Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၄.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အပြောင်းအလဲနှင့် ပတ်သက်၍ လူငယ်တစ်ဦး၏ အတွေးစများ

*****************************************

ဆောင်းပါးကဏ္ဍ

အပြောင်းအလဲနှင့် ပတ်သက်၍ လူငယ်တစ်ဦး၏ အတွေးစများ

လွန်ခဲ့တဲ့တစ်နှစ် ဒီလိုအချိန်ပါပဲ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် မကြုံဖူးသေးတဲ့ (ကျွန်တော်ကိုယ်တိုင်ပင်လျှင် တစ်ခါမှ မကြုံဘူးပါ) ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သွားတဲ့ တပ်မတော်အစိုးရ အကြီးအကဲတွေကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းဖို့ လမ်းပြမြေပုံ (၇)ရပ်ရေးဆွဲပြီး ပြောင်းလဲခဲ့ရတယ်လို့ ဆိုကြပါတယ်။ မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုဟာ သီးခြားတည်ရှိတာကြောင့် အနောက်တိုင်းက ဒီမိုကရေစီကို ပုံတူကူးချလို့ မရနိုင်ဘူး၊ ဒါကြောင့် ဒီမိုကရေစီစနစ်ကို သိမ်မွေ့ငြင်သာစွာ ကူးပြောင်းနိုင်ဖို့ အခြေခံကောင်းတွေ တည်ဆောက်နေရတာကြောင့် ဒီလောက်ကြာသွားတာပါလို့လဲ အကြောင်း ပြကြပါတယ်။ သူတို့အဆိုအရဆိုတော့ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အသင့်ဖြစ်နေပြီ၊ ဒါကြောင့် ရွေးကောက်ပွဲကြီးလည်း ကျင်းပခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ၊ ဒီလိုဆိုရင် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သွားပြီလားလို့ ကျွန်တော်တွေးနေမိပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ကျွန်တော်အခုထိ လုံးစေ့ပတ်စေ့ မသိသေးပါ။

ဂရိဘာသာအရဆိုရင်တော့ ဒီမိုကရေစီဆိုတာ လူထုအုပ်ချုပ်ရေးလို့ ခေါ်ပါသတဲ့။ လူထုက ရွေးကောက်တင်မြှောက်တဲ့သူတွေဟာ ၎င်းတို့ကို တင်မြှောက်လိုက်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ အညီအုပ်ချုပ်ရပါသတဲ့။ သူတို့ကို မဲပေးရွေးချယ်တဲ့ ပြည်သူလူထုက မကြိုက်နှစ်သက်စရာ တစ်ခုခုရှိခဲ့ရင် အချိန်မရွေး ရာထူးကနှုတ်ထွက်ပေးရမှာ ဖြစ်ပါသတဲ့။ ဒီလိုဆိုတော့ တိုင်းပြည်တပြည်မှာ ကလေးတွေကစားသလို အခုပဲ အစိုးရကို တင်လိုက်၊ မကြိုက်လို့ ပြန်ဖြုတ်ချလိုက် လုပ်နေ ကြရင် အဲ့ဒီတိုင်းပြည်ဟာ ကြီးပွားပါဦးမလား၊ တိုးတက်ပါဦးမလားလို့ တွေးနေမိတယ်။

ဒါကြောင့် ကျွန်တော်စဉ်းစားမိတာက ဒီလိုတွေမဖြစ်အောင် အစတည်းက အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အစိုးရကို ရွေးချယ်တင်မြှောက် နိုင်ရပါမယ်။ ပြည်သူတွေဟာ မိမိတို့နဲ့ထိုက်တန်သော အစိုးရကိုရရှိမှာဖြစ်လို့ မိမိတို့၏ ရွေးချယ်မှုသည် မိမိတို့ တာဝန်ယူမှုပဲ ဖြစ်ပါတယ်။ ကောင်းရင်လဲစံ ဆိုးရင်လဲ ခံရမှာပါ။  ဒါကြောင့် ဒီမိုကရေစီမှာ အစိုးရတင်မဟုတ်ပါဘူး၊ လူထုမှာလည်း တာဝန်ခံမှု ရှိရတော့မှာဖြစ်ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် အစိုးရကောင်း တစ်ရပ်ရဖို့ ပြည်သူမှာ လုံးလုံးလျားလျား တာဝန်ရှိနေပါတယ်။

ဒီအချက်မှာတင် ကျွန်တော်တို့နိုင်ငံရဲ့ ကျွန်တော်တို့ လူမျိုးနဲ့ တော်တော်ကြီးကို ကွာခြားနေတာကို တွေ့ရပါပြီ။  ကျွန်တော်တို့ မြန်မာတွေက အုပ်ချုပ်သူ မင်းအစိုးရကို ရန်သူမျိုး ငါးပါးထဲ ထည့်ထားကြပါတယ်။ သဘောကတော့ မိမိရဲ့ဥစ္စာဓနနဲ့ လွတ်လပ်ခွင့်တွေဟာ ရေမြေ့သနင်း မင်းအစိုးရက ပိုင်ဆိုင်တယ်ဆိုတာပါ။ ဒါကြောင့် အုပ်ချုပ်မင်းလုပ်သူဟာ မိမိရဲ့ အသက်၊ အခွင့်အရေး၊ ပိုင်ဆိုင်မှု ( Property Rights) ကို အချိန်မရွေး ထိခိုက်နိုင်တာ ဖြစ်လို့ ရန်သူတစ်ပါးသဖွယ်သတ်မှတ် ထားကြတာဖြစ်ပါတယ်။ အစိုးရကို ရန်သူလိုသတ်မှတ်တော့ အစိုးရကလည်း ပြည်သူကို ရန်သူသဖွယ် ဆက်ဆံ ပါတယ်။ ဒီတော့ ဒီလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေရပြန်ပါပြီ။ ဒါဟာ အုပ်ချုပ်ရေးအာဏာကို ကိုင်ထားတဲ့ အစိုးရကို မြင်တဲ့ ပြည်သူတွေရဲ့ အမြင်တစ်ခုဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအရ၊ အတွေးအခေါ်တွေအရ ဒဏ္ဍာရီတွေအရ သူရဲကောင်းကို ကိုးကွယ်လိုစိတ်တွေပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဟာ လုပ်ရည်ကိုင်ရည်လေးလဲရှိ၊ စည်းရုံးရေးလေးလည်းကောင်း၊ သြဇာအာဏာလေးလဲရှိလာပြီဆိုတာနဲ့ သူနဲ့ ပတ်သတ်တဲ့ ဘုန်းတော်ဘွဲ့ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ ပေါ်လာရတော့တာပါပဲ။ ဥပမာပြရရင် အလောင်းဘုရား ဦးအောင်ဇေယျပါ။ ပါးရည်နပ်ရည်ရှိပြီး အင်မတန် စစ်တိုက်တော်တဲ့ ဦးအောင်ဇေယျဟာ တကယ်တော့ သာမန်ရွာသားတစ်ဦးမျှသာဖြစ်ပါတယ်။ အင်းဝနဲ့ ဟံသာဝတီ မသင့်မတင့်ဖြစ်နေ ကြချိန်မှာပဲ အခွင့်ကောင်းကိုယူပြီး လူသူအင်အားစုစည်းပါတယ်။ တဖြည်းဖြည်းနဲ့ သူ့ရပ်သူ့ရွာဝန်းကျင်မှာ သြဇာတက်လာရာကနေ နီးရာဓားကို ကြောက်တတ်တဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့စရိုက်အရပဲ အလိုလို သူ့ခြေရင်းမှာ ခစားလာကြတယ်။ သူနဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီလိုလို ယုံတမ်း စကားလိုလို ဖြစ်ရပ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဦးအောင်ဇေယျနဲ့ နောက်ထပ် မင်းလောင်းလို့ ပြောနေကြတဲ့ မောင်ညိုတို့ ဓားချင်းခုတ်ကြရာမှာ ဦးအောင်ဇေယျဘက်က နတ်တစ်ပါးက ဝင်ကူတယ်၊ ဦးအောင်ဇေယျ လက်မောင်းက မီးထတောက်တယ် ဆိုတာမျိုးတွေပါ။ ထပ်ပြီး အဆင်းဘီးတပ်တဲ့ သူကတော့ သူ့ရဲ့ အခြွေအရံတွေပါ။ စကြာဝတေးမင်း အိမ်ကိုကြွမယ်လို့ အိပ်မက်မက်တာ အခုဦးအောင်ဇေယျ အိမ်ကိုလာလည်တယ်ဆိုတာမျိုး ဆိုပါ တော့။ ဒါကလည်း အဲ့ဒီခေတ်က ဝါဒဖြန့်နည်းလား၊ လူထုဆက်ဆံရေးတစ်မျိုးပဲလားတော့ မဆိုနိုင်ပါ။ ဘာပဲပြောပြော သူရဲကောင်းတွေ၊ အုပ်ချုပ်သူ ဘုရင်တွေကို အမွှမ်းတင်ပြီး အသားလွတ် လေးစားကြည်ညိုရာကနေ ကိုးကွယ်တဲ့အဆင့်ကို ရောက်သွားကြတာပါ။ ဒါကြောင့် ဘုရင်တွေခမျာမှာလည်း မာန်တက်ပြီး အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်လာကြတော့တာပါ။ ဘုရင်တွေ အာဏာယစ်မူးပြီး ထင်သလိုအုပ်ချုပ်ရင်လည်း သူ့ဘုန်းကံကြောင့် ဖြစ်တယ်၊ မပြစ်မှားနဲ့ဆိုတဲ့ အတွေးအခေါ်တွေကိုလည်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြပြန်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ မထွန်းကားခဲ့တာလည်း အထူးအဆန်း မဟုတ်တော့ပါ။

အဲ့ဒီလို ဦးအောင်ဇေယျ ခေတ်ကို အသာထားလို့ ဒီနေ့ဒီအချိန်ထိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို လေ့လာကြည့်ပါ။ ရုံးတစ်ရုံးမှာ အထူးသဖြင့် အစိုးရရုံးတွေမှာ ပိုသိသာပါတယ်။ အထက်လူကြီးကို လိုတာထက်ပိုပြီး အရိုအသေပေးမှုပါ။ အရိုအသေပေးလွန်းရာကနေ ကိုးကွယ်တဲ့ အဆင့်ကို ရောက်လာပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုမှာ အထက်လူကြီးက ဝင်ရောက်ဆူပူရင်ကိုပဲ လူကြီးက ငါ့ကိုဂရုစိုက်တယ်ဆိုတဲ့ ဂုဏ်ယူ စရာမဟုတ်တဲ့ကိစ္စကို ဂုဏ်ယူတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။ တကယ်တော့ မိမိရဲ့ကိုယ်ရေးကိုယ်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာကို ပြုံးပြုံး ကြီးသာယာနေတာပါ။ ဒါကြောင့် ဒီနေ့ခေတ်အထိ ဝန်ကြီးတစ်ပါးပါး ရုံးကိုလာပြီး စစ်ဆေးရေးဝင်ရင် လက်အုပ်ချီနေရတာပါ။ အခြေခံပညာ ကျောင်းတွေ မှာ အဆိုးဆုံးပါ။ ပညာရေးဝန်ကြီးလာရင် ကျောင်းသားလေးတွေဟာ လက်အုပ်ချီရတယ်။ ဒါဟာ အနာဂတ်မျိုးဆက်ကို အစိုးရဆိုတာ ဘုရားလိုပဲဆိုတဲ့ အတွေးအခေါ်ကို ရိုက်သွင်းပေးလိုက်တာဖြစ်ပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာမှုမှာ ကြီးသူကို ရိုသေဆိုတာ မှန်ပေမယ့် အလွန်အမင်း ကိုးကွယ်တဲ့ အဆင့်မရောက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

စစ်အစိုးရလက်ထက်ပြီးတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာလည်း ဒီအကျင့်စရိုက်တွေ ပြင်နိုင်ကြပြီလားဆိုတော့ မပြင်နိုင်ကြ သေးပါဘူး။ အစိုးရဘက်ရော၊ အတိုက်အခံဘက်ရော၊ ကြားနေအုပ်စုရောမှာ တွေ့လာရပြန်တယ်။ အစိုးရဘက်ကတော့ ခေါက်ရိုးကျိုးနေတာ ဖြစ်လို့ အထူးမပြော လိုတော့ပါ။ အတိုက်အခံဘက်မှာတော့ ကိုယ်တိုင်အလုပ်လုပ်ရမယ့်အစား သူရဲကောင်းမျှော်ဝါဒတွေ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ရှိနေတာ အံသြစရာပါ။ ဒီမိုကရေစီကို အမြဲမပြတ်ရေရွတ်နေတဲ့သူတွေက ဘာကြောင့်များ ခေါင်းဆောင်ကို အာဏာရှင်ဇာတ်သွင်းနေ ကြပါလိမ့်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် လုံးဝဝေဖန်လို့မရတာ၊ ထောင်ထဲရောက်နေတဲ့ ခေါင်းဆောင်ကို တမ်းတပြီး ဘာအလုပ်မှမလုပ်ကြတာ၊ သမ္မတကြီး ကောင်းတာလုပ်တာကို အားပေး ရင်းကနေ ဘုရားလောင်းလို၊ မင်းလောင်းလိုလို ဘုန်းတော်ဘွဲ့နေတာတွေ တွေ့လာရပါပြီ။ ဒါတွေဟာ ရှေးပဝေသဏီတည်းက အကျင့်တွေကို မဖျောက်သေးတာ အထင်အရှားပြနေတာဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ ပြည်သူလူထု မပြောင်းလဲသေးပါဘူး။ ဒီလိုပဲ နိုင်ငံဟာလည်း အပြောင်း အလဲ လမ်းကြောင်းပေါ် ရောက်နေတာပဲ ရှိပါသေးတယ်။ အပြောင်းအလဲရှိပြီလို့ လက်ဆုပ်လက်ကိုင်ပြလို့ရတာ မယ်မယ်ရရ မရှိသေးပါ။ သို့သော် ကောင်းတာလုပ်တဲ့သူတွေကို အားပေးရမှာဖြစ်သလို ရဲဝံ့စွာဝေဖန်ဖို့လည်း လိုပါတယ်။ အခုထိတော့ ကောင်းတာလုပ်ရင် လက်ခုပ်တီးမယ်၊ မကောင်း တာလုပ်ရင် ဆဲမယ်၊ လုပ်ငန်းကြီးကြီးဆိုတာ လူကြီးတွေအလုပ်၊ လူကြီးတွေစီစဉ်လိမ့်မယ် ကိုယ်နဲ့ မဆိုင်သလိုနေမယ်ဆိုတဲ့ အတွေးတွေက လွှမ်းမိုး လျက်ရှိနေပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အပြောင်းအလဲကို ရောက်နေပြီလားဆိုတာ ကိုယ်တိုင်သုံးသပ်ကြဖို့တော့ လိုနေတာ အမှန်ပါပဲ။ နိဂုံးချုပ်အနေနဲ့ြေ&#