Transparency Myanmar

transparency.myanmar@gmail.com

(SteelGuru ၏ 10 Jan 2011 ရက်စွဲပါ Daewoo International to start Myanmar gas project by 20B သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ A-1 နှင့် A-3 ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့ ရင်းမြစ်များကို ၂၀၁၃ မေလ နောက်ဆုံးထား၍ စောနိုင်သမျှ စောစော စတင် ထုတ်ယူနိုင်မည့် အစီအစဉ်များကို POSCO က ပူးပေါင်း ပါဝင်နေခြင်းကြောင့် ဒေဝူး အင်တာနေရှင်နယ် ဦးဆောင်သည့် မြန်မာ ဓာတ်ငွေ့ စီမံကိန်းသည် မှန်မှန် တိုးတက်လျက် ရှိသည်။

သဘာဝ သယံဇာတ ရှာဖွေရေး ဆိုင်ရာ ကိုရီးယား-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် စီးပွားရေး သုတပညာ ဝန်ကြီးဌာနမှ အရာရှိများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလကုန်တွင် လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့ ရင်းမြစ်များကို အတူတကွ ရှာဖွေကာ စီးပွားဖြစ် ထုတ်ယူမည့် သဘောတူ စာချုပ်များ ခိုင်မြဲစေရန် နှစ်ဖက်စလုံးက သဘောတူခဲ့သည်။

နှစ်နိုင်ငံ အစိုးရများ ကျောထောက် နောက်ခံ ပံ့ပိုးထားသော မြန်မာ ဓာတ်ငွေ့စီမံကိန်းသည် ဒေဝူး၏ အဓိက စီးပွားရေး စီမံကိန်းများထဲမှ တစ်ခု ဖြစ်သည်။ ဓာတ်ငွေ့သိုက် ၂ ခုမှ ရှယ်ယာ ၅၁% ကို ဒေဝူးက ပိုင်ဆိုင်သည်။

ဒေဝူးအပြင် အိန္ဒိယ၏ National Natural Gas Clearinghouse (၁၇%)၊ Myanmar Oil and Gas Enterprise (၁၅%)၊ Korea Gas Corporation (၈.၅%) တို့ကလည်း စီမံကိန်းတွင် ရှယ်ယာဝင်များ အဖြစ် ပါဝင်ကြသည်။

အဆိုပါ ကမ်းလွန် ဓာတ်ငွေ့သိုက် ၂ ခုတွင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၄.၅ ဘီလျံနှင့် ၇.၈ ဘီလျံ အသီးသီး ရှိမည်ဟု ခန့်မှန်းထားသည်။ ထုတ်လုပ်မှု စတင်သည့် အချိန်တွင် ဓာတ်ငွေ့သိုက်များမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀၀ နှုန်းဖြင့် နှစ် ၃၀ ထုတ်ယူနိုင်မည်ဟု မျှော်လင့်ထားကြသည်။

၎င်းဓာတ်ငွေ့များကို China National Petroleum Co-operation ၏ လက်အောက် အဖွဲ့ခွဲ CNUOC သို့ ရောင်းချပေးမည် ဖြစ်ကာ မြန်မာနိုင်ငံနှင့် တရုတ် ကုန်းတွင်းပိတ်ဒေသကို ဓာတ်ငွေ့ပိုက်များ သွယ်တန်းရန် စီစဉ်နေသည်။ အဆိုပါ အစီအစဉ်ကို ယခု လက်ရှိ အချိန်အထိ ငွေကြေး ကဏ္ဍတွင် အောင်မြင်စွာ စီမံ ဆောင်ရွက်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment