Transparency Myanmar

transparency.myanmar@gmail.com

(Radio Australia News မှ 7 Jan 2011 ရက်စွဲပါ "Taiwan monitoring China's new stealth Jet" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် နိုင်ငံသည် တရုတ်နိုင်ငံ၏ ပထမဆုံး စတဲ့လ် တိုက်လေယာဉ် တီထွင် ထုတ်လုပ်မှုကို အနီးကပ် စောင့်ကြည့်လျက် ရှိပြီး အမေရိကန် ပြည်ထောင်စု ထံမှ အဆင့်မြင့် တိုက်လေယာဉ် ရရှိ အောင် ကြိုးစားသွားမည်ဟု ထိုင်ဝမ် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက ယင်း၏ J 20 အမျိုးအစား (ရေဒါဖြင့် ဖမ်းမရသော) စတဲ့လ် တိုက်လေယာဉ် နမူနာ ပုံစံကို ထုတ်လုပ် ပြီးစီးကာ ယခုလအတွင်း စမ်းသပ် ပျံသန်းမှုများ စတင် ပြုလုပ်နိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ယူဆိုင်တူက အထက်ပါအတိုင်း တုန့်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ J20 သည် ယင်းထက် ပိုမို အဆင့်မြင့်သော အမေရိကန် ပြည်ထောင်စု၏ F22 တိုက်လေယာဉ်ကို ယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ ရောက်ရန် နှစ်အတန်ကြာ ဦးမည်ဖြစ်ပြီး လက်တွေ့ တိုက်ပွဲဝင်နိုင်သည့် အဆင့်သို့ရောက်ရန် နှစ်တော်တော် ကြာဦးမည်ဟု အမေရိကန် ပြည်ထောင်စု ရေတပ်က အခိုင်အမာ ပြောကြားသည်။

သို့သော်လည်း လေ့လာဆန်းစစ်သူများက ပြောကြားရာတွင် ယခု သတင်းများသည် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်လျက် ရှိသော ထိုင်ဝမ်တွင် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ် စေသည်ဟု ဆိုသည်။

"နှစ်နိုင်ငံအကြား အင်အား ချိန်ခွင်လျှာ ကွာဟမှု ကြီးထွားလာတဲ့ အတွက်ကြောင့် ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး တောင့်တင်းဖို့ လိုအပ်နေပါပြီ"ဟု ယူဆိုင်တူက သတင်းထောက်များအား ပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာ အဆင့်မြင့် တိုက်လေယာဉ် အမျိုးအစား လိုအပ်နေပါပြီ။ အမေရိကန် ပြည်ထောင်စုကနေ ဂျက် တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ကျွန်တော်တို့ တောင်းဆို ထားတာကို ထပ်ပြီး ဖိအား ပေးရပါလိမ့်မယ်"ဟု ယင်းက ဆိုသည်။

ထိုင်ဝမ်နိုင်ငံက အမေရိကန် ပြည်ထောင်စုထံမှ F16 C နှင့် D အမျိုးအစား ဂျက် တိုက်လေယာဉ် ၆၆ စင်းဝယ်ယူရန် ၂၀၀၇ အစောပိုင်းတွင် တင်ပြထားခဲ့သော်လည်း ဘီဂျင်း၏ ဒေါသထွက်မှုကို စိုးရိမ်သည့် အတွက် ၀ါရှင်တန်က စာချုပ်ကို ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက မှတ်ချက်ပေးသည်။

ထိုင်ဝမ်သို့ လက်နက် ရောင်းချမှု မှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းသည် ပြန်လည် ပေါင်းစည်းရန် စောင့်ဆိုင်းနေသော တရုတ်နိုင်ငံ၏ ပိုင်နက် အစိတ် အပိုင်း တစ်ခုသာ ဖြစ်သည်ဟု သတ်မှတ် ယူဆထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment