Transparency Myanmar

transparency.myanmar@gmail.com

(Asian Tribune သတင်းစာမှ Jan 6, 2011 ရက်စွဲပါ Political Prisoners expected to be freed before parliment သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ အာဏာရ တပ်မတော် အစိုးရက လွှတ်တော်သစ် ပထမဆုံးအကြိမ် မခေါ်ယူမှီ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု မျှော်လင့်ရသည့် နောက်ဆုံး သတင်းများ ထွက်ပေါ်လာကြောင်း နေပြည်တော် သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

"နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာပါလို့ အစိုးရဘက်က ပြောပါတယ်။ ဒါပေမယ့် အချိန်နဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မသိရပါဘူး။ လွှတ်တော် မစခင် (သို့) စတဲ့ အချိန်မှာ လွှတ်ပေးဖို့ အလားအလာ ရှိပါတယ်" ဟု အစိုးရနှင့် နီးစပ်သော သတင်း ရပ်ကွက်က ဆိုသည်။

မြန်မာ နိုင်ငံ၏ လွှတ်တော်သစ် ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ လကုန်ပိုင်းတွင် ပြုလုပ်မည်ဟု မျှော်လင့် ရကြောင်း ဧရာဝတီ သတင်း ဌာနက အစောပိုင်းတွင် သတင်း ဖော်ပြထားသည်။

တချိန်တည်းတွင် ဒီမိုကရေစီ လိုလားသော ပြည်တွင်း အဖွဲ့အစည်း ၁၁ ခုက ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွှတ်ပေးရန် တပ်မတော် အစိုးရကို တနင်္လာနေ့က တိုက်တွန်းခဲ့ကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် Assistance Association for Political Prisoners-Burma ၏ အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၃ ဦး ရှိကြောင်း သိရှိရသည်။

ယခင်နှစ် စက်တင်ဘာလက အကျဉ်းသား စုစုပေါင်း ၇၁၁၄ ဦးကို လွှတ်ပေးခဲ့ရာတွင် ၎င်းတို့ အနက်မှ ၂၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment