Transparency Myanmar

transparency.myanmar@gmail.com

(ဇန်နဝါရီ 18 , 2011 ရက်စွဲပါ Upstream Online.com မှ  Goldpetrol re-enter Burmese wells ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

စကာင်္ပူတွင် မှတ်ပုံတင် ထားသော Interral Resources က ပြောကြားရာတွင် ၎င်း ၆၀ % ပိုင်ဆိုင်သော လက်ခွဲ တစ်ခု ဖြစ်သည့် Goldpetrol Joint Operating ကုမ္ပဏီသည် မြန်မာနိုင်ငံ ရေနံချောင်းနှင့် ချောက်ရှိ ရေနံတွင်းများသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီး ရေနံ ထုတ်လုပ်သူများ အဖြစ် မှတ်ပုံ တင်ခဲ့သည်ဟု ဆိုသည်။

Goldpetrol သည် ရေနံချောင်းရှိ ရေနံတွင်းများကို ပြန်လည် တူးဖော်ခဲ့ရာ ပြီးခဲ့သည့် လက တွင်းအမှတ် YNG-2459 အား ပြန်လည် တူးဖော် ပြီးစီးပြီး တစ်ရက်လျှင် (၂၂) စည် ထွက်ရှိသည်။ အဆိုပါ တွင်းကို ၁၉၃၁ ခုနှစ်က စတင် တူးဖော်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်တွင် ပြန်လည် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ချောက်ရှိ ရေနံတွင်းများသို့ ဝင်ရောက် တူးဖော်ခဲ့ရာ တွင်းအမှတ် ချောက်-950 တွင် တစ်ရက်လျှင် (၃၂) စည် ပုံမှန် ထွက်ရှိသည်။ အဆိုပါ တွင်းသည် ၁၉၅၆မှ ၁၉၈၂ ခုနှစ်အတွင်း ရေနံစိမ်း ၂၀၆၀၀၀ စည် ထွက်ရှိခဲ့ပြီး ဖြစ်သည်။

Interral က ဖြည့်စွက် ပြောကြားရာတွင် Goldpetrol သည် ပြီးခဲ့သည့် နှစ်က အချို့ ရေနံတွင်းများ ပြန်လည် တူးဖော်ခဲ့ရာ တစ်ရက်လျှင် စည်ပေါင်း (၉၀) အထိ ထွက်ရှိခဲ့သည်ဟု ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment