Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၁.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နိုင်ငံတော်သို့ ရွှေကြွေးကျန်ပေးနိုင်မည့်နေ့ ခံဝန်လက်မှတ်ထိုး၍ ကန့်သတ်
  2. စက်မှုဇုန်များရှိ စက်ရုံများအတွက် ယာယီအခြေခံလစာများ သတ်မှတ်ပေးမည်
  3. ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းများအား အခွန်သက်သာခွင့်ပြု

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနိုင်ငံအား Burma ပာု မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြား
  1. အယူအဆနှင့် ပုဂ္ဂိုလ်ရေးများကွဲနေသည့်အတွက် မွန်ပါတီနှစ်ခု ပူးပေါင်းရေးအခက်ကြုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြည်တွင်းသတင်းများ

နိုင်ငံတော်သို့ ရွှေကြွေးကျန်ပေးနိုင်မည့်နေ့ ခံဝန်လက်မှတ်ထိုး၍ ကန့်သတ်

မကြာသေးမီအချိန်က နိုင်ငံပိုင်သတင်းမီဒီယာများမှ တစ်ဆင့် နိုင်ငံတော်သို့ ရွှေကြွေးကျန်ပေးဆောင်ရမည့် လုပ်ငန်းရှင်များအမည်စာရင်းတွင် ပါရှိသူများအနေဖြင့် အချိန်ကာလ တိတိကျကျသတ်မှတ်ထားခြင်း မရှိသေးဘဲ ကြွေးကျန်ပေးနိုင်မည့်အချိန်ကို ခံဝန်လက်မှတ်ရေးထိုး၍ ကန့်သတ် ထား မည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

“ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ နိုင်ငံတော်ကို ရွှေကြွေးကျန်ပေးရမယ့်သူတွေ ခံဝန်လက်မှတ်ထိုးပြီးတော့ ကန့်သတ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။ သူတို့အတွက်လည်း နည်းနည်းသက်သာနိုင်တာပေါ့”ပာု အမှတ်(၂)သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ရွှေကြွေးကျန်ပေးသွင်းရန် ကြေငြာခဲ့သည့်စာရင်းတွင် ကုမ္ပဏီပေါင်း ၃၀၀ ဝန်းကျင်ခန့်ပါရှိပြီး မေလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ယင်းရွှေကြွေးကျန်များ နိုင်ငံတော်သို့ ပေးသွင်းခြင်းမရှိပါက နာမည်ပျက်စာရင်းကြေညာမည်ဖြစ်ကြောင်း နိုင်ငံ ပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်းမှ သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း နိုင်ငံတော်ကို ပုံမှန်ရွှေပေးသွင်းချင်တာပေါ့။ ဒါပေမယ့် လောလောဆယ်မှာက ကျွန်တော်တို့ဆီက ရွှေထွက်တာ က နည်းနည်း။ နိုင်ငံတော်ကကို ပေးသွင်းနေရတာက များများဆိုတော့ အလုပ်သမားစရိတ်တောင် မကာမိဘူး။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ နည်းနည်း လျှော့ပေါ့ပြီး စဉ်းစားစေချင်တာပါ”ပာု ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ် ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ရာတွင် အချို့ကုမ္ပဏီများသည် ၂၀၀၇ ခုနှစ်မှ စတင်၍ လုပ်ငန်းပါစာချုပ်အတိုင်း နိုင်ငံတော်သို့ပေးသွင်းရမည့် (၁၄) ပဲရည်နှင့် အထက် ရွှေများအားပေးသွင်းရန် ပျက်ကွက်ခဲ့သည့်အတွက်  ယင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်းသွင်းခြင်းအပြင် တည်ဆဲတရားဥပဒေများ၊ လုပ်ငန်းစာချုပ်ပါ စည်းကမ်းချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

Ref:Weekly Eleven

-----------------------------------------------------------------------------------------------------------

စက်မှုဇုန်များရှိ စက်ရုံများအတွက် ယာယီအခြေခံလစာများ သတ်မှတ်ပေးမည်

စက်မှုဇုန်များရှိ စက်ရုံများမှ အလုပ်သမားများအတွက် ကဏ္ဍအလိုက်ခွဲခြားကာ ယာယီအခြေခံလစာ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ဇွန်လ ပထမပတ်အတွင်း လှိုင်သာယာစက်မှုဇုန်တွင် ကျင်းပခဲ့သည့် ယာယီအခြေခံလစာ ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမားရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“စက်မှုဇုန်တွေမှာ ရှိတဲ့ စက်ရုံအလုပ်သမားတွေအတွက် ယာယီအခြေခံလစာတွေကို ကဏ္ဍအလိုက်ခွဲခြားပြီးတော့ ပေးသွားမှာပါ။ ဒီလို ယာယီ အခြေခံလစာတွေသတ်မှတ်ပေးနိုင်ဖို့အတွက် အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံက ပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး တော့ ညှိနှိုင်းနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများတွင် ညှိနှိုင်းဖျန်ဖြေရေးကော်မတီများ ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး ယင်းကော်မတီနှင့် အလုပ် ရှင်နှင့် အလုပ်သမားကြား ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအတွက် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“ခုလောလောဆယ် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ပြန်ပြီးဖျန်ဖြေပေးနိုင်မယ့် အဖွဲ့အစည်းရယ်လို့ သတ်သတ်မှတ် မှတ် မရှိသေးဘူး။ ဒီတော့ ဖျန်ဖြေရေးအဖွဲ့ဆိုပြီး သတ်သတ်မှတ်မှတ်ဖွဲ့မယ်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားထဲက ပဋိပက္ခတွေ အဆုံးသတ်နိုင် ဖို့ဆိုရင် အခြေခံလစာကို သတ်မှတ်ပေးမှ ဖြစ်မှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ စက်မှုဇုန်များတွင် CMP စနစ်ဖြင့် လုပ်ကိုင်နေသော စက်ရုံများတွင် ရှုပ်ထွေးသော လုပ်ခပေးချေမှုစနစ်များကြောင့် ပြည်တွင်းရှိ အလုပ်သမားများမှာ လုပ်ခလစာ ထိုက်သင့်သလောက် အကျိုးခံစားခွင့်မရှိဘဲ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း စက်ရုံများတွင် အသုံးပြုလျက်ရှိသည့် လုပ်ခလစာပေးချေမှု CMP စနစ်မှာ အဓိကျသော နေ့စဉ်လုပ်အားခသည် အနိမ့်ဆုံး ကြေးဖြစ်သော အခြားအပိုကြေးများဖြစ်သည့် ထောက်ပံ့ကြေး၊ ရက်မှန်ကြေး၊ ဒေးဘောနပ်၊ မုန့်ဖိုး၊ အခြားလုပ်သက်ကြေး၊ ဆုကြေး အစရှိသည်တို့ကို အမျိုးမျိုးခွဲခြားကာ လစာဖြတ်တောက်မှုစနစ် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ ယခုနှစ်ပိုင်းတွင် ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများတွင် အခြေခံလစာနည်းပါးခြင်း၊ လုပ်ငန်းခွင် အဆင်မပြေမှုများရှိခြင်း၊ နိုင့် ထက်စီးနင်းဆက်ဆံမှုများ ရှိနေခြင်းတို့ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပြီး ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။

YC

-----------------------------------------------------------------------------------------------------------

ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းများအား အခွန်သက်သာခွင့်ပြု

နိုင်ငံတော်မှ ပြည်တွင်းရှိ ပြည်ပသွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ်၌ ယခင် အခွန် ငါးရာခိုင်နှုန်းကောက်ခံမှုအစား ယခုအခါ သုံးရာနှုန်းသို့ လျှော့ချ၍ အခွန်သက်သာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရင်က ပြည်တွင်းမှာ သွင်းကုန်အစားထိုးလုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ အခွန်ငါးရာခိုင်နှုန်း ကောက်ခံတာပါ။ ခုကျတော့ ဒီလုပ်ငန်းတွေကို အားပေးမြှင့်တင်ရာရောက်အောင်ရယ်၊ ပြည်ပက တင်သွင်းလာသည့် ကုန်စည်တွေနဲ့ ပြည်တွင်းထွက် ကုန်စည်တွေ လုပ်ငန်းယှဉ်ပြိုင်နိုင် စွမ်း ရှိလာအောင်ဆိုပြီး အခွန် သုံးရာခိုင်နှုန်းပဲ ကောက်ခံဖို့ လျှော့ချလိုက်တာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်တွင်းစက်မှုဇုန်များရှိ ပြည်ပသွင်းကုန်အစားးထိုးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်သက်သာ ခွင့် ရရှိနိုင်စေရန် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် အခွန်ဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထား သည့် စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်သက်သာခွင့်ပြုရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များမှာ ယင်းစက်ရုံများသည် တိုင်းရင်းသားပိုင် ဖြစ်ရမည်ဖြစ်ကြောင်း၊ စနစ်တကျမှတ်ပုံတင်ထားသည့် လုပ်ငန်းဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းစက်မှုဇုန်အတွင်းတည်ရှိပြီး ပြည်ပသွင်းကုန်အစားထိုး ကုန်စည်ဖြစ်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အမိန့်အမှတ်(၁၂၀/၂၀၁၂)ဖြင့်ုထုတ်ပြန်ကြေညာခဲ့သည်။

Ref:Newday News

***********************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံအား Burma ပာု မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြား

၂၀၁၂ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် (၂၁)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံအား Burma ပာု သုံးစွဲခဲ့သည့်အတွက် ယင်းသို့ သုံးစွဲခြင်းမပြုရန် ပြည်ထောက်စုရွေးကောက်ပွဲ ကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို Burma လို့ သုံးစွဲသွားပါတယ်။ ဒါကြောင့် ကော်မရှင်က အကြောင်းကြားတာပါ။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထောက်သောအားဖြင့် မြန်မာနိုင်ငံလို့ပဲ သုံးစွဲသင့်ပါတယ်”ပာု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးပါတီနှင့် ပါတီဝင်များအနေဖြင့် နိုင်ငံတော်၏အမည်ကို ရေးသားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (Myanmar) ပာု သုံးနှုန်းကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည့် အ ကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၀၅(ခ)တွင် နိုင်ငံရေးပါတီတစ်ရပ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများ လေးစားလိုက်နာရမည်ပာု ပြဋ္ဌာန်းထားပြီး အမျိုးသားဒီမိုကရေစီအဖွ့ချုပ် (NLD) ပါတီအနေဖြင့်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(ဂ)ပါ ပြဋ္ဌာန်းချက်များကို လိုက်နာမည်ပာု ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်ကပင် ဝန်ခံထားပြီးဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါ ရှိသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် မြန်မာနိုင်ငံအား ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း မြန်မာ (Myanmar) ပာု သုံးစွဲရန်နှင့် Burma ပာု သုံးစွဲခွင့်မရှိကြောင်း သိရသည်။

Ref:မြန်မာပို့စ်

-----------------------------------------------------------------------------------------------------------

အယူအဆနှင့် ပုဂ္ဂိုလ်ရေးများကွဲနေသည့်အတွက် မွန်ပါတီနှစ်ခု ပူးပေါင်းရေးအခက်ကြုံ

အယူအဆနှင့် ပုဂ္ဂိုလ်ရေး သဘောတရားများ ကွဲပြားနေသည့်အတွက၁၉၉၀ ရွေးကောက်ပွဲဝင် မွန်ဒီမိုကရေစီပါတီနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှာ ပါတီနှစ်ခုပူးပေါင်းရေး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“အခု လတ်တလောအချိန်မှာတော့ မွန်ပါတီနှစ်ခု ပူးပေါင်းနိုင်ဖို့က သိပ်မလွယ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကဝင်ခဲ့တဲ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖို့ ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ခံယူချက်၊ ယူဆချက်နဲ့ သဘောထားတွေက ဒီဘက်ကပါတီနဲ့ လုံးဝတိုက်ဆိုင်မှုမရှိတော့ ပူးပေါင်းဖို့မလွယ်ဘူးဖြစ်နေတယ်”ပာု ၎င်းက ဆက်လက်ဆိုသည်။

မွန်ပါတီနှစ်ခု ပူးပေါင်းရေးအတွက် ဧပြီလအတွင်းက နောက်ဆုံးအကြိမ်ဆွေးနွေးခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလ နောက်ဆုံးထား၍ မွန်ပါတီနှစ်ခု ပေါင်းစည်းရေး၊ မြန်မာလကုန်ရက်တိုင်း ပါတီနှစ်ခု ပြန်လည်ပေါင်းစည်းရေးအတွက် မွန်သံဃာတော်များနှင့်ပြည်သူများရှေ့တွင် ဆွေးနွေးရေးနှင့် မွန်ပါတီနှစ်ခု ပေါင်းစည်းသည့်အခါတွင်လည်း ဒီမိုကရေစီစာလုံးပါသည့် ပါတီအမည်သစ်ဖြင့် ရပ်တည်သွားရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ပါတီအချင်းချင်းကတော့ အရင်ကတည်းက တရင်းတနှီးရှိခဲ့တဲ့ လူတွေပါပဲ။ မပေါင်းချင်ဘူးဆိုတာ ပုဂ္ဂိုလ်အရတော့ ရှိကြတာပဲ။ ပါတီဥက္ကဋ္ဌ အနေနဲ့ကတော့ ပေါင်းပါမယ်လို့ ပြောပြီးသားပဲ။ မွန်ပါတီနှစ်ခုစလုံး တစ်မျိုးသားလုံးအနေနဲ့ပေါင်းဖို့ သင့်တယ်။ ၂၀၁၄ ဒီဇင်ဘာနောက်ဆုံးထားပြီး ပေါင်း သွားမှာပါ။ မွန်ရွာတစ်ရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသလိုပါပဲ။ ပေါင်းချင်တဲ့လူက တစ်ဝက်၊ မပေါင်းချင်တဲ့လူက တစ်ဝက်ဆိုတော့ သာသနာရေး၊ ဘာသာရေးလုပ်ရတာ အခက်အခဲဖြစ်နေတယ်”ပာု ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးနိုင်ငွေ သိန်းက ပြောကြားသည်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Favourite News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကရင်ပြည်နယ်တွင် မြို့နယ်သုံးခု၊ မွန်ပြည်နယ်တွင် မြို့နယ် ၁၃ ခု စုစုပေါင်း ၁၆ နေရာအနိုင်ရရှိခဲ့သည့်ပါတီဖြစ်သည်။

Ref:Favourite News

***********************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခုကိစ္စက မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါကို လူမျိုးရေး၊ ဘာသာရေး ပြဿနာ ဖန်တီးမယ်ဆိုရင် မရိုးမသားလုပ်ဆောင်တဲ့ဖန် တီးမှုလို့ပဲသတ်မှတ်ရပါလိမ့်မယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာခံစားလာခဲ့ရတဲ့ ဝေဒနာ နဲ့သူတို့ရဲ့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့လိုပါလိမ့်မယ်။ ကာလကြာရှည်စွာ ကျွန်တော်တို့သည်းခံလာခဲ့တာ ရိုဟင်ဂျာပြဿနာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ပါဘူး။ အခုဖြစ်ပေါ်နေသော မောင်တောကိစ္စမှာ နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသော ရိုဟင် ဂျာများနှင့် ပြည်ပသွေးထိုးလှုံ့ ဆော်မှုများပါနေတယ်လို့ ထင်မြင်မိပါတယ်”

ဇွန်လ၁၃ရက်နေ့ထုတ် Open Newsဂျာနယ်အတွဲ(၄)၊ အမှတ်(၂၄) တွင်ပါရှိသည့်"မောင်တောနှင့်ဘူးသီးတောင်တွင် ပုဒ်မ ၁၄၄ထုတ်"သ တင်းမှ လက်တလောရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သက်၍ ၈၈ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဘာပဲပြောပြောတပ်မတော်နဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လုပ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးထူးထွေထွေ ပြောနေစရာမလိုပါဘူး။ အားလုံးက လည်း သိပြီးသားပါ။ ဒီတပ်မတော်ကို ဖေဖေထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မလည်း ခဏခဏပြောခဲ့တဲ့ ကိစ္စပဲ။ ကျွန်မလည်း တပ်မတော်သားတွေ ကြားထဲမှာ မွေးဖွားလာပြီးတော့ တပ်မတော်သားတွေကြားထဲမှာ ကြီးပြင်းလာတာမို့လို့ အစကတည်းက ခင်မင်တဲ့စိတ်ရှိပါတယ်။ ဒီလိုငယ်ငယ်ကတည်း က ရှိနေတဲ့စိတ်ထားဆိုတာ ကြီးလာတော့လည်း တကယ်တော့ မပြောင်းသွားပါဘူး။ ဒါအမြစ်တွယ်ပြီးသားပါ။ ဒါကြောင့် ကျွန်မဟာ တပ်မတော်နဲ့ အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်ပါတယ်။ ကျွန်မတို့ တပ်မတော်အတွက်ကော၊ ကျွန်မတို့နိုင်ငံအတွက်ကော၊ ကျွန်မတို့ နိုင်ငံရေးသမားတွေအတွက်ကော သိက္ခာရှိ မယ့် ခြေလှမ်းတွေ အတူတူလက်တွဲပြီး လှမ်းနိုင်ပါတယ်။ အဲဒီလို ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မအင်မတန်မှ သဘောကျပါတယ်၊ အားရ ပါတယ်၊ တပ်မတော်ဟာ အစဉ်အမြဲ ရနေတဲ့အခွင့်အရေးတွေကို ထိန်းသိမ်းထားချင်တဲ့ တပ်မတော်မျိုးမဟုတ်ဘူး၊ နိုင်ငံအတွက် သင့်တော်တဲ့ အခြေအနေ တစ်ခုဖန်တီးဖို့လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ကြိုဆိုပါတယ်”

"လျှပ်တစ်ပြတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၉၁ တွင်ပါရှိသည့်  “ဒုတိယဗိုလ်ချုပ်ကြီးလှမင်းပြောဆိုသောစကားကို အားရကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြောဆို”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်"

 -----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့အနေနဲ့ ဆန်ရှင်တွေကို အပြည့်အဝရုတ်သိမ်း ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဆန်ရှင်တွေက ဆက်လက်ရှိနေပါသေးတယ်။ သူတို့ကို ဆိုင်းငံ့တဲ့ အဆင့်သာရှိပြီး အပြည့်အဝရုတ်သိမ်းခြင်း မရှိသေးပါဘူး။ ဆန်ရှင်တွေကို အပြည့်အဝ မရုတ်သိမ်းဘဲ ဆိုင်ငံ့ထားရုံနဲ့ ကာလရှည်ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး”

ဇွန်လ ၁၃ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ ၄၊ အမှတ် ၂၂ တွင်ပါရှိသည့် "ပိတ်ဆို့မှု အပြည့်အဝရုတ်သိမ်းပေးရန် သမ္မတအကြံပေး များတောင်းဆို"သတင်းမှ နိုင်ငံတော်သမ္မတအကြံပေး ခေါင်းဆောင်ဦးကိုကိုလှိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***********************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment