Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၂.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြစ်ဆုံရေကာတာစီမံကိန်းအား လျင်လျင်မြန်မြန်ပြန်စရန် တရုတ်မှ တိုက်တွန်းပြောဆို
  2. အထူးစိုက်ပျိုးရေးဇုန်ဖော်ထုတ်နိုင်ရန် ဒဂုံအရှေ့ ရပ်ကွက်(၁၁)ခုအား ဖျက်သိမ်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ၌ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂအကြီးအကဲများသာ လေ့လာခွင့်ရမည်
  2. နိုင်ငံရေးအရ အဖြေရှာတဲ့အခါမှာ အခြေခံဥပဒေနှင့် ဆက်စပ်လျက်ရှိသည်ဟု ဒေါ်စု မော်လမြိုင်တွင် ပြောကြား
  3. ကျောင်းသားခေါင်းဆောင်နှင့် ကျောင်းသားများ အသတ်ခံရမှု ABSDF မှ ဖော်ထုတ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြစ်ဆုံရေကာတာစီမံကိန်းအား လျင်လျင်မြန်မြန်ပြန်စရန် တရုတ်မှ တိုက်တွန်းပြောဆို

မတ်လ ၁၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်ဆောင် ရွက်ရန်အတွက် ထိရောက်စွာ ဆွေးနွေးနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံမှ စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းဥက္ကဋ္ဌ Lu Qizhouမှ ပြောကြားသွားခဲ့သည် ဟု သတင်းရရှိသည်။

ကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ကျော်ကုန်ကျရန်ရှိသည့် ကချင်ပြည်နယ်မှ မြစ်ဆုံရေကာတာစီမံကိန်းအား ယခုလက်ရှိတွင် ဆောင်ရွက်လျက်ရှိ သည့် စိုးရိမ်ရမည့် ကိစ္စရပ်များပြီးဆုံးသွားပြီးနောက်တွင် လျင်လျင်မြန်မြန်ဖြင့် ယင်းစီမံကိန်းအား ပြန်လည်စတင်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှ ထိုစီမံကိန်းတွင်ရရှိမည့် အမြတ်များမှာ ၇၀ရာခိုင်နှုန်းနီးပါး အမြတ်အစွန်းရရှိမည်ဖြစ်ပြီး ယင်းလျှပ်စစ်စွမ်းအင်တွင် မက်ဂါ ဝပ် ၆၀၀၀နီးပါးရှိသည့် ပမာဏထဲမှ ၉၀ရာခိုင်နှုန်းနီးပါးခန့်ရရှိမည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် International River “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ၏ ပြောဆိုချက်အရ သိရသည်။

ထိုစီမံကိန်းအား နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ၂၀၁၁ခုနှစ် စက်တင်ဘာလမှစ၍ ၎င်း၏ သမ္မတသက်တမ်းတွင် ရပ်ဆိုင်းထားခဲ့သည့် စီမံကိန်း တစ်ခုဖြစ်ပြီး ယင်းစီမံကိန်းတွင် တရုတ်မှ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ကျော် သုံးစွဲသွားရန် ရှိသည်ဟု လည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

အထူးစိုက်ပျိုးရေးဇုန်ဖော်ထုတ်နိုင်ရန် ဒဂုံအရှေ့ ရပ်ကွက်(၁၁)ခုအား ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အင်းဝအရှေ့ဘက်ရှိ ရပ်ကွက်(၁၁)ခုအား ယခင်က အိမ်ရာအဖြစ် ဆောက်လုပ်ရန်      မြေကွက် ချထားပေးခဲ့သော်လည်း ယင်းမြေကွက်နေရာများမှာ အထူးစိုက်ပျိုးရေးဇုန်အတွင်း ပါဝင်သည်ပာုဆိုကာ မြေကွက်ချထားပေးမှုများကို ပြန်လည် ဖျက်သိမ်းခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒဂုံအရှေ့ပိုင်း မြို့နယ်ထဲက ရပ်ကွက် (၁၁)ခုပာာ နိုင်ငံတော်ကဖော်ထုတ်မယ့် ခေတ်မီစက်မှုလယ်ယာ စံပြ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်းဧရိ ယာထဲမှာ ပါဝင်နေတဲ့အတွက် မြေကွက်ချထားပေးမှုတွေကို ပယ်ဖျက်လိုက်ရပါတယ်”ပာု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ဒဂုံအရှေ့ပိုင်းမြို့နယ်အတွင်း မြေကွက်ချထားပေးမှုများကို ပယ်ဖျက်သွားမည်ဖြစ်သော်လည်း မြေကွက်ဖိုးငွေများကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး ယင်းမြေကွက်တန်ဖိုး ပြန်လည်ထုတ်ပေးမည့် ငွေပမာဏမှာ ယခင်ဝယ်ယူခဲ့သည့် ဈေးနှုန်း ၁၂၀၀၀ ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်က စိုက်ပျိုးရေးဇုန် လုပ်မယ်ဆိုပြီး ပြန်သိမ်းတာဆိုတော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ပြီးတော့ အိုးအိမ်က အရင်ဝယ်ယူထားတဲ့ ဈေးနှုန်း ၁၂၀၀၀အတိုင်း ပြန်ပေးမယ်ဆိုတော့ ကျွန်တော်တို့အတွက် တော်တော်ကို ခက်ခဲသွားတာပေါ့။ ၁၂၀၀၀ဆိုတာက တစ်ရက်စာအသုံးစရိတ်လောက်ပဲ ရှိတယ်။ ဒီငွေနဲ့တော့ ဘယ်လိုမှ နောက်ထပ်မြေကွက်တစ် ကွက် ဝယ်လို့မရနိုင်ဘူးလေ”ပာု မြေကွက်ဝယ်ယူထားသူတစ်ဦးက ဆိုသည်။

နိုင်ငံတော်မှ စံပြလယ်ယာစိုက်ပျိုးရေးဇုန်အဖြစ် ဖော်ထုတ်နိုင်ရန် ဒဂုံအရှေ့ဘက်ပိုင်းမြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအလိုက် မြေတိုင်းရပ်ကွက် ၁၁ခုမှ မြေကွက်ပေါင်း ၈၀၇၉ကွက်ကို  ပြန်လည်သိမ်းယူမည်ဖြစ်ပြီး ယင်းမြေကွက်များမှာ အစိုးရဝန်ထမ်း လုပ်သက် ၂၀နှစ်နှင့် အထက်ရှိသူများအား    ချထားပေးခဲ့သည့် မြေကွက်များဖြစ်ကြောင်း သိရသည်။

“အရင်က ဒီမြေကွက်တွေကို ၁၅သိန်း၊ ၁၆သိန်းတွေပေးပြီး ဝယ်နေကြတယ်။ အခု နိုင်ငံတော်က သိမ်းတော့မယ်ဆိုတော့ မြေကွက်ဝယ်ယူမှုတွေ က ရပ်တန့်သွားပြီး။ အရင်ကတည်းက ဒီမြေကွက်တွေကို ပြန်သိမ်းမယ့် မြေကွက်ဆိုတာတွေ သိသိကြီးနဲ့ အရောင်းအဝယ်တွေ လုပ်နေကြတာပါ ဒီမြေ ကွက်တွေက အရင်ကတည်းက စိုက်ပျိုးဇုန်မြေကွက်တွေ ဖြစ်ပါတယ်”ပာု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

ဒဂုံမြိုသစ်အရှေ့ပိုင်း ရပ်ကွက်(၁၁)ခုအား စံပြအထူးစိုက်ပျိုးရေးဇုန်များ လုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ ပြန်လည် သိမ်းယူတော့မည်ဖြစ်သည့်      အတွက် ၎င်းနေရာများ၌ နေထိုင်လျက်ရှိကြသည့် ပြည်သူများမှာ နေစရာပျောက်ပျက်၍ အခက်အခဲ အကျပ်အတည်းများဖြင့် ကြုံတွေ့ရမည်ကို စိုးရိမ်လျက် ရှိကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ၌ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂအကြီးအကဲများသာ လေ့လာခွင့်ရမည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် စောင့်ကြည့်ရေးပုဂ္ဂိုလ် များအဖြစ် သံရုံးမှ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂဆိုင်ရာ အကြီးအကဲများကိုသာ လာရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

၂၀၁၂ မတ်လ ၈ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာ နများ၊ အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ဒီလာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးရုံးချုပ်က စောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုဖို့ အလေးအနက် စဉ်းစားမယ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ခဲ့တဲ့ အာဆီယံအတွင်းရေးမှူးချုပ် Mr.Surin Pitsuwan ကို ပြောဆိုခဲ့ပေမယ့် အာဆီယံနိုင်ငံတွေကတော့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ရမှာမပာုတ်ပါဘူး”ပာု ဦးတင်အေးက ဆက်လက်ဆိုသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ မိမိတို့၏ ဂုဏ်သိက္ခာများအရ ယခုလာမည့် ကြားဖြတ်ရွေး ကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိပြီး ယင်းလစ်လပ်မဲဆန္ဒနယ်များ နိုင်ငံရေးပါတီ ၁၇ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည် ရွေးကောက်ပွဲတွင် ကြိုတင်မဲနှင့် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ ကြောင့် နိုင်ငံတကာအလယ်၌ အငြင်းပွားဖွယ်ရွေးကောက်ပွဲအဖြစ်သာ ရှုမြင်ခဲ့ရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအရ အဖြေရှာတဲ့အခါမှာ အခြေခံဥပဒေနှင့် ဆက်စပ်လျက်ရှိသည်ဟု ဒေါ်စု မော်လမြိုင်တွင် ပြောကြား

မတ်လ ၁၁ရက်နေ့၌ မော်လမြိုင်မြို့နယ်တွင် ကျိုက်မရောလမ်းမအနီးရှိ ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်း၌ မနက်၇နာရီမှစ၍ NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲပြုလုပ်ခဲ့ရာ မော်လမြိုင်မှ ကျောင်းသားလူငယ်များသာမက အလူးလေးရွာမှ ကရင်လူမျိုး များကပါ ကြိုဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

ထို့နောက် ၎င်းသည် ယင်းဟောပြောပွဲသို့ တက်ရောက်ကြသည့် ပြည်သူလူထု တစ်သိန်းနီးပါးအား ဒီမိုကရေစီစနစ်တွင် ပြည်သူ့အသံသည် အရေးပါကြောင်း၊ ထို့ပြင် ၂၀၁၀ရွေးကောက်ပွဲတွင် မည်သို့မည်ပုံကြောင့် ပါတီအား မှတ်ပုံမတင်ရကြောင်းနှင့် အကျဉ်းကျနေသည့် ပါတီဝင်ဟောင်းများ စာရင်းအား ပယ်ဖျက်ရမည်ဆိုသည့် အချက်အား လက်မခံကြောင်းနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှ အခြေခံဥပဒေကို ကာကွယ်ရမည်ဆိုသည့် အချက် များကို လက်မခံနိုင်သော ကြောင့်ဖြစ်သည်ဟု YPIသတင်းဌာန၏ ဖော်ပြချက်မှ ကောက်နုတ်ဖော်ပြလိုက်သည်။

“ဒေါ်စုက တစ်နာရီနီးပါး မိန့်ခွန်းပြောသွားတာ။ အဲဒီထဲမှာ ငြိမ်းချမ်းရေးအတွက်လည်း ကြိုးစားရမယ်ဆိုပြီး ပြောသွားတယ်။ ပြီးတော့ နိုင်ငံရေး အဖြေရှာရာမှာလည်း အခြေခံဥပဒေနဲ့ ဆက်စပ်နေကြောင်း ပြောသွားပါတယ်။ ဟောပြောပွဲမှာ ကျွဲခြံကုန်းကျေးရွာနားမှာရှိတဲ့ အလူးလေးရွာက ကချင်လူ မျိုးတွေလည်း လာပြီးနားထောင်တဲ့အထဲမှာ ပါပါတယ်။ အားလုံးပေါင်းရင် လူဦးရေ တစ်သိန်းကျော် တက်ရောက်နားထောင်ခဲ့ပါတယ်”ဟု ကျွဲခြံကုန်း  ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုသို့ဟောပြောရာတွင် ၎င်းစတင်ရောက်ရှိသည့် မော်လမြိုင်မြို့နယ်သို့ မရောက်မီ အသွားလမ်းတွင်လည်း သထုံ မြို့နယ်၊ ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့နယ်များတွင်လည်း ခေတ္တရပ်နား၍ ယင်းမြို့နယ်များရှိ လူထုအား ဟောပြောပွဲများ ပြုလုပ်သွားခဲ့သေးသည်ဟုလည်း သတင်းရရှိသည်။

“ဟောပြောပွဲနေ့မတိုင်ခင်ညကလည်း ဒေါ်စုက မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟောင်းတစ်ခုက ခေါင်းဆောင်တစ်ချို့ရယ် မော်လမြိုင် မြို့နယ်က အန်ဂျီအိုအဖွဲ့အချို့ကိုလည်း တွေ့ဆုံခဲ့သေးတယ်”ဟု သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့နောက် ၎င်း၏ မတ်လ ၁၂ရက်နေ့ မော်လမြိုင်မြို့နယ်မှ ရန်ကုန်သို့အပြန်လမ်းတွင်လည်း နှုတ်ဆက်ရန်စောင့်ဆိုင်းနေကြသည့် ပေါင်မြို့နယ် နှင့် သထုံမြို့နယ်တို့မှ ပြည်သူလူထုအား နှုတ်ခွန်းဆက်၍ ဟောပြောခဲ့သေးသည်ဟုလည်း သတင်းရရှိသည်။

ထိုမော်လမြိုင်မြို့နယ်ရှိ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် NLDပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ရှေ့နေဒေါ်ခင်ဌေးကြွယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ကျောင်းသားခေါင်းဆောင်နှင့် ကျောင်းသားများ အသတ်ခံရမှု ABSDF မှ ဖော်ထုတ်မည်

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် တော်လှန်ရေးအတွင်း ကျောင်းသားခေါင်းဆောင် ကိုထွန်း အောင်ကျော် အသတ်ခံရမှုနှင့် ကျောင်းသားခေါင်းများအား သတ်ဖြတ်မှု၊ သွေးထွက်သံယို ဖြစ်မှုများကို တစ်နှစ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် မကဒတ(မြောက်ပိုင်း)ဒေသတွင် ဖြစ်ပွားခဲ့သည့် ကိုထွန်းအောင်ကျော်အပါအဝင် တပ်ဖွဲ့ဝင် ၁၅ဦးကို စစ်ထောက်လှမ်းရေးပာု စွပ်စွဲ၍ သတ်ဖြတ်ခဲ့မှုကိစ္စရပ်ကို တစ်နှစ်အတွင်း ABSDFမှ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး ၎င်းကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)သည် ၂၀၁၂ဇန်နဝါရီလပိုင်းတွင် အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့ ကို အဖွဲ့ဝင် ၅ဦးဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ဒီဖြစ်စဉ်တွေမှာ အမှန်တကယ်ကို နစ်နာခဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အမှန်တရားနဲ့ တရားမျှတမှုရှိဖို့အတွက်ကို ဖော်ထုတ်ချင်ပြီး သေသွားတဲ့လူတွေအတွက် လုပ်ပေးနိုင်တာတွေကို လုပ်ပေးတဲ့သဘောမျိုးပါ ပဲ”ပာု ABSDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ တာဝန်ပေးချက်အရ  အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့မှ လုပ်ဆောင်ရမည့်တာဝန်များမှာ-သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့် အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်သွားနိုင်ရေး၊ ပါဝင် ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊ သက်ဆိုင်သူများအားလုံး နားလည်ကျေနပ်မှုနှင့် ပြန်လည် သင့်မြတ် မှုရရှိစေရေး၊ မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွှတ်မှု ထိန်းသိမ်းတည်ဆောက်သွားနိုင်ရေး၊ အနာဂါတ် မြန်မာ နိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးတို့ဖြစ်ကြောင်း သိရသည်။

“အခုဖွဲ့စည်းလိုက်တဲ့ တရားမျှတမှုနဲ့ အမှန်တရားဖော်ထုတ်ရေးအလုပ်အဖွဲ့မှာက အရေးယူနိုင်တဲ့ အခွင့်အာဏာ မရှိဘူးလေ။ ဒီတော့ ဒီလုပ်ငန်း စဉ်တွေ လုပ်ဆောင်ပြီးပြီဆိုမှ သက်ဆိုင်သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်အောင် လုပ်ဆောင်မှာပါ”ပာု ABSDFမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းသားများမှ စုပေါင်း၍ လက်နက်ကိုင် တော်လှန်ကြမည့်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မပြောင်းလဲတဲ့ဒေသမှာ Rule of Law ကို သွားပြောရင် အရှုးဖြစ်တယ်။ အရင်က ထင်ထားကြတာက ပင်မအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ရန်ကုန် ဒါမှမဟုတ် နေပြည်တော်နဲ့ အလှမ်းကွာဝေးလွန်းတဲ့နေရာမှာ အောက်ခြေ အာဏာပိုင်တွေကြား အပြောင်းအလဲမရှိသေးဘူးပေါ့လေ။ ခုဖြစ်တဲ့နေရာကတော့ ရန်ကုန်နဲ့ နီးနီးလေးဆိုတော့ ပြောင်းလဲတယ်၊ မပြောင်းလဲဘူးက လူတွေရဲ့ ပင်ကိုစိတ်အခံနဲ့ပဲဆိုင်တယ်”

မတ် ၁၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၃) တွင်ပါသည့် “ခေါင်းဆောင်ပိုင်းများမှ ဒီမိုကရေစီ ကူးပြောင်းရာတွင် ကြိုးစား ပြောင်းလဲနေသော်လည်း အောက်ခြေပိုင်းတွင် ပြောင်းလဲမှုနည်းပါး” သတင်းဆောင်းပါးမှ တောင်သူလယ်သမားအရေးဆောင်ရွက်သူ ကိုမျိုးသန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မဲစာရင်းတွေမှာ မူမမှန်တဲ့ဟာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း တစ်ခုခု ဆောင်ရွက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြောကြားထားပါတယ်။ ဒါကြောင့်လည်း အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ်ခြေလှမ်းတွေ လှမ်းဖို့အတွက် စဉ်းစားဆုံးဖြတ်မှုတွေ မလုပ်ခင်မှာလာမယ့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အနီးကပ် စောင့်ကြည့်စေချင်ပါတယ်”

မတ် ၁၂ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၂၄) တွင်ပါသည့် “မဲစာရင်းတွင် မလျော်ကန်မှုများ ရှိနေကြောင်း အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဖုန်းပြောဆိုခ လျှော့တော့ပေးတယ်။ ဒါပေမဲ့ အလုပ်ချိန်မှာ မဟုတ်ဘူး။ ညအိပ်ချိန်မှာ လျှော့ပေးတော့ ဘယ်လို စဉ်းစားပြီးလုပ်ပေးတယ်ဆိုတာ မပြော တတ်တော့ပါဘူး”

မတ် ၁၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၃) တွင်ပါသည့် “အများသူငါ အိပ်စက်ချိန်တွင် ဖုန်းပြောဆိုခ လျော့ချပေးခြင်းသည် လူထုအပေါ် အကျိုးသက်ရောက်မှု နည်းပါး” သတင်းမှ ကုန်စည်တင်ဆောင်မှု လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment