Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၃.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ၂၀၁၂ မြန်မာ့အကောက်ခွန်နှုန်း စနစ်အား ပြဋ္ဌာန်း
  2. အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဖွဲ့စည်း
  3. အလုပ်သမားစေလွှတ်မှု ဝန်ဆောင်စရိတ်အား လုပ်သားများ လုပ်ခလစာမှ ပြန်ဖြတ်ရန် စာချုပ် ချုပ်ဆိုရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နာမည်ကြီး နိုင်ငံရေးအကျဉ်းသားအများ အပြားလွတ်မြောက်
  1. KNU နှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပြီ
  2. ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်ကြေညာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

၂၀၁၂ မြန်မာ့အကောက်ခွန်နှုန်း စနစ်အား ပြဋ္ဌာန်း

ယခင်ကျင့်သုံးနေသည့် အကောက်ခွန်နှုန်းစာရင်းဥပဒေကို ယခုအခါ ၂၀၁၂ မြန်မာ့အကောက်ခွန်နှုန်းစနစ်အဖြစ် ပြောင်းလဲသတ်မှတ် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ကျင့်သုံးခဲ့သည့် အကောက်ခွန်နှုန်းစာရင်း ဥပဒေကို ၁၉၉၂ မတ်လ ၂ ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ယခု အစိုးရသစ်လက်ထက်တွင် ခေတ်နှင့် လျော်ညီမှုမရှိတော့သည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “ကမ္ဘာ့ အကောက်ခွန်အဖွဲ့က စည်းဝါးပြင်ဆင်ချက် ၂၀၁၂ (WCO HS  2012 Amendment ) အာဆီယံစနစ် များဖြင့် ပြင်ဆင်ချက် ၂၀၁၂ (Asean HS 2012 Amendment) အားကို အခြေခံ၍ ၂၀၁၂ မြန်မာ့အကောက်ခွန်နှုန်းစာရင်း (Customs Tariff of Myanmar) အား စတင်သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ မြန်မာ့အကောက်ခွန်နှုန်း စနစ်အား ပြဋ္ဌာန်းလိုက်ခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အခုလို နိုင်ငံတော်က အခွန်ကောက်ခံမှု ပုံစံကို ပြင်ဆင်လိုက်တယ်ဆိုတာ ကောင်းပါတယ်။ ဒီလို ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းလိုက်တဲ့ ဒေသခံပြည်သူတွေနဲ့ လစဉ်အခွန်နှုန်းတွေ ပေးဆောင်ရမှုတွေ အတွက်လည်း အသက်ရှုချောင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်လိမ့်မယ်လို့ ထင်ပါ တယ်။ နိုင်ငံတော်အနေနဲ့လည်း အခွန်ကောက်ခံမှု စည်းကမ်းချက်တွေကို အများပြည်သူ သိရှိနားလည်နိုင်ဖို့ ရှင်းပြသင့်ပါတယ်” ပာု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့အကောက်ခွန်ဌာနမှ ကောက်ခံလျက်ရှိသည့် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်ရှိ နေအိမ်ခွန်ကောက်ခံမှု နှုန်းထားများမှာ မြင့်မားလျက်ရှိသည့်အတွက် ၎င်း ဒေသမှ ပြည်သူများမှာ နေအိမ်ခွန်နှုန်းထားများကို ပြန်လည်လျှော့ချပေးနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

                ထိုသို့ ဒေသတွင်း အိမ်ခွန်ကောက်ခံမှုနှုန်းထားအား သတ်မှတ်ရာတွင် ၎င်းဒေသရှိ ပြည်သူများ၏ ဝင်ငွေကို စိစစ်သင့်ပြီး ဝင်ငွေအမျိုးအစားပေါ်မူတည်၍ နိုင်ငံတော်မှ သတ်မှတ်စည်းကမ်းချက်နှင့်အညီ အခွန်ကောက်ခံသင့်ကြောင်း စီးပွားရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဖွဲ့စည်း

နိုင်ငံတကာရှိ လူဦးရေဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ကို အမိန့်ကြေညာစာအမှတ် ၄၈/၂၀၁၁ ဖြင့်  မြန်မာနိုင်ငံတွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဖွဲ့စည်းလိုက်ရခြင်း ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်၊ လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာညီလာခံမှ ချမှတ်ထားသော ရည်မှန်းချက်များနှင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်း ချက်များကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းလိုက်သည့် အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်သည် လူဦးရေဆိုင်ရာ မူဝါဒများကို ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာနှင့် အလေ့အထကို မြှင့်တင်ရန်၊ အမျိုးသား အဆင့်လုပ်ငန်းစဉ်များအပေါ် သုတေသန ပြုလုပ်ရန်၊ နှစ်တိုနှစ်ရှည် မြေပြင်လက်တွေ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ စာရင်းအင်းများ ဆန်းစစ်လေ့လာ၍ ပြုစုထုတ်ပြန်ရန်၊ လူဦးရေ သန်းခေါင်စာရင်းနှင့် လူဦးရေစစ်တမ်းများ ကောက်ယူခြင်းနှင့် သတင်းပြန်ကြားရေး စနစ်တစ်ရပ် ထူထောင်ရန် စသည့်လုပ်ငန်းစဉ် များကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၎င်း အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာရှိ လူဦးရေဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

Ref:နေပြည်တော်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားစေလွှတ်မှု ဝန်ဆောင်စရိတ်အား လုပ်သားများ လုပ်ခလစာမှ ပြန်ဖြတ်ရန် စာချုပ် ချုပ်ဆိုရမည်

              ပြည်တွင်းရှိ အေဂျင်စီများအနေဖြင့် ပြည်ပသို့ မြန်မာအလုပ်သမားစေလွှတ်ရာတွင် ဝန်ဆောင်ခအား ၎င်းလုပ်သား၏ လုပ်ခလုပ်စာများထဲမှ ဥပဒေကြောင်းအရ ပြန်ဆပ်သောနည်းဖြင့်သာ စာချုပ်ချုပ်ဆို စေလွှတ်ရန် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်း ပြောကြားခဲ့သည်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် ဝန်ဆောင်ခနည်းနည်းဖြင့် ပြည်ပသို့ မြန်မာအလုပ်သမား များများစေလွှတ်သင့်ပြီး ဥပဒေကြောင်းအရ ဝန်ဆောင်ခများပြန်ဆပ်နိုင်မည့် နည်းလမ်းများကို လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ လုပ်သား သုံးသန်းကျော်မှာ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးကောင်းမွန်မှုမရှိသည့်အတွက်ပြည်ပ နိုင်ငံများ၌ သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် အဓိက အရေးကြီးသည်မှာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများဖြစ်သည့်အတွက် အေဂျင်စီများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်ရန်လိုအပ်ပြီး ပြည်ပရောက် အလုပ်သမားများအတွက် အသက်ရှုချောင်နိုင်စေမည့် နည်းလမ်းများဖြင့်သာ ပို့ပေးသင့်ကြောင်း ပြည်တွင်းအလုပ်သမားအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမားများ၏ လုပ်ခလစာများထဲမှ ပြန်လည် ဖြတ်ယူသောစနစ်၊ ဥပဒေကြောင်းအရ ပြန်ဆပ်သော စနစ်များသည် ပို့ပေးသည့်အလုပ်သမား အေဂျင်စီများအတွက် အခက်အခဲဖြစ်ရလေ့ရှိကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

              Ref:Popular News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နာမည်ကြီး နိုင်ငံရေးအကျဉ်းသားအများ အပြားလွတ်မြောက်

မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးကာလတွင် နိုင်ငံရေး၌ လူသိများထင်ရှားသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသား များသည် ဇန်နဝါရီ ၁၃ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် အကျဉ်းသား ၆၅၁ဦးလွှတ်ပေးလိုက်ပြီဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က လွတ်လာတယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားတချို့ အထဲမှာကျန်ခဲ့သေးတယ်” ဟု ဇန်နဝါရီ ၁၃ရက်နေ့တွင် လွတ်မြောက်လာသူ ၈၈ မျိုးဆက် ဦးမြအေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် အဆိုပါ အကျဉ်းသားများကို “နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း” စသည့်ရည်ရွယ် ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်ပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယခုလွတ်မြောက်လာသော ဦးမင်းကိုနိုင်က တိုင်းပြည်တွင် အခြေအနေများ ပြောင်းလဲလာပြီဖြစ်သည့်အတွက် ပြည်သူများ ပျော်ပျော်ရွှင်ရွှင် ရဲရဲ ဝင့်ဝင့်နှင့် ကြိုဆိုနေကြတာကို တွေ့ရသည့်အတွက်ဝမ်းသာပါကြောင်း လာရောက်ကြိုဆိုကြသည့် လာရောက်ကြိုဆိုသူများကို ပြောကြားခဲ့သည်။

အကျဉ်းသား ၆၅၁ဦး စလုံးသည် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပြီး အတိုက်ခံနိုင်ငံရေးသမားများအပြင် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကဲ့သို့သော အစိုးရဘက်မှ နိုင်ငံရေးသမားများလည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယခု လွတ်မြောက်လာသူတချို့မှာ ကိုမင်းကိုနိုင်၊ ဦးခင်ညွှန့်၊ ဦးကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဇော်သက်ထွေး၊ ကိုထင်ကျော်၊ ဦးခွန်ထွန်းဦး၊ ကိုဘန်ဒိတ်ထွန်း၊ ဦးဂမ္ဘီရ၊ မနီလာသိန်း၊ ကိုဥာဏ်လင်း၊ မသက်သက်အောင်၊ ကိုဇော်ဇော်မင်း၊ ကိုအံဖွယ်ကျော်၊ ဒေါက်တာ တင်မင်းထွဋ်၊ ကိုမျိုးအောင်နိုင်၊ ကိုသန်းတင်၊ ကိုလှမျိုးနောင်၊ မစန္ဒာမင်း၊ ဦးညီပု၊ ကိုသီဟသက်ဇင်၊ ကိုကျော်ဝင်း၊ ကိုကြည်စိုး၊ ကိုဇေယျာအောင်၊ ကိုမျိုးမင်းသန်း၊ ဦးဝီရသူ၊ ဦးစိုင်းညွန်လွင်၊ မကြည်ကြည်ဝါ၊ ကိုဘိုဘို၊ ဦးရဲမြင့်၊ ကိုလွင်မိုးမြင့်၊ ကိုအောင်သန်း (ခေါ်) အောင်မိုး၊ ကိုခင်လှိုင် (ခ) ဖိုးဆောင်း၊ ကိုကျော်အောင်၊ ကိုဝင်းထိုက် (ခ) ဦးရာဇဓမ္မ၊ မမီးမီး (ခေါ်) မသင်းသင်းအေး၊ ကိုစည်သူမောင်၊ ကိုသန့်စင်မျိုး၊ ကိုအောင်ဇော်ဦး၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ်၊ ဦးပြည်ကျော်၊ ကိုကျော်မင်း၊ ကိုဥာဏ်လင်း၊ ကိုနေမျိုးကျော်(နေဘုန်းလတ်)၊ ကိုသန့်ဇင်အောင်၊ ကိုကျော်ကျော်နိုင်၊ ကိုနန္ဒစစ်အောင်၊ ကိုပြည့်ဖြိုးအောင်၊ ကိုကျော်ကိုကို၊ ကိုမောင်ကံ၊ ကိုဇော်မင်းဦး၊ ကိုဇော်ဝင်း၊ ကိုအောင်ကျော်ကျော်၊ ကိုသူရစိုး၊ ကိုမန်းဇော်ထွေးတို့ ဖြစ်ကြကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

KNU နှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးပြီ

နှစ်ပေါင်း ၆၀ ကျော်ကြာ သဘောတူညီမှုမရရှိခဲ့သည့်အတွက် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလေ့ရှိသော ပြည်တွင်းလက်နက်ကိုင် KNU အဖွဲ့နှင့် ယခုအစိုးရသစ်လက်ထက်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU စစ်ဦးစီးချုပ် ဦးမူတူးစေးဖော ခေါင်းဆောင်သောအဖွဲ့တို့မှ ညှိနှိုင်းဆွေးနွေး၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ပိာုတယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲကို ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် KNUနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သော် လည်း ထပ်မံ၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းဖော်ဆောင်ရေးအဖွဲ့နှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ထပမံတွေ့ဆုံဦးမည်ဖြစ်ကြောင်း သိရ သည်။

ယခုKNU နှင့် လက်မှတ်ရေးထိုးခဲ့သည့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပွဲတွင် KNU ဘက်မှ တောင်းဆိုထားသည် များမှာ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးနေရာများ ဖွင့်လှစ်ထားရှိရေး၊ သတ်မှတ်နယ်နိမိတ်အတွင်း၌ လက်နက်မပါဘဲ သွားလာခွင့်ပြုရေးနှင့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရေးတို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်ကြေညာ

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

၎င်း ထုတ်ပြန်ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌသစ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ လစ်လပ်မဲဆန္ဒနယ်(၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ ရန်ကုန်တိုင်း ဒေသကြီး၌ ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သုံးခွမဲဆန္ဒနယ်တွင် ဒေါ်စုစုလွင်၊ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်တွင် ဒေါ်ဖြူဖြူသင်း၊ လှည်းကူး မဲဆန္ဒနယ်တွင် ဦးဖြိုးမင်းသိန်း၊ မရမ်းကုန်းမဲဆန္ဒနယ်တွင် ဒေါက်တာဒေါ်မေဝင်းမြင့်မှ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၌ တောင်ငူမဲဆန္ဒနယ်တွင် ဦးအောင်စိုးမြင့်၊ ထန်းတပင်မဲဆန္ဒနယ်တွင် ဦးစိန်ထွန်း၊ သနပ်ပင် မဲဆန္ဒနယ်တွင် ဦးမြင့်ဦး၊ လက်ပံတန်းမဲဆန္ဒနယ်တွင် ဦးကျော်မင်း ၊ အုတ်တွင်း၊ ထန်းတပင် မဲဆန္ဒနယ်တွင် ဦးမင်းဦး၊ ကဝ မဲဆန္ဒနယ်တွင် ဦးမျိုးခိုင်မှ လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ မန္တလေးတိုင်း ဒေသကြီး၌ မပာာအောင်မြေမဲဆန္ဒနယ်တွင် ဦးအုန်းကြိုင်၊ မိတ္ထီလာမဲဆန္ဒနယ်တွင် ဦးဝင်းထိန်မှလည်းကောင်း၊ မွန် ပြည်နယ်၌ မော်လမြိုင် မဲဆန္ဒနယ်တွင် ဒေါ်ခင်ဋ္ဌေးကြွယ်မှလည်းကောင်း၊ ရှမ်းပြည်နယ်၌ ကလောမဲဆန္ဒနယ်တွင် ဒေါက်တာဒေါ်သန်းငွေမှလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်မဲဆန္ဒနယ်တွင် ဦးဝင်းမြင့်၊ မအူပင် မဲဆန္ဒနယ်တွင် ဦးစိန်ဝင်းပာန် (ခ)ဦးစိန်ဝင်း၊ မြောင်းမြမဲဆန္ဒနယ်တွင် ဦးမန်းကျော်နီ၊ ဖျာပုံ၊ ဒေးဒရဲမဲဆန္ဒနယ်တွင် ဦးသိမ်းဆွေ၊ ရေကြည်မဲဆန္ဒနယ်တွင် ဒေါက်တာလှမြတ်သွေးတို့မှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

                                        *****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တရားဥပဒေကို ညွှန်ကြားချက်ကလွှမ်းမိုးထားရင်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးထားရင်၊ တရားရေးမဏ္ဍိုင် တိမ်းစောင်းယိမ်းယိုင်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ လွှမ်းမိုးမှုတွေ မရှိတော့ကြောင်း အတိအလင်း ပြောကြားလိုပါတယ်”

ဇန်နဝါရီ ၁၂ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၄၃) တွင်ပါသည့် “တရားဥပဒေကို ညွှန်ကြားချက်များ နှုတ်မိန့်များ လွှမ်းမိုးမှု မရှိတော့ဟုဆို” သတင်းမှ ပြည်သူ့ လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္က ဋ္ဌ သူရဦးအောင်ကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လက်ရှိပြည်တွင်းမီဒီယာလောကကိုဘယ်လိုသုံးသပ်ချင်ပါသလဲ။

ပြည်တွင်းမီဒီယာ အနေအထားက တော်တော်လေးတော့ တိုးတက်တယ်လို့ ပြောလို့ရတယ်။ လူငယ်တွေ အများကြီး သတင်းလုပ်ငန်းကို ဝင်လာတာကို တွေ့ရတယ်။ အရေအတွက်တော့ တော်တော်လေးများတယ်။ အရည်အချင်းပိုင်းလည်း နည်းနည်းလေး ပိုပြီးတက်လာဖို့ လိုတယ်။ အတွေ့အကြုံရှိတဲ့ စီနီယာ သမားတွေက အငယ်တွေကို မျှဝေဖို့၊ ဆွဲခေါ်ဖို့ လိုတယ်။ လူငယ်တွေအနေနဲ့ Role Model ကောင်းကောင်းလိုတယ်။ သိပ်များလာတဲ့အခါကျတော့ သတင်းကို ပြုံကြစုကြ လိုက်ကြရင်းနဲ့ အရည်အချင်းပိုင်းမှာ နည်းနည်းလေးပိုပြီးလုပ်ကြရင် နည်းနည်းလေး ပိုပြီးကောင်းမှာပေါ့။ ကျွန်တော်ထင်ပါတယ်။ အရေအတွက်တွေ တဖြည်းဖြည်း များလာရာကနေ စုပြီးတော့မှ ပိုပြီးတိုးတက်တဲ့အပိုင်းကို ရောက်သွားမှာပါ။

ဇန်နဝါရီ ၂၈ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၈) အမှတ် (၅၅၂) တွင်ပါသည့် “ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ အယ်ဒီတာဖြစ်သူ ဦးမင်းထက်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 

မော်။  ။ ဒါဆိုရင် အခုလွတ်ငြိမ်းချမ်းသာခွင့်ပေးတာကဘယ်ခေါင်းစဉ်အောက်ကဆောင်ရွက်တာလို့ ထင်ပါသလဲ။

ဖြေ။  ။အခုပုံစံလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ ပြစ်ဒဏ်လျှော့ပေါ့တာမျိုးဖြစ်တဲ့အတွက် ဘယ်အောက်က ထုတ်ပြန်လဲဆိုတာက နားလည်ရခက်သွားတယ်။ ပြည်သူတွေ မျှော်လင့်ထားတဲ့ အပြီးအပြတ် လွတ်ငြိမ်းချမ်းသာခွင့် (Pardon) မဟုတ်ဘဲ pardon အောက်မှာရှိတဲ့ အချက်သုံးချက်နဲ့ပဲ ညီတယ်ထင်တယ်။ ဆိုင်ငံ့ ပြစ်ဒဏ်၊ ပြစ်ဒဏ်လွတ်ကင်း၊ ပြစ်ဒဏ် ဖြတ်တောက်တာမျိုးလို့ပဲ ထင်တယ်။

ဇန်နဝါရီ ၁၃ ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၂၉၂) တွင်ပါသည့် “တရားလွှတ်တော်ရှေ့နေဦးသန်းအောင်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

*****************************************

 

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment