Transparency Myanmar

transparency.myanmar@gmail.com

(၁၇ ဇန်နဝါရီ ၂၀၁၁ ရက်စွဲပါ BBC News မှ Sino-US Ties Worse in 2010 Says China Survey ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် နှစ်က တရုတ်- အမေရိကန် ဆက်ဆံရေးသည် အဆိုးဆုံး ဖြစ်ခဲ့ကြောင်း တရုတ် လူဦးရေ၏ ထက်ဝက်ကျော်က ယုံကြည်ကြသည်ဟု နိုင်ငံပိုင် မီဒီယာတွင် စာရင်း ကောက်ယူမှု၏ အဆိုအရ သိရှိရသည်။

အချို့ ၈၀% ကမူ ဆက်ဆံရေး အေးခဲသွားရမှု အတွက် ဝါရှင်တန်ကို အပြစ်တင်ကြကြောင်း စစ်တမ်းက ဆိုသည်။

သို့သော် အများစုကမူ ဆက်ဆံရေး ပြန်လည် တည်ငြိမ် တိုးတက်လာသည်ဟု ယုံကြည် ကြသည်ဟု စစ်တမ်းက ဖြည့်စွက် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်း ကောက်ယူမှု ဖော်ပြချက်မှာ အင်္ဂါနေ့တွင် တရုတ် သမ္မတ ဟူကျင်းတောင် ဝါရှင်တန်သို့ မရောက်ရှိမီ တစ်ရက်အလိုတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ် သမ္မတသည် ဗုဒ္ဓဟူးနေ့ တစ်ရက်လုံး အမေရိကန် သမ္မတနှင့် ဆွေးနွေးရန် ရှိပြီး နှစ်နိုင်ငံ စလုံးအတွက် ခက်ခဲသော နှစ်အပြီးတွင် ဆက်ဆံရေး ချောမွေ့ရေးအတွက် ဆွေးနွေးလိမ့်မည်ဟု ယူဆရသည်။

ကုန်သွယ်မှုနှင့် ငွေကြေး ကိစ္စများအပြင် မြောက်ကိုရီးယား ကိစ္စကလည်း ဆွေးနွေးမည့် အကြောင်းအရာများတွင် လွှမ်းမိုးလိမ့်မည်ဟု မျှော်လင့်ရသည်။

လူ ၁၄၄၃ ဦးအား မေးမြန်းခဲ့သော အဆိုပါ စစ်တမ်း ကောက်ယူမှုကို China Daily သတင်းစာနှင့် Horizon Research Consultancy Group တို့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၉၀ % ကျော်က တရုတ်- အမေရိကန် ဆက်ဆံရေးကို အရေးကြီးကြောင်း ရှုမြင်သည်က ယင်းက ဆိုသည်။ အသက်(၃၀) အောက် မျိုးဆက်များက မျိုးဆက်ဟောင်းများ ထက်စာလျှင် ဝါရှင်တန် အပေါ် ပိုမို၍ အပေါင်း လက္ခဏာ ဆောင်သော အမြင်များ ရှိကြသည်။

အချို့ ၅၃% ကမူ ကမ္ဘာ့ စီးပွားရေး ထိပ်သီး နှစ်နိုင်ငံသည် ၂၀၁၀ တွင် ဆက်ဆံရေး ပျက်ယွင်းခဲ့ကြောင်း၊ ငါးပုံပုံ လေးပုံးကျော်က အမေရိကန်- ဂျပန် လုံခြုံရေး မဟာမိတ်သည် တရုတ်နိုင်ငံကို ခြိမ်းခြောက်နေသည်ဟု ယုံကြည်လျက် ရှိသည်။

သို့သော် China Daily က ပြောကြားရာတွင် လူအများစုက စစ်တမ်း ကောက်ယူရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ်လာပြီး တိုးတက်မှုများ ရှိလာသည်ဟု ယုံကြည်ကြောင်း ဆိုသည်။

တစ်ဝက် ကျော်ကျော်ကမူ ဝါရှင်တန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထား နိုင်ရေးမှာ အရေးကြီးသည်ဟု ခံယူထားသည်ဟု စစ်တမ်း ကောက်ယူရာတွင် တွေ့ရှိရသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment