Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားမည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အသိပေး ပြောကြားလိုက်သည်။

NLD ပါတီတွင်း ဖွဲ့စည်းပုံများ ပြန်လည် ပြုပြင်ပြီး အသက် အရွယ် ကြီးရင့်သော ခေါင်းဆောင်များ နေရာတွင် လူငယ် အဖွဲ့ဝင်များဖြင့် အစားထိုး ခန့်အပ်မည် ဖြစ်သည် ဟူသော သတင်းမှာ မဟုတ် မမှန်ကြောင်း ၎င်းက ဆိုခဲ့သည်။

"အသက် အရွယ် ကြီးရင့်နေတဲ့ ပါတီ ခေါင်းဆောင်တွေကို နုတ်ထွက်ပေးဖို့ ကျွန်မတို့ ပြောမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကျန်းမာ နေသေးသရွေ့၊ အလုပ် လုပ်ကိုင်နိုင် သေးသရွေ့ ပါတီအတွက် အလုပ် လုပ်ပေးချင်ကြလို့ပါ။ အခုလို လုပ်တာဟာ ကောင်းတယ် လို့လည်း ကျွန်မ ထင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပြုလုပ်သော အင်တာဗျူး၌ AFP သတင်းဌာနကို ပြောကြားသည်။ NLD သည် စစ်အစိုးရ၏ တရားဝင် ဖျက်သိမ်းခံ ထားရသော ပါတီ ဖြစ်သည်။

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စီနီယာ အဖွဲ့ဝင် အတော်များများမှာ သက်ကြီး ရွယ်အိုများ ဖြစ်ကြပြီး ယခုအခါ အသက် ၈၀ မှ ၉၀ အရွယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗဟို ကော်မတီ အဖွဲ့ဝင်များ အပြောင်းအလဲ ပြုလုပ်ကောင်း ပြုလုပ်ပြီး သွေးသစ် လောင်းမှုများလည်း ပြုလုပ်နိုင်သည် ဟူသော ထင်ကြေး ပေးမှုများ ထွက်ပေါ်ခဲ့သည်။

"ကျွန်မတို့ အနေနဲ့ ဗဟို ကော်မတီ အဖွဲ့ကို ပြန်လည် ဖွဲ့စည်းမှာ မဟုတ်ပါဘူး။ အဲလိုမျိုး လုပ်ရပ်လည်း လုပ်မှာ မဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment