Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၇.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနှင့် လွှတ်တော်ချင်း ရင်းနှီးစွာဆက်ဆံရန် တရုတ်လွှတ်တော်တာဝန်ရှိသူ ကတိပြု

(People’s Daily မှ 25 Feb 2012 ရက်စွဲပါ “ Top Chinese legislator vows to further parliamentary exchanges with Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရေရှည်အကျိုးကိုမျှော်ရည်မှန်းကာ

(Bangkok Post မှ 27 Feb 2012 ရက်စွဲပါ “Exploring for the long haul” ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************

မြန်မာနှင့် လွှတ်တော်ချင်း ရင်းနှီးစွာဆက်ဆံရန် တရုတ်လွှတ်တော်တာဝန်ရှိသူ ကတိပြု

(People’s Daily မှ 25 Feb 2012 ရက်စွဲပါ “ Top Chinese legislator vows to further parliamentary exchanges with Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ ထိပ်တန်းလွှတ်တော်အမတ် ဝူဘန်ဂူက မြန်မာနိုင်ငံနှင့် လွှတ်တော်ချင်း အပြန်အလှန် ဆောင်ရွက်ကြရန် သောကြာနေ့တွင် ကတိပြုလိုက်သည်။ တရုတ်ကွန်မြူနစ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်လွှတ်တော် ဦးစီးကော်မတီဥက္ကဋ္ဌ ဝူဘန်ဂူ က မြန်မာနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။

ဝူဘန်ဂူက တရုတ်နှင့်မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကို အမွှန်းတင်ပြောဆိုခဲ့ပြီး၊ ကောင်းမွန်သော အပြန်အလှန် ဆက်ဆံရေးကြောင့် ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ရရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ အဓိက အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ် နားလည်ပေးကာ ပံ့ပိုးထောက်ခံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ စသောကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကိုလည်း အလေးထား ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်လက်ခိုင်မာနေမည့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုရရှိရန်နှင့် ဒေသအရေး၊ နိုင်ငံတကာ အရေးကိစ္စရပ်များအပေါ် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဝူဘန်ဂိုက ဆိုသည်။ ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာ ပြည်ခိုင်ဖြိုးပါတီ အကြား  ခိုင်ခိုင်မာမာဆက်ဆံရေး အပါအဝင် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်စသော အဓိကအရေးကြီးကဏ္ဍများတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ရေးကို တရုတ်လွှတ်တော်ဥက္ကဋ္ဌက အဆိပြုကမ်းလှမ်းခဲ့သည်။

မြန်မာအောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအောင်မြင်မှုများကို ချီးကျူးပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာသင်ယူမည်ဟု ပြောကြားသည်။ ထို့အပြင် မိမိတို့ မြန်မာအစိုးရ၊ လွှတ်တော်နှင့် အာဏာရ ပါတီတို့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အရေးကြီးပုံကို များစွာအလေးထားခဲ့ကြပြီး၊ တရုတ်နိုင်ငံနှင့် နယ်ပယ်ကဏ္ဍမျိုးစုံတွင် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

သူရဦးရွှေမန်းသည် တရုတ်လွှတ်တော်ဦးစီးကော်မတီဥက္ကဋ္ဌ ဝူဘန်ဂို၏ ဖိတ်ကြားမှုဖြင့် ၅ ရက်ကြာခရီးစဉ် လည်ပတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဘေဂျင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

***********************************************************

ရေရှည်အကျိုးကိုမျှော်ရည်မှန်းကာ

(Bangkok Post မှ 27 Feb 2012 ရက်စွဲပါ “Exploring for the long haul” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော် ခြေချခဲ့ပြီးသော PTTEP သည် စွမ်းအင်လိုအပ်ချက်နှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာများတွင် မည်သည့် အပြောင်းအလဲကိုမဆို ရင်ဆိုင်ရန် ကောင်းစွာအသားကျလျက်ရှိသည်။

သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံသည် လာမည့်နှစ်များတွင် စီစဉ်ထားသောရေအားလျှပ်စစ်နှင့် ဓာတ်ငွေ့ အပါအဝင် ထိုင်းနိုင်ငံ၏ အနာဂတ်စွမ်းအင်လိုအပ်ချက်များကိုအဓိကဖြည့်ဆည်းပေးသူဖြစ်လာမည် ဟုယူဆရသည်။

မြန်မာနိုင်ငံဟာလာမယ့်နှစ်ပိုင်းတွေမှာ ကျွန်တော်တို့ရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းကို ရရှိသွားမှာ ဖြစ်ပြီးထိုင်းနိုင်ငံရဲ့ သဘာဝ ဓာတ်ငွေ့ လိုအပ်ချက် ၂၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပါလိမ့်မယ်”ဟု PTTEP ဥက္ကဋ္ဌ အာနွန်ဆရီဆန်တပ်ဆင်က ပြောကြားသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီး၏ ရှာဖွေရေးဌာနခွဲသည် မြန်မာနိုင်ငံနှင့် အစိမ်းသက်သက် မဟုတ်ပဲ ၁၉၈၉ ကပင် လုပ်ငန်းများ စတင်ခဲ့သည်။ ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံရေးပြည်တွင်းရေး၊ နယ်စပ် ပဋိပက္ခများဖြင့် ရှုတ်ထွေးခဲ့သည့်တိုင်အောင် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှု ဖြတ်တောက် သွားခြင်းမရှိခဲ့ပါ ဟုအာနန်ကဆိုပါသည်။ မကြာသေးမှီက ပြုလုပ်သောဆွေးနွေးပွဲတစ်ခုတွင် အာနန်က “မြန်မာအစိုးရရဲ့ အပြောင်းအလဲတွေ ကြောင့် ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ထိခိုက်ခြင်းမရှိပါဘူး။ ဒီအခြေအနေဟာ မြန်မာအစိုးရကိုပိုပြီးတော့ လုပ်သာကိုင်သာ ရှိလာစေပါတယ်” ဟု သုံးသပ် ပြောကြားသည်။

ယခုနောက်ဆုံးမြန်အစိုးရကလိုင်စင်ချပေးသောအချီတွင် ဘင်္ဂလားပင်လယ်အော်တွင်းရှာဖွေရန် လုပ်ကွက်များကို PTTEP က ထပ်မံရရှိခဲ့သည်။ ၎င်း၏ ဇောတိကအခမ်းတွင်းသည် ၂၀၁၃ တွင် ထုတ်လုပ်မှု စတင်ရန် အလားအလာရှိနေပြီး M.S နှင့် M-11 ကဲ့သို့သော ရှာဖွေဆဲ အခမ်းတွင်းများမှာမူ ထုတ်လုပ်ရန် အချိန် ယူရဦးမည်ဟုဆိုသည်။

မာတာဘင် ပင်လယ်ကွေ့အတွင်း ၁၂၃၀၆ စတုရန်းကီလိုမီတာကျယ်ဝန်းသည့် ဇော်တိကစီမံကိန်းကိုထိုင်း PTTEP ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းနှင့် မြန်မာရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE က ၂၀ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ကြသည်။ PTTEP သည် လက်ရှိအချိန်တွင် ကမ်းလွန်လုပ်ကွက် ၃ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၂ ခုကိုလုပ်ကိုင် နေပြီး ရတနာနှင့် ရဲတံခွန်လုပ်ကွက်များကိုမူ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။

လောလောဆယ် ရေနက်ပိုင်းအတွက် နည်းပညာကို ကျွန်တော်တို့လေ့လာနေပါတယ်။ ဒါက မြန်မာနိုင်ငံမှာ မရှိသေးတဲ့ နည်းပညာပေါ့။ M-11 အတွက်ဆိုရင် တစ်ကီလိုမီတာကျော်တဲ့ ရေနက်ပိုင်းနည်းပညာ အကူအညီ လိုအပ်နေပါတယ် ဟုအာနန်က ပြောကြားသည်။

ရတနာနှင့် ရဲတံခွန်လုပ်ကွက်များသည် မြန်မာနိုင်ငံတွင် PTTEP ၏ စိတ်ပျက်စရာပထမခြေလှမ်းနှင့် ကွဲပြားခြားနားစွာပင် အသီးသီး အောင်မြင်မှု ရရှိနေသည်။ PTTEP သည် ၁၉၈၉ ခုနှစ်တွင် Block F ဟုခေါ်သော အစမ်းတွင်းကို တူးဖော်ကာလုပ်ငန်း စတင်ခဲ့သော်လည်း ဓာတ်ငွေ့ မထွက်သောကြောင့် ၁၉၉၇ တွင် ကန်ထရိုက်စာချုပ်ကို အဆုံးသတ်ခဲ့ရဘူးသည်။

“Unocal နဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ပထမဆုံးလုပ်ကွက် မအောင်မြင်လို့ တပ်ခေါက်ခဲ့ရပေမယ့် အဲဒီနောက် မှာတော့ အခွင့်အလမ်းတွေ တသီကြီး ရရှိခဲ့ပါတယ်။ အနာဂတ်မှာလည်း ထပ်မံ ထွက်ပေါ်လာဦးမှာပါ”ဟု မစ္စတာအာနန်က သုံးသပ်ပြောဆိုသည်။

သို့သော် မြန်မာအစိုးရ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကြောင့် နှစ်ပေါင်း ၂၀ ကြာအနောက်နိုင်ငံ Sanctions များ ရုတ်သိမ်းသွားမည်ဆိုပါက အနာဂတ်တွင် PTTEP အနေဖြင့် ပြိုင်ဆိုင်မှုများကိုပိုမိုရင်ဆိုင်ရနိုင်သည်။ လတ်တလော မြန်မာနိုင်ငံတွင် ပြင်သစ်၏ Total မှာလွှဲ၍ အခြားအနောက် ရေနံ ကုမ္ပဏီကြီးများ မရှိသေးပေ။ ထို့ကြောင့် ထိုင်း PTTEP, တရုတ် Sinopec ၊ မလေးရှားPetronas နှင့် အိန္ဒိယEssarအပါအဝင် အာရှသား ကုမ္ပဏီများ အခွင့်သာနေကြခြင်းဖြစ်သည်။

သို့ရာတွင် မြန်မာအစိုးရအနေဖြင့် စီးပွားရေးတံခါးဖွင့်လှစ်ကာ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံငွေများကို ကြိုဆိုနေသည့် တိုင်အောင် ၎င်း၏ ရေနံနှင့် ဓာတ်ငွေ့ သယံဇာတများကို အမြတ်ထုတ်ရန် ကြိုးစားနေသောကုမ္ပဏီများနှင့် ခက်ခက်ခဲခဲ ညှိနှိုင်းရမည့် လက္ခဏာများရှိနေသည်။ စီးပွားရေးဖွံ့ဖြိုး လာပါက ပြည်တွင်းစွမ်းအင် လိုအပ်ချက်လည်း ကြီးထွားလာခြင်းကြောင့်ပင် ဖြစ်သည်။

“မြန်မာနိုင်ငံဟာ အခုအချိန်မှာ လျှပ်စစ်ဓာတ်အားမလုံလောက်မှု ကြီးထွားနေတဲ့အပြင် ပြည်တွင်းဓာတ်ငွေ့ ဈေးကွက်ကိုလည်း ဖြည့်ဆည်းပေးရမယ့် စီမံကိန်းသစ်တွေရှိနေတဲ့အတွက် သူ့နိုင်ငံအတွက် သူဖြည့် ဆည်းပေးနိုင်ဖို့လည်း ကြိုးစားနေရပါပြီ”ဟု အာနန်က ထုတ်ဖော် ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်ချေချမည့် ရင်းမြုပ်နှံသူများကိုလည်း အာနန်က အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ရေရှည်ကို မျှော်ကြည့်ခဲ့တဲ့ PTTEP ကို နမူနာယူကြပါ။ ရေတိုရလဒ်ကိုပဲ မကြည့်ပါနဲ့”ဟု စကားလက်ဆောင် ပါးလိုက်သည်။ “မြန်မာနိုင်ငံကိုသွားမယ်ဆိုရင် ရေရှည်ကိုတွေးပါ။ ရိုက်စားလုပ်ဖို့ မကြံပါနဲ့။ မြန်မာနိုင်ငံတွင်းမှာရင်းနှီးငွေတွေ ရှိနေမယ်ဆိုရင် အခွင့်အလမ်းတွေလည်းပွင့်လာပါလိမ့်မယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ လက်ရှိရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီများအတွက် ပေါ်ထွက်လာသည့် အခွင့်အလမ်းများမှာ ကုန်ကြမ်းဈေးကွက်သာမကပဲ ရေနံချက်စက်ရုံ ကောင်းကောင်းမရှိသော ကုန်ချောဈေးကွက်လည်း ပါဝင်နေသည်ဟု ဆိုသည်။

၂၀၁၀ ခုနှစ်အတွက် ခန့်မှန်းရေနံထွက်နှုန်းတစ်ရက်လျှင် စည်ပေါင်း ၂၁၀၀၀ နှင့် ဓာတ်ငွေ့ထွက်နှုန်း တစ်ရက်လျှင် ကုဗပေပေါင်း ၁၁.၅၄ ဘီလျံရှိနေသော မြန်မာနိုင်ငံတွင် ခေတ်မှီရေနံချက်စက်ရုံများ မရှိသောကြောင့် သန့်စင် ထုတ်လုပ်နိုင်စွမ်း နည်းပါးသည်ဟု သိရှိရသည်။ "မြန်မာနိုင်ငံမှာ အခုရဖို့ ကြိုးစားနေတဲ့ ရေနက်ပိုင်းနည်းပညာနဲ့ ခေတ်မှီရေနံချက် ကုန်ချောစက်ရုံတွေ မရှိတဲ့အတွက် အနာဂတ် လိုအပ်ချက်တွေကို ပြည့်မှီအောင် ထုတ်လုပ်ဖို့ မလွယ်ပါဘူး။ လိုအပ်နေတဲ့ စည်တစ် ခုလုံးကို အစအဆုံး ခြေခံကျကျ ပြောင်းလဲပြင်ဆင်ဖို့လိုပါတယ်" ဟု PTTEP အကြီးအကဲအာနန်က မှတ်ချက်ပေးသည်။

PTTEP ၏ မိခင်ကုမ္ပဏီ PTT PlC သည် မြန်မာနိုင်ငံအတွင်းလုပ်ငန်းစနိုင်မည့် အလားအလာများကို လေ့လာနေသည်ဟု အာနန်က ပြောကြားသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

*****************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment