Transparency Myanmar

transparency.myanmar@gmail.com

(Bangkok Post မှ 31 January 2011 ရက်စွဲပါ "Thai Soldiers hurt by Burmese Motors" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် DKBA ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲ ဖြစ်ပွားစဉ် နယ်စပ်ကို ကျော်ကာ တပ်ခါ ပြည်နယ် အတွင်းသို့ အမြောက်ဆံ လွဲချော် ကျရောက် ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသွားသူ တစ်ဦး ဖြစ်သည့် ဘန်ဂျာပွန် ပေါင်ကန်သာ အား ထိုင်းစစ်တပ် တတိယ အကြီးအကဲ ဝန်သမ်ဝမ်ဝေက တနင်္လာနေ့တွင် မဲဆောက် ဆေးရုံသို့ သွားရောက် မေးမြန်း ခဲ့သည်။

ဒဏ်ရာရ စစ်သားမှာ တပ်ခ်ပြည်နယ် မဲဆောက် ခရိုင် အခြေစိုက် အမှတ် (၄) ခြေလျှင် တပ်ရင်း လက်အောက်ရှိ အထူး တိုက်ခိုက်ရေး ယူနစ်မှ ဖြစ်သည်ဟု သိရသည်။

၁၂၀ မီလီမီတာ အမြောက်ဆံ ပေါက်ကွဲ ထိမှန်မှုကြောင့် ညာဖက် လက်မောင်း ကျိုးသွားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

တနင်္လာနေ့က တပ်ခ်ပြည်နယ် ဖော့ဖရားခရိုင်တွင်လည်း အလားတူ ဖြစ်ရပ်ကြောင့် ထိုင်းစစ်သား ဝီနိုင်းဒမ်မရောင် မှာ အသေးစား ထိခိုက် ဒဏ်ရာ ရသွားခဲ့ရာ ဖော့ဖရား ဆေးရုံသို့ တက်ရောက် ကုသနေသည်ဟု သတင်း ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment