Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၂.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. နိုင်ငံတော်ချေးငွေဖြင့်သာ ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းများ လုပ်ကိုင်ရမည် 
  2. ပုဂ္ဂလိကနှင့် ပြည်တွင်းရေကြောင်း သံလွင်ဌာနခွဲ ပူးပေါင်းလုပ်ကိုင်မည်
  3. ပုဂ္ဂလိကဘဏ်များဖြင့် ချိတ်ဆက်၍ အရန်ဆန်ဝယ်ယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြံ့ခိုင်ရေးနှင့် မိတ်ဆွေ ၁၀ ပါတီ ပူးပေါင်းခြင်းမဟုတ် လက်တွဲဆောင်ရွက်ရန်သာဖြစ်ကြောင်း ပြန်လည်ဖြေရှင်း
  2. ပါတီကိစ္စဖြင့် ခရီးသွားလာလိုသူများ ကော်မရှင်သို့ အကြောင်းကြားရမည်
  3. ဖဒိုမန်းငြိမ်းမောင်အား ဖမ်းဆီးထားသည်မှာ ငါးလနီးပါးရှိပြီဖြစ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

နိုင်ငံတော်ချေးငွေဖြင့်သာ ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းများ လုပ်ကိုင်ရမည်

ယခုနှစ် နိုင်ငံတော်ဘတ်ဂျက်သစ်တွင် နိုင်ငံတော်၏ ချေးငွေဖြင့်သာ ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းများ လုပ်ကိုင်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ၌ ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံတော်၏ ဘတ်ဂျက် မူဝါဒများမှာ ပြောင်းလဲသွားသည့်အတွက် ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းများအနေဖြင့် နိုင်ငံတော် ဘတ်ဂျက်ကို ယူသုံးခွင့်ရှိတော့မည်မပာုတ်ဘဲ နိုင်ငံတော်မှ အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် ချေးပေးမည့် ငွေဖြင့်သာ လုပ်ကိုင်ဆောင်ရွက် ရတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ဒုတိယပုံမှန် လွှတ်တော်အစည်းအဝေး နောက်ဆုံးရက်များ၌ နိုင်ငံတော်၏ ဘတ်ဂျက်သစ်ကို အမြန်ဆုံး တင်ပြသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြသည်။

ယခင် နိုင်ငံတော်ဘတ်ဂျက် တင်ပြရာ၌ ပြည်သူ့ဘဏ္ဍာနှင့် နိုင်ငံတော် စီးပွားရေးအသုံးစရိတ်များကို ခွဲခြား၍ တင်ပြသည့်စနစ်ကို ၁၉၈၈ ခုနှစ်ထိတိုင် ကျင့်သုံးခဲ့ပြီး နောက်ပိုင်း နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်မှ ပြန်လည်လုပ်ကိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ကြောင်း သိရသည်။

အစိုးသစ်လက်ထက်မှ စတင်၍ ယခုကျင့်သုံးမည့် နိုင်ငံတော်ဘတ်ဂျက်စနစ်သစ်မှာ နိုင်ငံတော်မှ ၎င်းလက်အောက်ရှိ စီးပွားရေးလုပ်ငန်းများကို ချေးငွေပေး၍ လုပ်ကိုင်စေမည့် စနစ်ဖြစ်ပြီး အရှုံးပေါ်သည့် ဝန်ကြီးဌာနများအနေဖြင့် တာဝန်တစ်ခုလွှဲပြောင်းယူရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံ၌ ကျင့်သုံးမည့် နိုင်ငံတော်ဘတ်ဂျက် စနစ်သစ်သည် နိုင်ငံတကာ၌ ကျင့်သုံးနေသည့် စနစ်တစ်ခုဖြစ်ပြီး လွှတ်တော်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီဖွဲ့စည်းထားသည့်အတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကဲ့သို့ လုပ်ကိုင်ဆောင်ရွက် လာနိုင်ပြီး ရှေ့အလားအလာ ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

Ref: Messenger

***************************************************************************************

ပုဂ္ဂလိကနှင့် ပြည်တွင်းရေကြောင်း သံလွင်ဌာနခွဲ ပူးပေါင်းလုပ်ကိုင်မည်

ယခုနှစ် နိုင်ငံတော်ဘတ်ဂျက်အကုန်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲအား ပုဂ္ဂလိကနှင့် ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သံလွင်ဌာနခွဲသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးများတွင် အရှုံးပေါ်နေသည့်အတွက် လိုင်းကြီး(ခရီးရှည်)များ ပြေးဆွဲနေမှုကို ရပ်နားထားပြီး လိုင်းတို(ခရီးအခေါက်တို)များဖြစ်သည့် ဘီလူးကျွန်း၊ နတ်မော်၊ ကလွီ စသည်တို့ကိုသာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၀၈ ဆိပ်ကမ်းဥပဒေတွင်လည်း ဖော်ပြထားသည်မှာ ကြည်းကြောင်း၊ လေကြောင်း၊ ရေကြောင်း၌ ပို့ဆောင်ရေးဌာနအနေဖြင့် ပုဂ္ဂလိကသို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ အလုံးစုံလွှဲပြောင်းခွင့်ရှိကြောင်းကို ဖော်ပြထားသည့်အတွက် ယခုကဲ့သို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင်ဌာနခွဲနှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စရပ်နှင့် ပတ်သက်၍ ရေကြောင်းစီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက “အခုလို ပြည်တွင်းရေကြောင်းမှာ နိုင်ငံတော်နဲ့ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်တော့မယ်ဆိုတာ ကောင်းပါတယ်။ နိုင်ငံတော်လည်း ဝန်ပေါ့သွားတာပေါ့” ပာု ပြောကြားခဲ့သည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ လုပ်ငန်းအချို့ကို ၂၀၀၈ ဆိပ်ကမ်းဥပဒေမကျော်လွန်စေဘဲ နိုင်ငံအကျိုးပြုလုပ်ငန်းများ ဖြစ်ပေါ်လာနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းသင့်သည့်အချိန်တွင် လွှဲပြောင်းပေးသွားနိုင်ဖွယ်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရခိုင်ဌာနခွဲအား ပုဂ္ဂလိကသို့ လပေးစနစ်ဖြင့် ငှားရမ်း အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။

Ref: Flower News

***************************************************************************************

ပုဂ္ဂလိကဘဏ်များဖြင့် ချိတ်ဆက်၍ အရန်ဆန်ဝယ်ယူမည်

ပုဂ္ဂလိကဘဏ်များဖြင့် ချိတ်ဆက်၍ ပြည်တွင်းအရန်ဆန်အဖြစ်ထားရှိရန် တောင်သူများ မနစ်နာသည့်ဈေးနှုန်းဖြင့် ဆန်ဝယ်ယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့ခွင့်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်၏ ၃ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကို အရန်ဆန်အဖြစ်ထားရှိရန် သက်ဆိုင်ရာမှ သတ်မှတ်ပေးထားသည့် ဂိုဒေါင်များတွင် ထားရှိရမည်ဖြစ်ပြီး ၎င်း အရန်ဆန်များကို ပြည်တွင်းဈေးကွက်၌ ဆန်လိုအပ်ချက်ဖြစ်ပေါ်မှသာ ထုတ်ရောင်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ငွေရင်းတစ်ဝက်၊ ပုဂ္ဂလိက ငွေရင်းတစ်ဝက်ဖြင့် အရန်ဆန်တန်ချိန်ငါးသိန်း ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ပြုလုပ်ခဲ့သည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဆန်ပါးလုပ်ငန်းအသင်းရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆန်အိတ်တစ်သိန်းခန့်ကို တင်ဒါစနစ်ဖြင့် ဝယ်ယူသိုလှောင်ထားရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်  မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ပူးပေါင်းဖွင့်လှစ်သော ဆန်စပါးကိုင်တွယ် ထိန်းသိမ်းသိုလှောင်မှုဆိုင်ရ ကျင့်စဉ်ကောင်းများနှင့် ဆန်ကြိတ်ခွဲမှုနည်းပညာ သင်တန်းကို ပြည်တွင်းသင်တန်းများအပြင် ပြည်ပနိုင်ငံများသို့ပါ ၎င်းဘာသာရပ်နှင့် ပတ်သက်၍ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြံ့ခိုင်ရေးနှင့် မိတ်ဆွေ ၁၀ ပါတီ ပူးပေါင်းခြင်းမဟုတ် လက်တွဲဆောင်ရွက်ရန်သာဖြစ်ကြောင်း ပြန်လည်ဖြေရှင်း

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့သည် ပူပေါင်းလိုက်ခြင်းမဟုတ် မဟုတ်သော်လည်း လက်တွဲဆောင်ရွက်သွားရန် အစီစဉ်ရှိကြောင်း ဒီဇင်ဘာ ၁၂ရက်နေ့တွင် ၁၀ပါတီမှ ပြန်လည်ဖြေရှင်းလိုက်သည်။

မိတ်ဆွေပါတီ ၁၀ပါတီသည် ဒီဇင်ဘာ ၄ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီနှင့် အလွတ်သဘောတွေ့ဆုံမှုအပြီးတွင် ပြည်တွင်းဂျာနယ် ၄စောင်က ပူးပေါင်းလိုက်ပြီဟူသော ရေးသားမှုများဖြင့် ဖော်ပြခဲ့သည်။

“သူ့အကျိုးအတွက်လည်းမဟုတ်ဘူး ကိုယ့်အကျိုးတွက်လည်းမဟုတ်ဘူး နိုင်ငံ့အကျိုးအတွက် တူတဲ့ကိစ္စရှိလို့ ရှိရင်တွဲလုပ်ကြမယ်။” ဟု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ဥက္ကဋ္ဌ ဒေါ်က်တာသန်းငြိမ်းက ကြံ့ခိုင်ရေးပါတီနှင့်မိတ်ဆွေ ၁၀ပါတီတို့၏ဆက်နွယ်မှုကိုရှင်းပြသည်။

ယခုကဲ့သို့တွေဆုံမှုသည် အထက်မှညွှန်ကြားချက်အရ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီ အထွေအထွေအတွင်းရေးမှူး ဦးဋ္ဌေးဦး နှင့်လည်း ၁၀ပါတီတို့တွေ့ဆုံရန်အစီစဉ်ရှိကြောင်း ကြံ့ခိုင်ရေးပါတီမှ ဦးအောင်သိန်းလင်းကပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ပါတီသည် မည်သည့်ပါတီနှင့်မဆိုလက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင် ဦးစောသန်းမြင့်ကပြောသည်။

“ကျွန်တော်တို့ ၁၀ပါတီကတော့ ဘယ်ပါတီနဲ့မဆို အလွတ်သဘောတွေ့ဆုံသွားမှာပါ။ NLD တို့ တစညတို့နဲ့လည်းတွေ့ဆုံသွားမှာပါ။” ဟု၎င်းကပြောသည်။

ယခုကဲ့သို ဂျာနယ်များက မှားယွင်းစွာဖော်ပြခဲ့ခြင်းကြောင့် ပြည်သူလူထုကအထင်အမြင်လွဲမှား သွားနိုင်သော်လည်း ယင်းဂျာနယ်များကို တရားစွဲဆိုရန် အစီစဉ်မရှိသေးကြောင်း ဒေါ်က်တာသန်းငြိမ်း ကဆက်လက် ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသည် ရခိုင်ပြည်နယ်တွင် မဲလိမ်လည်မှုများအပြင် တရားမျှတမှုမရှိသော လုပ်ဆောင်မှုများ လုပ်ဆောင်ခဲ့သည့် အတွက် ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းရန် လုံးဝအစီစဉ်မရှိကြောင်း မိတ်ဆွေ ၁၀ပါတီအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မှဦးဦးလှစောကပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးပါတီနှင် မိတ်ဆွေ ၁၀ပါတီသည် ဆွေးနွေးခဲ့ခြင်းမပြုလုပ်သော်လည်း ၁၀ပါတီဝင်များ အချင်းချင်းကမှု မဲဆန္ဒနယ်တစ်ခု တွင် အချင်းချင်းမထပ်စေရန်စီစဉ်ထားကြောင်း ဒေါ်က်တာသန်းငြိမ်းကပြောသည်။

Peace Press

 ***************************************************************************************

ပါတီကိစ္စဖြင့် ခရီးသွားလာလိုသူများ ကော်မရှင်သို့ အကြောင်းကြားရမည်

နိုင်ငံရေးပါတီများအနေဖြင့် ပါတီကိစ္စ တစ်ရပ်ရပ်ဖြင့်ပါတီဝင်များအား ခရီးစေလွှတ်မည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများမှ ပါတီဝင်များ ပါတီကိစ္စဖြင့် ခရီးသွားလာလိုပါက ကော်မရှင်သို့ အကြောင်းကြားရန် ထပ်မံ၍ ညွှန်ကြားထားပြီး ၎င်း ညွှန်ကြားချက်များကို ပါတီတိုင်းသို့ အကြောင်းကြားစာ ပေးပို့ပြီးဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ပထမပတ်တွင် ပါတီဝင်များ ခရီးသွားလာလိုပါက ကော်မရှင်သို့ အကြောင်းကြားရန် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်း ထုတ်ပြန်ချက်များကြောင့် ပါတီများ၏ ခရီးသွားလာမှုများတွင် အခက်အခဲ ဖြစ်ပေါ်စေနိုင်မည်မပာုတ်ကြောင်း သိရသည်။

၎င်း ထုတ်ပြန်ချက်၏ နောက်ဆုံးပိုဒ်တွင် ဒေသဆိုင်ရာ ကော်မရှင်များအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီး နိုင်ငံရှိ ပါတီဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ဒေသဆိုင်ရာ ကော်မရှင်တွေကို အကြောင်းကြားဖို့ ပြောထားတော့ ကျွန်တော်တို့ကလဲ သွားသမျှနေရာတွေကို စာပို့ပေးရုံပဲပေါ့။ သိပ်တော့ ပြဿနာမရှိပါဘူး။ သူတို့အနေနဲ့ ဒေသဆိုင်ရာ ကော်မရှင်တွေက ပါတီရဲ့ဆောင်ရွက်လှုပ်ရှားမှုတွေကို မှားပြီးအရေးယူမှာစိုးလို့ ထုတ်ပြန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။” ပာု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: Flower News

***************************************************************************************

ဖဒိုမန်းငြိမ်းမောင်အား ဖမ်းဆီးထားသည်မှာ ငါးလနီးပါးရှိပြီဖြစ်

ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်အား တည်ဆဲဥပဒေနှစ်ခု ချိုးဖောက်သဖြင့် အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထားသည်မှာ ငါးလကျော်ပြီ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်က တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်မှတဆင့် ရန်ကုန်သို့ ထွက်ခွာလာသည့် လေကြောင်းလိုင်းတွင် ဖဒိုမန်းငြိမ်းမောင် ပါရှိလာသည်ကို လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာမှ လ၀ကအက်ဥပဒေများကို ချိုးဖောက်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

“သူ့ကိုအင်းစိန်အကျဉ်းထောင်မှာပဲ ပြစ်ဒဏ်ကျခံစေပါတယ်”ဟု အကျဉ်းဦးစီးဌာနမှ သတင်းရင်းမြစ်ကဆိုသည်။

ဖဒိုမန်းငြိမ်းမောင်သည် တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် လေဆိပ်ရဲစခန်းက( ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး၊မင်္ဂလာဒုံတရားရုံးသို့ တရားစွဲဆိုတင်ပို့ထားကြောင်း သိရသည်။

“လက်ရှိတော့ ပြစ်ဒဏ်တစ်ရပ်ကို ထောင်ဒဏ်ခြောက်လနဲ့နှစ်ခုဆိုတော့ တစ်နှစ်ကျခံစေရပါမယ်”ဟု သက်ဆိုင်ရာလုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။

ဖဒိုမန်းငြိမ်းမောင်သည် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်ဖြင့် မိခင်အဖွဲ့အစည်းထံမှ ခွင့်တစ်နှစ်နီးပါး ယူသွားရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်ကာ၊ယခုမှ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အာဆီယံနိုင်ငံတွေအတွင်း အချင်းချင်းသွားလာရတဲ့ ကုန်တင်ယာဉ်တွေကို အာဆီယံနှုန်းနဲ့ သတ်မှတ်သင့်တယ်။ ကိုယ့်နိုင်ငံရဲ့ ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ယာဉ်တွေကို သီးခြားစံနှုန်းသတ်မှတ်ပေးသင့်သလို တောင်သူထွက်ကုန်သီးနှံတွေ၊ စက်မှုကုန်ကြမ်းတွေကိုလည်း တန်ချိန်လျှော့ပြီး သတ်မှတ်သင့်တယ်။ နိုင်ငံတော် အနေနဲ့ ၂၀၁၅ ခုနှစ် “အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဧရိယာ (AFTA)” ဆက်သွယ်ပေါင်းစည်းမှု မတိုင်မီ ရရှိတဲ့ အချိန်သုံးနှစ်အတွင်းမှာ အခုလို အာဆီယံစံနှုန်းထက်နိမ့်ကျနေတဲ့ လမ်းတံတားတွေကို ထိန်းသိမ်းရေး တန်ပို သတ်မှတ်ဆောင်ရွက် နေမယ့်အစား အာဆီယံနိုင်ငံတွေနည်းတူ စံချိန်စံညွှန်းမီတဲ့ လမ်းတံတားတွေဖြစ် ပေါ်လာအောင် ထိရောက်တဲ့ စီမံမှုတွေနဲ့ အချိန်မီ လုပ်ဆောင်သင့်တယ်”

ဒီဇင်ဘာ ၁၄ ထုတ် Weekly ELEVEN  အတွဲ (၇) အမှတ် (၁၁) တွင်ပါသည့် “ပြည်သူ့လွှတ်တော် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေးဆိုင်ရာနယ်ပယ်စုံမှ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး” သတင်းမှ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

“လာဘ်ပေးလာဘ်ယူကိစ္စဆိုတာ အရေးယူတာတစ်ခုတည်းနဲ့ မပြီးပါဘူး။ ၂၀၀၆ တုန်းက အကောက်ခွန်ဦးစီးဌာ နက အရာရှိ အတော်များများကို အရေးယူလိုက်တယ်။ နောက် သုံးလေးနှစ်ကြာတော့ ဒုံရင်း၊ ဒုံရင်းပဲ။ ဝန်ထမ်း လစာအကျိုးခံစားခွင့်တွေကိစ္စအရင် ဖြေရှင်းသင့်တယ်။ ပထမဆုံး ဝန်ထမ်းတွေရဲ့ attitude ပိုင်းပြောင်းဖို့ ပညာ ပေးကြိုးစားသင့်တယ်။ နောက်ပြီး ဝန်ထမ်းအကြီးအကဲတွေကို အရည်အချင်းနဲ့ လိုက်ပြီး လူမှန်နေရာမှန် ခန့် ထားမှသာ ဒီပြဿနာကို ကိုင်တွယ်လို့ရမယ်။ သေချာတာကတော့ လာဘ်ပေးလာဘ်ယူပြဿနာကို မဖြေရှင်း ဘဲ တိုင်းပြည်စီးပွားရေးမတိုးတက်နိုင်ဘူး”

ဒီဇင်ဘာ ၁၄ ထုတ် Weekly ELEVEN  အတွဲ (၇) အမှတ် (၁၁) တွင်ပါသည့် “ကားတင်သွင်းသူများအတွက် အကောက်ခွန်ဌာနအား ဖြတ်သန်းရခြင်းမှာ အခက်ခဲဆုံးအပိုင်းဟု တင်သွင်းသူများပြောကြား” သတင်းမှ ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

“ဘတ်ဂျက်မှာ အရင်တုန်းက ပြည်သူ့ဘဏ္ဍာကသပ်သပ်၊ စီးပွားရေးကသပ်သပ် ဒီပုံစံနဲ့ ၁၉၈၈ ထိ လုပ်ခဲ့တာ။ နောက်ပိုင်းနိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတော်က ပြန်လုပ်တယ်။ အခုစနစ်ကတော့ နိုင်ငံတော် လက်အောက်မှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေယူပြီး လုပ်မယ့် သဘောပေါ့၊ နောက်ပိုင်းကျရင်တော့ ဝန်ထမ်းတွေကလည်း တာဝန်ယူမှု အပိုင်းတွေ ပိုလာသလို ခံစားခွင့်တွေ ဝေစုတွေလည်း ရလာနိုင်တယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်တွေကို ကျင့်သုံးကြပါတယ်”

ဒီဇင်ဘာ ၁၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၃၀) တွင်ပါသည့် “ဘတ်ဂျက်သစ်တွင် ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းများ နိုင်ငံတော်ချေးငွေဖြင့် လုပ်ငန်းလုပ်ရမည်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးကြည်မြင့် (လသာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment