Transparency Myanmar

transparency.myanmar@gmail.com

(The Nation သတင်းစာမှ 5 Jan,2011 ရက်စွဲပါ "Plastic bags not a substitute for condoms: Thai ministry" ကို ဘာသာ ပြန်ဆိုသည်။)

လိင်ဆက်ဆံစဉ် အတောအတွင်း ပလတ်စတစ်အိတ်များကို ကွန်ဒုံး အစား အသုံးပြုခြင်းသည် ဆက်ကျော်သက် လူငယ်များအား လိင်မှတဆင့် ကူးစက်သော ရောဂါများ (STDs) ၏ အန္တရာယ် ကျရောက်စေနိုင်ပြီး မိန်းမ အင်္ဂါကို ဆိုးဆိုးဝါးဝါး ပွန်းပဲ့စေသည်ဟု ထိုင်းနိုင်ငံ လူထု ကျန်းမာရေး ၀န်ကြီးဌာနက အင်္ဂါနေ့တွင် သတိပေးလိုက်သည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကျောင်းသားလူငယ် အချို့သည် ကိုယ်ဝန်နှင့် လိင်မှကူးစက် သော ရောဂါများ (STDs) ကို ကာကွယ်ရန်အတွက် ပလတ်စတစ်အိတ်များ အသုံးပြုခဲ့ကြကြောင်း လေ့လာမှု အစီရင်ခံစာများက ညွှန်ပြထားသည်။

လိင်ကိစ္စကို စမ်းသပ်ကြည့်လိုသူ ဆယ်ကျော်သက် လူငယ်များ ပလတ်စတစ်အိတ်များ အသုံးပြုနေခြင်းသည် သိပ်မများလှကြောင်း ရောဂါထိန်းချုပ်ရေးဌာနမှ အကြံပေးချက်များနှင့် တီဘီနှင့် STD ဗျူရိုတို့က မိမိအား အစီရင်ခံ တင်ပြထားကြသည်ဟု လူထု ကျန်းမာရေး ၀န်ကြီး ဂျူရင် လပ်ဆာ နာဝီဆစ် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သို့သော်လည်း ယခုကဲ့သို့ ဘေးမကင်းသော အပြုအမူသည် လိင်အင်္ဂါများကို ထိခိုက်ခြင်းနှင့် ရောဂါ ကူးစက်ခြင်းတို့ ဖြစ်စေနိုင်သည်။

ဝန်ကြီးဌာနသည် ပြည်သူများအား တစ်နှစ်လျှင် ကွန်ဒုံး သန်း ၂၀ ကျော်ကို ဖြန့်ဖြူးပေးလျက် ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ ကျေးရွာများရှိ ရှေးဦး သူနာပြု ဆေးခန်းများ၊ ကျန်းမာရေး စေတနာ့ ၀န်ထမ်းများထံမှ ကွန်ဒုံးများ အခမဲ့ ရယူနိုင်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment