝယ်ယူလျက် ရှိသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပ ပြုလုပ်သော ရွေးကောက်ပွဲကို တရုတ် အစိုးရက ချီးမွမ်း ပြောဆိုခဲ့သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment