Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စိတ်အခံများ ပြောင်းဖို့လိုပြီ

************************************

ဆောင်းပါးကဏ္ဍ

စိတ်အခံများ ပြောင်းဖို့လိုပြီ

မိုးမြင့်ငြိမ်း

စာရေးသူ၏ တိုက်ခန်းအောက်ထပ်တွင် အဖွားအိုတစ်ဦးမှာ နေ့စဉ် သတ္တဝါအပေါင်းတို့ကို မေတ္တာပို့သ ဆုတောင်းသည့် အသံကို နံနက်တိုင်း စာရေးသူကြားရမိပါသည်။ စားရေးသူနှင့် လှေကားအတက်အဆင်းတိုင်း ထိုအဖွားအိုမှ နှုတ်ဆက်ပြုံးပြသည့်အတွက် သဘောထားပြည့်ဝသည်ဟု စိတ်ထဲတွင် မှတ်ယူခဲ့မိပါသည်။ သို့သော် ထိုအဖွားအိုနှင့် သူ၏အိမ်နီးချင်းဘေးခန်းမှာ ဆက်ဆံရေးမပြေလည်၍ မခေါ်မပြောကြသည့်အဖြစ် ဆိုက်ရောက် နေခြင်းကို စာရေးသူ အံ့သြမိပါသည်။ နေ့စဉ် သတ္တဝါအပေါင်း ကျန်းမာ၊ချမ်းသာစေရန် မေတ္တာပို့သနေသည့်သူမှာ မိမိ၏ အိမ်နီးနားချင်းကိုရော မေတ္တာမထားနိုင်ဘူးလားဟု စားရေသူ အကြိမ်ကြိမ်အခါခါ ဆင်ခြင်မိပါသည်။

မြန်မာလူ့အဖွဲ့အစည်းတွင် အပြန့်ကျယ်စွာ ကူးစက်ဖြစ်ပေါ်နေသည့် စိတ်သဘောထားတစ်ရပ် ရှိပါသည်။ “က္ကဿာ မစ္ဆရိယ”ဟူသော မနာလိုခြင်း၊ ဝန်တိုခြင်း စိတ်အခံပင်ဖြစ်ပါသည်။ က္ကသာမှာ “ကိုယ့်ထက်သာ မနာလို၊ အကြံတူရန်သူ၊ အလုပ်တူငြူစူ” ဟု ဆိုရိုးရှိသည့်အတိုင်း ဤက္ကဿာသည် အလုပ်တူ၍ ကိုယ့်ထက်သာနေသူ၏ အပေါ်မှာဖြစ်တတ်သည်။ မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘော တည်းဟု အရှင်ဇနကာဘိဝံသ၏ ကိုယ့်ကျင့်အဘိဓမ္မာတွင် အကျယ်တဝံ့ဖော်ပြထားသည်။ လူ့အဖွဲ့အစည်းအတွင်း ထိုစိတ်အခံ (mind-set)ကို အားဖြည့် ပေးလိုက်သည့် စနစ်ဆိုးတစ်ခုလည်း ရှိသေး၏။ ဆိုရှယ်လစ်စနစ်ကို အကောင်အထည် ဖော်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လုပ်ထုံးလုပ်နည်းများ ကြောင့်လည်း ဖြစ်သည်။ မဆလစိတ်မှာ မိမိနှင့်အာဏာရှိသူ ခင်မင်ရင်းနှီးလျှင် အခြားသူများကို မသိစေရန် ဝှက်ထားတတ်သည့် စိတ်အခံဖြစ်သည်။ အကြောင်းရင်းမှာ အာဏာရှိသူနှင့် သိကျွမ်းသည့်အတွက် မိမိမှာ အခွင့်အရေးများရနေခြင်းကို မိမိအပေါင်းအသင်းများနှင့် ထိုအာဏာရှိသူကို ခင်မင်ခွင့် ပေးလိုက်ခြင်းအားဖြင့် မိမိ၏အခွင့်အလမ်းများ ဆုံးရှုံးသွားမည့်အဖြစ်ကို မလိုလားခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အဖွဲ့အစည်းများတွင်လည်း တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှုနှင့် အဖွဲ့နှင့် လုပ်တတ်သည့် (team work)ကို အလေးမထားဘဲ ဝိုင်းလုပ်ဝိုင်းစားသဘောဖြင့် “မင်းလည်း စွမ်းသလောက်မရ၊ ငါလည်း စွမ်းသလောက်မရ၊ အလုပ်ဖြစ်ဖို့ထက် အဖြစ်လုပ်သည့် စိတ်ဓာတ်များ” လွှမ်းမိုးသွားခဲ့သည်။

ယင်း မဆလစိတ်ဓာတ်မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကို နိမ့်ပါးလာစေပြီး “မလုပ်၊ မရှုပ်၊ မပြုတ်”ဟူသော အယူအဆ အခံစိတ်ဓာတ်၏ မျိုးစေ့ ဖြစ်ခဲ့သည်။ ထိုကြောင့် စွမ်းဆောင်ရည်နိမ့်ပါသည့် အစိုးရယန္တရားကြီးဖြစ်လာ၍ စီးပွားရေးဖွံ့ဖြိုးမှု တုန့်ဆိုင်းကာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ဝင်ခဲ့သည်။ သို့သော် မဆလအစိုးရ အကောင်အထည်ဖော်ခဲ့သည်မှာ ဆိုရှယ်လစ်စနစ်သာ ဖြစ်သောကြောင့် ယင်းစနစ်ကို အထောက်အကူပြုမည့် အုပ်ချုပ်ရေးယန္တရားကို မွေးထုတ်ခဲ့သည်ဟု ယူဆ၍ ရနိုင်ပါသည်။ တစ်ခုဆိုးသည်မှာ ယင်း မဆလစိတ်ဓာတ်သည့် ဈေးကွက်စီးပွားရေး အလှည့်အပြောင်း တွင်လည်း ဆက်လက်လိုက်ပါဖြစ်ပေါ်ခဲ့သည်မှာ ယခုထိတိုင်ဖြစ်သည်။ ယင်း မဆလစိတ်ဓာတ်မှာ ဒီမိုကရေစီ အနှစ်သာရဖြစ်သော တစ်ဦးချင်း လွတ်လပ်ခွင့်(individual freedom)နှင့် အရင်းရှင်စနစ်၏ အဓိက တွန်းအားဖြစ်သော မက်လုံး(incentive) ကို အခြေမှ လှိုက်စားသလို ဖြစ်နေရာ စနစ်သစ်ကို အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံအဖို့ အတော်လေး အသိရှိရှိ၊ သတိရှိရှိ ကုစားရဦးမည် မနုဿမျိုးဗီဇ တစ်မျိုးပင် ဖြစ်သည်။

ဦးသိန်းစိန်အစိုးရမှ အားလုံးပါဝင်နိုင် (all inclusive) သည့် နိုင်ငံရေးဖြစ်အောင် ကြိုးစားနေသော်လည်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှု စိတ်အခံနှင့်တော့ နိုင်ငံရေးအင်စတီကျူးရှင်းများကို အကောင်အထည်ဖော်ဖို့ အချိန်ယူကြိုးစားရ ဦးပါမည်။ မြန်မာနိုင်ငံရေးယဉ်ကျေးမှုမှာ အဖြူ၊ အမဲ နိုင်ငံရေးသာ နိုင်ငံရေးစိတ်ဓာတ် အပြည့်ရှိသည်ဟု ခံယူထားသည့်အတွက်ကြောင့် အစွန်းနှစ်ဖက်နိုင်ငံရေး(Polarized politic) မှာ နိုင်ငံရေး အင်အားစုများကြားတွင် &#