Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်၏ အနှောက်အယှက် ဖြစ်စရာအရိပ်လက္ခဏာများ

(Council on Foreign Relation မှ 8 June 2012 ရက်စွဲပါ Disturbing signs of Myanmar's reforms coming undone ကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာ့ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်၏ အနှောက်အယှက် ဖြစ်စရာအရိပ်လက္ခဏာများ

(Council on Foreign Relation မှ 8 June 2012 ရက်စွဲပါ Disturbing signs of Myanmar's reforms coming undone ကိုဘာသာပြန်ဆိုသည်)

လွန်ခဲ့သော ရက်သတ္တပတ်၊ နှစ်ပတ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် ဆိုးရွားသည့် အဟန့်အတားများရှိနေသည့် အရိပ်လက္ခဏာ အတော်များများကို တွေ့မြင်လာရသည်။ အဆိုပါ အဟန့်အတားများနှင့် ပြဿနာများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြခြင်း မဟုတ်သလို ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို လမ်းချော်သွားအောင်လည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးမျိုးကိုတော့ ဖြစ်စေမည်မှာ အမှန်ပင် ဖြစ်သည်။

၁။ လူပုဂ္ဂိုလ်နိုင်ငံရေး အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ဦးတည်းဦးဆောင်သော ခေတ်ကာလမှ ပြုပြင်ပြောင်းလဲရေး ခေတ်ကာလသို့ပြောင်းလဲရာ၌ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် လူပုဂ္ဂိုလ်စွဲသည့် အလေ့အထ ပါဝင်လာသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးသော ဉာဏ်ကြီးရှင်အဖွဲ့(Think Tank)များနှင့်  အန်ဂျီအိုများတွင် လုပ်ကိုင်နေကြသော ပညာတတ် မြန်မာလူမျိုးများသည်ပင် "ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်သည် သမ္မတကြီးဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်၌ များစွာမှီခိုလျက်ရှိသည်။"ဟု သုံးသပ်ပြောဆိုကြကြောင်း ကြားသိရသည်။ အမှန်ပြောရလျှင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ လွန်စွာ အရေးကြီးသည်။

သို့သော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်မှုအပြည့်အဝ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အင်စတီကျူးရှင်းကြီးများ လိုအပ်သလို နိုင်ငံရေးသမားများကလည်း ယင်းအင်စတီကျူးရှင်းကြီးများ ပေါ်ထွန်းလာရေးအတွက် စတင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လိုအပ်သည်။ သို့မှသာ မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် အနေဖြင့် လူပုဂ္ဂိုလ်နှစ်ဦး၏ ဆက်ဆံမှုလောင်းရိပ်မှ ကင်းလွတ်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး နယ်စပ်ဒေသမှ ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ်ခဲ့မှုသည် မြန်မာသမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကို အမျက်ထွက်အောင် ပြုလုပ်လိုက်သလို ဖြစ်သွားသည်။ အကြောင်းမှာ ယင်းဖိုရမ်သို့ တက်ရောက်မည့် အစီအစဉ်အား ဦးသိန်းစိန်က ရုတ်တရက် ဖျက်သိမ်းပစ်လိုက်သောကြောင့် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာလည်း ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စခန်းများတွင် မိုက်ခရိုဖုန်းဖြင့် မိန့်ခွန်းပြောကြားခွင့် မရရှိခဲ့ပေ။ ဤဖြစ်ရပ်များကို ကြည့်လျှင် အဓိက မြန်မာခေါင်းဆောင်နှစ်ဦးအကြား ဆန့်ကျင်ဘက် သဘောတရားများ ကြီးထွားလာလျက် ရှိသည်ဟူသော အချက်ကိုဖော်ပြရာ ရောက်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် သတိကြီးစွာထားရှိရန် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းမှုသည် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နှင့် ချစ်ကြည်ရင်းနှီးမှု လျော့နည်းလာခြင်းကို ထုတ်ဖော်ပြသသလို ဖြစ်သွားသည်။ ဆိုပါက ဤမျှသော ကိစ္စမျိုးတို့မှာ အခြားသော တိုင်းပြည်တစ်ခုခုတွင် ရေးကြီးခွင်ကျယ် ပြဿနာမဟုတ်ပေ။ သို့သော် လူပုဂ္ဂိုလ်နှစ်ဦး၏ လောင်းရိပ်အောက်တွင် ရှိသော မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွက် ကြီးစွာသော ပြဿနာပင်ဖြစ်သည်။

ရှန်ပိန်ပုလင်းဖုံးဖွင့်သလို

မြန်မာနိုင်ငံသည် မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်ရာဖြစ်သလို ခွဲခြားဆက်ဆံမှုများမှာလည်း တိုင်းရင်းသားများအကြား လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့ပေရာ ယခု ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်က ကာလကြာ မျိုသိပ်ခဲ့ရသည့် ခံစားချက်များ ပွင့်ထွက်လာအောင် လုပ်ဆောင် နေသကဲ့သို့ ရှိသည်။ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အဆိုပါ ပြဿနာများအပေါ် မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ကို ဂဃနဏ သိရှိထားပုံ မရပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အတိတ်ကာလကအတိုင်း ရာဇဝတ်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများကို ဖြေရှင်းနှိမ်နင်းရန်သာ အလေးပေးကြပြီး အခြားသော တင်းမာမှုမျိုးကိုမူ ဥပက္ခာပြု ထားတတ်ကြသည်။ ယခု ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းသမားများက လူ ၁၀ ဦးခန့်ကို သတ်ဖြတ် ပစ်လိုက်သည့် ဖြစ်ရပ်ကြောင့် တင်းမာမှုများနှင့် နောက်ဆက်တွဲ ရုန်းရင်းဆန်ခတ်မှုများ ထွက်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ဤကဲ့သို့သော မထင်မှတ်သည့် ပြဿနာများနှင့် တင်းမာမှုများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ရှိ၊မရှိဟူသည်မှာ မေးစရာ ဖြစ်လာသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက မြန်မာအနေဖြင့် ကောင်းစွာလေ့ကျင့် ပျိုးထောင်ထားပြီး ရက်စက်ကြမ်းတမ်းမှု နည်းပါးသော ရဲတပ်ဖွဲ့များ လိုအပ်ပေလိမ့်မည်။

နိုင်ငံခြားသားများ အဆမတန်ဝင်ရောက်မှု အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများကချမှတ်ထားသော    ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ရန်ကုန်နှင့် မြို့တော်နေပြည်တော် တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံခြားပညာရှင်များ၊ မူဝါဒရေးရာကျွမ်းကျင်သူများ၊ နိုင်ငံခြား သံတမန်များ၊ အန်ဂျီအိုများ တစ်စတစ်စ များပြားလာသည်။ ထိုသို့ များပြားလာရခြင်းမှာ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရ၍ နယ်ပယ်အသီးသီးတွင် ကြီးမားသော လိုအပ်ချက်များ ရှိနေသည်ဟူသော အချက်ကို ဖော်ကျူးနေခြင်းပင် ဖြစ်သည်။  Brookling Institute မှ Lex Rieffel ကမူ မြန်မာသည် အဆမတန် ဝင်ရောက်လာမည့် ငွေကြေးများနှင့် အကြံဉာဏ်များ အားလုံးကို ကိုင်တွယ်ထိန်းကျောင်းမည့် နည်းစနစ် ကောင်းများ လွန်စွာရှားပါးနေကြောင်း သုံးသပ်ပြောဆိုသည်။ အနာဂါတ် မြန်မာအစိုးရအနေဖြင့် ကမ္ဘောဒီးယားမှ ဟွန်ဆန်အစိုးရကဲ့သို့ နိုင်ငံတကာ အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို အသုံးပြုကာ အာဏာရှင် လက်သစ်ပုံစံ ပြုလုပ်လာမည့် အရေးအတွက်လည်း စိုးရိမ်ရပြန်သည်။ သို့မဟုတ် ထွက်ပေါ်လာမည့် ဈေးကွက်သစ်များ၊ အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများက မြန်မာ့စီးပွားရေးကို လွှမ်းမိုးကာ ငွေကြေး ဖောင်းပွမှုများ ပေါ်ထွန်းလာမည့် အန္တရာယ်လည်း ရှိနေသည်။ မြန်မာ့စီးပွားရေးတစ်ခုလုံးကို ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းအတွက် သက်သက် အသုံးချလာနိုင်သည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment