Transparency Myanmar

transparency.myanmar@gmail.com

(Radio Australia News မှ 8 Jan 2011 ရက်စွဲပါ "Laos to open stock exchange this week" ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့နောက်ဆုံး စတော့ အိတ်ချိန်းသစ်ကို လာအို နိုင်ငံတွင် ယခု အပတ် အတွင်း စတင် ဖွင့်လှစ် ရောင်းဝယ်ရန် စီစဉ်လျက် ရှိသည်။

Lao Securities Exchange (LSX)၏ ဥက္ကဌ က ယခု စတော့ အိတ်ချိန်း ဖွင့်လှစ်မှုသည် တစ်ရက်လျှင် ၂ ဒေါ်လာ (သို့) ၂ ဒေါ်လာပင် မရသည့် ပြည်သူ အများစု ရှိနေသော ဆင်းရဲ နွမ်းပါးသည့် နိုင်ငံ တစ်နိုင်ငံ အတွက် မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယခု ပေါ်ပေါက်လာမည့် စတော့ ဈေးကွက်သည် ကုမ္ပဏီများ ရှင်သန် ကြီးထွားရန် အတွက် အရေးကြီးသော ရင်းနှီး မတည်ငွေ ရရှိနိုင်စေမည် ဖြစ်ပြီး မူလ ရှိပြီးသော နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်ကို အပြန်အလှန် အားဖြည့်ပေးမည်ဟု ဒီသ်ဘိုဘန် မိုလာရတ် က ပြောကြားသည်။

လာအိုနိုင်ငံသည် LSX တွင် ရှယ်ယာ 49 % ပိုင်ဆိုင်ကာ စတော့ဈေးကွက် အော်ပရေတာ အဖြစ် ပါဝင်မည့် တောင်ကိုးရီးယားထံမှ နည်းပညာနှင့် ငွေကြေး အကူအညီများ ရရှိထားပြီး အိမ်နီးခြင်း ထိုင်းနိုင်ငံ ထံမှလည်း အကြံဥာဏ်များ ရယူခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment