Transparency Myanmar

transparency.myanmar@gmail.com

(The Nation သတင်းစာ မှ 5 Jan 2011 ရက်စွဲပါ "The court denies bail for seven red shirt leaders" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် ယခင်နှစ် ဧပြီလနှင့် မေလတွင် ဖြစ်ပွားခဲ့သော သွေးစွန်းသည့် အဓိကရုဏ်းများ နှင့် ဆက်နွယ်မှုကြောင့် အကြမ်းဖက်မှုဖြင့် တရားစွဲ ဖမ်းဆီးထားသော ရှပ်နီခေါင်းဆောင် ၇ ဦး၏ ယာယီ အာမခံ လွှတ်ပေးရန် တတိယအကြိမ် လျှောက်ထားမှုကို ထိုင်းတရားရုံးက အင်္ဂါနေ့တွင် ငြင်းဆန်လိုက်သည်။

တရားရုံးက အထောက်အထား (သို့) ခုခံချေပမှု အသစ်များ တင်ပြခြင်း မရှိဟု အကြောင်းပြသည်။ တရား စွဲခံရသူများ၏ ရှေ့နေက ၁၅ ရက်အတွင်း အယူခံလွှာ တင်သွင်းမည်ဟု ဆိုသည်။

အထိန်းသိမ်းခံ ရှပ်နီခေါင်းဆောင် ၇ ဦးမှာ နာသာဝပ်ဆိုင်ကူး၊ စမ်တူဂျရာစန်၊ ကိုကောပီကူသောင်၊ နီဆစ်ဆင်သူပရိုင်၊ ကွမ်ချိုင်းပရိုင်ပါနာ၊ ၀ိဖြူသလန်၊ ပတ်တနာဖြူထိုင်း နှင့် ယိုဝါရစ်ချပ်အာလောင်း တို့ ဖြစ်သည်။

ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ သီဒါသဝေါင်ဆပ် က တနင်္ဂနွေနေ့တွင် စီစဉ်ထားသော ချီတက် ဆန္ဒပြပွဲကို ဟန့်တားမှုများ ရှိနေသော်လည်း အစီအစဉ် အတိုင်း ပြုလုပ်သွားမည်ဟု ပြောကြား သည်။

ထိုင်းနိုင်ငံ ဥပဒေ အသင်း (Law Society of Thailand) က အာမခံ လျှောက်ထားမှုများကို ကူညီ ပြင်ဆင်ပေးရန် အတွက် ခုခံချေပမှု ရှေ့နေ အဖွဲ့သို့ ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ခြင်းကြောင့် ယခု တစ်ကြိမ်တွင် ရှပ်နီခေါင်းဆောင် ၇ ဦး လွတ်လာဖွယ် ရှိသည်ဟု ရှေ့နေအဖွဲ့က အကောင်းဖက်မှ ရှုမြင် ခဲ့ကြပုံ ရသည်။

ထို့ကြောင့် ရှပ်နီခေါင်းဆောင် သီဒါသဝေါင်ဆပ်က ယင်း၏ လုပ်ဖော် ကိုင်ဖက် ခေါင်းဆောင် ၇ ဦးအတွက် အာမခံ ငွေတင်သွင်းရန် ဘတ်ငွေ ၂၁ သန်း (စင်ကာပူ ဒေါ်လာ ၈၉၆၀၀၀) ကို ငွေသား သတ်သတ်ဖြင့် သယ်ဆောင်ကာ တရားရုံးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment