Transparency Myanmar

transparency.myanmar@gmail.com

(19 ဇန်နဝါရီ 2011 ရက်စွဲပါ Reuters သတင်းဌာန၏ U.S, Chinese Companies to meet with Hu and Obama ဆောင်းပါးကို ဘာသာ ပြန်သည်)

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့တွင် ကြီးမှူးကျင်းပမည့် တရုတ်သမ္မတ ဟူကျင့်တောင်နှင့် ဆွေးနွေးပွဲတွင် တက်ရောက်မည့် စီးပွားရေး ဦးဆောင်များတွင် General Electric ၊ Micorsoft ၊ Goldman Sachs၊ Coca-Cola၊ Boeing၊ Intel and Carlyle အုပ်စုများမှ အမှုဆောင်များ တက်ရောက် လိမ့်မည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Obama သည် အဆိုပါ အစည်းအဝေးတွင် တရုတ် နိုင်ငံသို့ အမေရိကန်မှ ပို့ကုန်များ တိုးတက်လာရေး၏ အရေးကြီးပုံနှင့် အမေရိကန် အလုပ်အကိုင် သန်းပေါင်း များစွာ ရရှိရေး  အထောက်အကူ ပြုမည့် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေး များကို မီးမောင်း ထိုးပြလိမ့်မည်ဟု အိမ်ဖြူတော်မှ ဆိုသည်။

အမေရိကန် စီးပွားရေး ဦးဆောင်များ အနက်မှ တက်ရောက်ကြမည်ဟု မျှော်လင့်ရသူများမှာ

_                    Microsoft Corp မှ အမှုဆောင် အရာရှိချုပ်  Steve Ballmer

_                    Goldman Sach မှ အမှုဆောင်အရာရှိချုပ် Lloyd Blankfein

_                    Motorola မှ တွဲဖက် အမှုဆောင်အရာရှိချုပ် Greg Brown

_                    General Electric မှ အမှုဆောင်အရာရှိချုပ် Jeff Immelt

_                    Coca-Cola မှအမှုဆောင် အရာရှိချုပ် Muhtar Kent

_                    Boeing မှ အမှုဆောင်အရာရှိချုပ် Jim Mc Nerney

_                    Carlyle Group မှ မန်နေဂျင်းဒါရိုက်တာ David Rubenstein တို့ဖြစ်ကြသည်။

တရုတ်နိုင်ငံ စီးပွားရေး ခေါင်းဆောင်များ အနက်မှ တက်ရောက်ကြမည့် အမေရိကန်တွင် ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီများ အနက်မှ

_        Lenovo တည်ထောင်သူ Liu Chuanzhi

_        China Investment Corp ဥက္ကဋ္ဌ Lou Jiwei

_        Wanxiang Group တည်ထောင်သူ Lu Guanqiu

_        Haier မှ အမှုဆောင်အရာရှိချုပ် Zhang Ruimin တို့ ပါဝင်ကြမည်ဖြစ်သည်။

အမည် မဖော်လိုသူ အမေရိကန် စက်မှုလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် အိမ်ဖြူတော်သည် ကုမ္ပဏီအချို့ ပါဝင်သော တရုတ်နှင့် စီးပွားရေး သဘော တူညီချက် အချို့ ကြေညာလိမ့်မည်ဟု ၎င်းက ထင်ကြောင်း ပြောကြားခဲ့သည်။

"မေးစရာ မေးခွန်းကြီး တစ်ခုကတော့ Boeing ရောင်းချမှုကြီး ရှိခဲ့မလား ဆိုတာရယ်၊ အကယ်၍ ရောင်းချမှု ရှိခဲ့ရင် လေယာဉ် အသစ်တွေလား ဒါမှမဟုတ် ပိုက်လိုင်းမှာ ရှိပြီးသား လေယာဉ်တွေလား မသိနိုင်သေးပါဘူး" ဟု ၎င်းက ပြောသည်။

"အိမ်ဖြူတော်ဟာ အခြား သဘော တူညီချက်တွေ ရှိနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်၊ GE ကလည်း စွမ်းအင် သဘောတူညီမှု အချို့ ရှိပါတယ်၊ ကျွန်တော် နားလည်တာကတော့ အိမ်ဖြူတော်က ကိန်းကဏန်း ပမာဏ အများကြီးကို ကြေညာချင်ပုံ ရတယ်" ဟု ၎င်းကပင် ပြောသည်။

တရုတ် အစိုးရ အေဂျင်စီများနှင့် နိုင်ငံပိုင် လုပ်ငန်းများသည် ခိုးကူး အစား တရားဝင် Software များကို အသုံးပြုခြင်း ရှိမရှိ လွတ်လပ်သော စာရင်းစစ်များ ထား၍ စစ်ဆေးခွင့် ပြုရန် သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု Obama အစိုးရ တာဝန် ရှိသူများက မျှော်လင့်နေသည်။

Microsoft မှ Software အမြောက် အမြား ရောင်းချနိုင်ရေး အတွက် တရုတ် အစိုးရက တရားဝင် Software ဝယ်ယူရေး ဘတ်ဂျက် ခွင့်ပြုရေး ကတိကိုလည်း အလို ရှိကြောင်း စက်မှု လုပ်ငန်း တာဝန် ရှိသူက ပြောသည်။

သို့သော် အမေရိကန် ကုန်သွယ်ရေး တာဝန် ရှိသူတို့သည် ပြီးခဲ့သည့် လက တရုတ်နှင့် ဆွေးနွေးရာတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုးတက်မှု ရှိမရှိ အင်္ဂါနေ့က ပြောကြားခဲ့ခြင်း မရှိပေ။

ထို့အပြင် အမေရိကန် ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး တာဝန်ရှိသူ တို့သည် အမေရိကန် အမဲသားများ တရုတ် ဈေးကွက်တွင် ပြန်ဖွင့်ရေး အတွက် ညှိနှိုင်းမှု အောင်မြင်ခြင်း ရှိမရှိကိုလည်း မှတ်ချက် ပြုခဲ့ခြင်း မရှိပေ။

Obama အစိုးရမှ ငွေတိုက် အတွင်းဝန် Tim Geithner ၊ ကူးသန်း ရောင်းဝယ်ရေး အတွင်းဝန် Gary Locke နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် Ron Kirk တို့လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် ကြမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment