Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 18 Jan 2011 ရက်စွဲပါ "Japan to host FM meet with China, South Korea" သတင်းကို ဘာသာ ပြန်ဆိုသည်)

မျှော်လင့် ထားသော သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီတွင် တရုတ်၊ တောင်ကိုးရီးယား နိုင်ငံများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဂျပန် နိုင်ငံက လက်ခံ ကျင်းပမည်ဟု အင်္ဂါနေ့ သတင်းများက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးကို မတ်လ ၁၉နှင့် ၂၀ ရက်များတွင် ကျိုတိုမြို့၌ ကျင်းပမည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဂျီမေဟာရာ ကတရုတ်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများအား အဆို ပြုထားကြောင်း အမည် မဖော်လိုသော အစိုးရ သတင်း ရပ်ကွက်ကို ကိုးကား၍ Kyodo News နှင့် Jiji Press သတင်း ဌာနများက ပြောကြားသည်။

ဂျပန်နိုင်ငံသည် အာရှ အိမ်နီးချင်း နှစ်နိုင်ငံနှင့် နှစ်စဉ် ကျင်းပနေကျ သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ယခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး နေရာနှင့် နေ့ရက်ကိုမူ မသတ်မှတ် ရသေးဟု သိရှိရသည်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ကင်ဆမ်ဟွန်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီတို့နှင့် တွေ့ဆုံမည့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြောက်ကိုးရီးယား၏ စစ်ရေး ကျူးကျော် ရန်စမှုကြောင့် ဒေသတွင်း တင်းမာလာမှုများနှင့်  ရပ်ဆိုင်းနေသော နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲ ကိစ္စများကို အဓိက ဆွေးနွေးကြမည်ဟု မျှော်လင့်ရကြောင်း Kyodo News က သတင်း ထုတ်ပြန်သည်။

ဂျပန် ဝန်ကြီးချုပ် နာတိုခန်၊ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်တို့ ပါဝင်မည့် သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ဇွန်လ တဝိုက်တွင် ကျင်းပရန် တိုကျိုက မျှော်လင့်ထားသည်ဟု Kyodo News က ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment