Transparency Myanmar

transparency.myanmar@gmail.com

(Aliran Online မှ 17 January 2011 ရက်စွဲပါ Malaysia Looks to Burma's Oil and Gas Offers ကို ဘာသာ ပြန်ဆိုသည်)

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက စီးပွားရေး အရ ဆက်လက် ဖိအားပေးနေသည့် အချိန်တွင် မြန်မာနိုင်ငံက ကမ်းလှမ်းသည့် အခွင့်အလမ်းများကို ရင်းနှီး မြှုပ်နှံရန် ကြိုးစားနေသည့် အာဆီယံ မိတ်ဆွေ နိုင်ငံများမှာ ရတက် မအေး ဖြစ်နေကြသည်ဟု Chinland Guardian က သတင်း ဖော်ပြလိုက်သည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုမှ အမြတ် အစွန်း ဝင်ငွေများမှာ မငြင်းဆန် နိုင်လောက်အောင် ဖြားယောင်း နိုင်စွမ်း ရှိသည့် အားလျော်စွာ ရွှေမြန်မာ ဒေသမှ ကမ်းလှမ်းသော စီးပွားရေး အခွင့်အလမ်းကို မျက်စိကျနေသည့် ကုမ္ပဏီများ ပို၍ များသည်ထက် များလာအောင် ဆွဲဆောင်လျက် ရှိသည်။

လတ်တလောတွင် မလေးရှား ပြည်ပ ကုန်သွယ်မှု တိုးတက်ရေး ကော်ပိုရေးရှင်း (Matrade) က ယင်းတို့သည် မြန်မာနိုင်ငံမှ ကမ်းလှမ်းသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း နယ်ပယ်မှ အဓိက စီးပွားရေး အခွင့်အလမ်းများကို စိစစ်နေသည်ဟု ပြောကြားခဲ့သည်။

၂၀၁၀ ဒီဇင်ဘာတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့ပြီးနောက် Matrade က ပြောကြားရာတွင် အရှေ့တောင် အာရှ ကုန်းမြေမှ အကြီးဆုံး မြန်မာနိုင်ငံသည် ရေရှည် အကျိုးအမြတ် ရှိမည့် စီးပွားရေး အခွင့်အလမ်းများကို မလေးရှားတို့အား ကမ်းလှမ်းခဲ့သည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍ၏ လျင်မြန်သော တိုးတက် ဖြစ်ပေါ်မှုက မလေးရှား စီးပွားရေး လုပ်ငန်းရှင်များကို ရေရှည် အခွင့်အလမ်းများ ကမ်းလှမ်းခဲ့ပြီး မြန်မာနိုင်ငံသည် မလေးရှား စီးပွားရေး သမားများ အတွက် ကျွမ်းကျင်မှု စွမ်းရည် ပြသရမည့် နေရာ တစ်နေရာ ဖြစ်သည်ဟု Matrade ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားသည့် အတိုင်း Malay Daily သတင်းစာက ဖော်ပြထားသည်။

Matrade ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် အဆင့် ၄၀ နှင့် အဆင့် ၇၇ အကြီးဆုံး သဘာဝ ဓာတ်ငွေ့သိုက်နှင့် ရေနံသိုက်များ ရှိနေသည့် တိုင်းပြည် ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ကမ်းနီးနှင့် ကမ်းလွန် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် ပါဝင် လုပ်ကိုင်နေကြသော နိုင်ငံတကာ ကုမ္ပဏီများတွင် Rimbunan Petroqus and Petronas (မလေးရှား)၊ MPRL E&P Limited  (ဗြိတိန်)၊ CNOOC၊ CNPC၊ North Petro-Chem နှင့် Sinopec (တရုတ်)၊ Essar နှင့် ONGC Videsh (အိန္ဒိယ)၊ Silver Wave (စင်ကာပူ)၊ Daewoo International (တောင်ကိုရီးယား)၊ PTTEP (ထိုင်း)၊ Petro Vietnam (ဗီယက်နမ်) အစရှိသော ကုမ္ပဏီများ ပါဝင်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment