Transparency Myanmar

transparency.myanmar@gmail.com

(Straits Times မှ 18 Jan 2011 ရက်စွဲပါ "Hu upbeat, resists U.S pressure an yuan" သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ် သမ္မတ ဟူကျင်းတောင်က အမေရိကန် ပြည်ထောင်စုနှင့် "zero sum" စစ်အေးတိုက်ပွဲ ပုံစံ ဆက်ဆံရေးကို အဆုံးသတ်ကြရန် တိုက်တွန်းကာ ပူးပေါင်း ဆောင်ရွက်မှု အသစ် ပြုလုပ်ကြရန် အဆိုပြု လိုက်သော်လည်း တရုတ်နိုင်ငံက ၎င်း၏ ယွမ်ငွေ သန်မာအောင် အဘယ်ကြောင့် ပြုလုပ်သနည်း ဟူသော အငြင်းပွားမှုများကိုမူ ခုခံ ကာကွယ်ခဲ့သည်။

အမှန်စင်စစ် အနာဂါတ်တွင် အမေရိကန် ငွေကြေးက တရုတ် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများကို ဆက်လက် စိုးရိမ်ပူပန် စေဦးမည့် လက္ခဏာ အဖြစ် ဟူကျင်းတောင်က "ဒေါ်လာ အခြေပြု နိုင်ငံတကာ ငွေကြေးစနစ်သည် ခေတ်ဟောင်း ပစ္စည်း ဖြစ်သွားပြီ၊ ခေတ်မမှီတော့" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အားလုံး ခြုံငုံ၍ ကြည့်လျှင်မူ ယခု တစ်ပတ် ဝါရှင်တန်သို့ ရောက်ရှိလာမည့် သမ္မတ "ဟူ"သည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး အပေါ် အကောင်း မြင်သည့် ဖက်တွင် ရှိနေသည်ကို အနေရိကန် သတင်းစာ နှစ်စောင် ဖြစ်သည့် Wall Street Journal၊ Washington Post တို့နှင့် ရှားရှား ပါးပါး အင်တာဗျူးတွင် မြင်တွေ့ရသည်။

"zero sum စစ်အေးတိုက်ပွဲ သဘောထားကို ကျွန်တော်တို့ စွန့်လွှတ်ကြရမှာပါ၊ တစ်ဦးနဲ့ တစ်ဦးရဲ့ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း ရွေးချယ်မှုကိုလည်း လေးစားရမှာပါ"ဟု တရုတ် သမ္မတက ထုတ်ဖော် ပြောဆိုလိုက်သည်။ သမ္မတ ဟူကျင်းတောင်က ဆက်လက်၍ စွမ်းအင် ရင်းမြစ် အသစ်များ၊ သန့်ရှင်းသော စွမ်းအင်၊ အခြေခံ အဆောက်အဦး တိုးတက်ရေး၊ လေကြောင်းနှင့် အာကာသ စသော နယ်ပယ်များတွင် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အကြံ ပြုထားသည်။

၎င်းက တရုတ်နိုင်ငံမှ နိုင်ငံခြား ကုမ္ပဏီများကို ထပ်မံ အာမခံသည့် အနေဖြင့် ယင်း စီးပွားရေး လုပ်ငန်းများကို အကျိုး ဖြစ်ထွန်းစေမည့် ဥပဒေနှင့် စည်းကမ်းများကို တိုးတက်အောင် ဘေဂျင်းက ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဝါရှင်တန်နှင့် ဘေဂျင်း နှစ်ဘက် စလုံးက စိုးရိမ်နေကြသော ဒေသ ဖြစ်သည့် ကိုးရီးယား ကျွန်းဆွယ် တင်းမာမှု ဖြေရှင်းရေး အတွက် သဘောထား အမြင်နှင့် ပတ်သက်၍လည်း ဟူကျင်းတောင်က စိတ်အား ထက်သန်စွာ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment