Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၅.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် တွေ့ဆုံ
  2. မွေးမြူရေးလုပ်ငန်းများတွင် AFTA စနစ် စတင်ကျင့်သုံးမည်
  3. စစ်အစိုးရလက်ထက်လုပ်ကိုင်ခဲ့သည့် နိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံသားပိုင် စက်ရုံများအား အရေးယူတော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒုတိယသမ္မတနေရာ ပြန်ဖြည့်ရန် ဇူလိုင်(၁၀)ရက်နေ့နောက်ဆုံးထား ရွေးချယ်မည်
  1. မြန်မာနှင့် သံတမန်အဆက်အသွယ်ဆောင်ရွက်ရန် နိုင်ငံရှစ်ခုမှ  အဆိုပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်တွင်းစီးပွားရေးပညာရှင်များနှင့် တွေ့ဆုံ

ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များဖြင့် တွေ့ဆုံပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်ဆိုင်သော စီးပွားရေး ဆိုင်ရာအချက်အလက်များကို တင်ပြဆွေးနွေးမှုများအား ဇူလိုင်လ ရက်နေ့ နေ့လည် ၁နာရီခန့်မှ စတင်၍ လှိုင်မြို့နယ်ရှိ MICT part အတွင်း ကျင်းပပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားအဖွင့်အမှာစကားကို လွတ်တော်ဥက္ကဋ္ဌမှ ပြောကြားပြီးနောက် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ခုနှစ်ဦးမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များနှင့် ယှဉ်ပြိုင်နိုင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တဦးလျင် အချိန် (၈)မိနစ်ကျော်ခန့် တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ သတင်းစာဆရာကြီးများ လည်း တက်ရောက်ကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံကုန်သွယ်ရေးနှင့် စက်မူလုပ်ငန်းအဖွဲ့ချုပ် (UMFCCI)မှ ဦးမြင့်ဇော်က တင်ပြဆွေးနွေးရာတွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အဓိကရင်ဆိုင်နေရသော အအချက်သုံးချက်မှာ (၁) ပြည်ပနိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားမှု၊ (၂) မလိုလားအပ်သည့် အပို ကုန်ကျစရိတ်များ ပေးဆောင်နေရခြင်း၊ (၃) နိုင်ငံခြားငွေလဲလှယ်နှုန်းထားတို့ဖြစ်ကြောင်း သိရှိရပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အမှန် တကယ် ကာကွယ်စောင့်ရှောက် နိုင်သော ဥပဒေများမှာ အမှန်တကယ်လိုအပ်နေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်မှ တင်ပြဆွေးနွေးရာတွင် လယ်ယာကဏ္ဍ၌ အကျိုးပြုကုမ္ပဏီ (၅၀)ကျော်ရှိပြီး ထိုကုမ္ပဏီများနှင့် တောင်သူလယ်သမားများမှ အဆိုးရွားဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း၊ တောင်သူလယ်သမားများမှာ ကြွေးမှီများပိနေပြီး ထို ကုမ္ပဏီများသို့ ကြွေးမှီမဆပ်နိုင်ခြင်းများကို မိမိကိုယ်တိုင်ပင် ကြုံတွေ့ခဲ့ရဖူးကြောင်း၊ နွေစပါးအစား အခြားထိရောက်သော သီးနှံတမျိုးကို စိုက်ပျိုးသင့် ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာလူ့အဖွဲ့အစည်းမှာ အစိုးရကြိုက်သာ လိုက်ပြောလေ့ရှိကြောင်း ယခင်အတိုင်း မိမိတို့အနေဖြင့် ဆက်လက်ကျင့်သုံး နေပါက ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း အနေဝေးနေအုံးမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က တင်ပြဆွေးနွေးရာတွင် ကျေးလက်ဒေသ စိုက်ပျိုးမွေးမြူရေးမှာ အဆိုးရွားဆုံးဖြစ်ကြောင်း၊ နိုင်ငံ ခြားရင်းနှီးမြုပ်နှံသူများနှင့် ယှဉ်ပြိုင်နိုင်သေးကြောင်း၊ ထိုသို့ ယှဉ်ပြိုင်နိုင်ရန် လိုအပ်သော အရင်းအနှီးများအတွက် ဘဏ်မှ အတိုးနူန်းများကို လျော့ချပေး သင့်ကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် တူညီသော အတိုးနှုန်းများကို စီးပွားရေးလုပ်ငန်းရှင်များ မျော်လင့်ကြကြောင်း၊ အရေးကြီးဆုံးမှာ မလိုလားအပ် သော အပိုကုန်ကျစရိတ်များ ပေးဆောင်နေရခြင်းကို လျော့ချနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံသားရင်းနှီးမြုပ်နှံသူများကို အကာအကွယ်ပေးနိုင်သော ဥပဒေ များကို ရေးဆွဲ နိုင်ပြီး ပြည်သူလူထုသို့ ချပြန်နိုင်ရန်မှာ အမှန်တကယ်လိုအပ်နေပြီဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းမှ ပြောကြားရာတွင် အဓိက တင်ပြဆွေးနွေးသည့် အချက်သည် transitional cost ကို အဓိကထား တင်ပြဆွေးနွေးသွားကြောင်း တွေ့ရှိရပြီး၊ ယခုလိုတင်ပြဆွေးနွေးမှသာ မိမိတို့အနေဖြင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ထို့နောက် တင်ပြဆွေးနွေးပြောဆိုရန်မှာ ပြည်သူလူထုကြီး၏ တာဝန်ဖြစ်ကြောင်း၊ မိမိတို့လွတ်တော်၏ ဆောင်ပုဒ်မှာလည်း ပြည်သူ့အသံ လွတ်တော်အသံဖြစ်စေရန်၊ ပြည်သူ့ဆန္ဒ လွတ်တော်ဆန္ဒဖြစ်စေရန် ရည်ရွယ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပြီး အဆိုပါတွေ့ဆုံပွဲဆွေးနွေးပွဲ အခမ်း အနားအား ညနေ (၅)နာရီခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

မွေးမြူရေးလုပ်ငန်းများတွင် AFTA စနစ် စတင်ကျင့်သုံးမည်

ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် ASEAN Free Trade Aarea(AFTA) စနစ် စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း သမဝါယမဝန်ကြီး ဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းက မွေးမြူရေးလုပ်ငန်းအဖွဲ့ဝင် လုပ်ငန်းရှင်တွေ အဆင်ပြေနိုင်ဖို့အတွက် AFTA စနစ်ကို စတင်ကျင့်သုံးတော့မှာပါ။ ခုဆို အစိုးရ သစ်ရဲ့ သက်တမ်းကလည်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်နှစ်ပြည့်မြောက်ပြီးတဲ့ သက်တမ်းနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုး တက်လာဖို့အတွက် ရည်ရွယ်ပါတယ်” ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယခုကဲ့သို့ မွေးမြူရေးလုပ်ငန်းများတွင် AFTA စနစ်ကို စတင်ကျင့်သုံးတော့မည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေး ပြည့်ဝသည့် မွေးမြူထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများတွင် ကြီးမားသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် စတင်ပြင်ဆင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

“အစိုးရသစ် သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးဖြစ်လို့ ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ နိုင်ငံရေး၊ စီးပွားရေး လမ်းကြောင်းမှန်ပေါ်ကို တစ်စထက် တစ်စ ပီပြင်စွာရောက်ရှိလာပြီဖြစ်လို့ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်လုပ်ငန်းရှင်များအတွက် အချိန်ကောင်းအခါကောင်းဖြစ်သလို ASEAN Free Trade Aarea (AFTA)စနစ် ကျင့်သုံးတော့မှာဖြစ်တဲ့အတွက် အရည်အသွေးပြည့်ဝတဲ့ မွေးမြူထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်ဖို့အတွက် အလေးထားပြီး မဖြစ်မနေ ပြင်ဆင်ရမယ့်အချိန် ဖြစ်ပါတယ်”ပာု သမဝါယမဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် အမှန်တကယ်အလုပ်လုပ်ကိုင်ကြမည့် မွေးမြူရေးလုပ်ငန်းအဖွဲ့ဖြစ်နိုင်စေရန် ကော်မတီအသီးသီးဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ် ပြီး ယင်းကော်မတီများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အထောက်အကူကောင်းများ ပေးနိုင်မည့် အဖွဲ့အစည်းများ ဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Ref:မြန်မာပို့စ်ဂလိုဘယ်

-----------------------------------------------------------------------------------------------------------------------------------

စစ်အစိုးရလက်ထက်လုပ်ကိုင်ခဲ့သည့် နိုင်ငံသားအမည်ခံ ပြည်ပနိုင်ငံသားပိုင် စက်ရုံများအား အရေးယူတော့မည်

ယခင် တပ်မတော်စစ်အစိုးရလက်ထက်ကတည်းက ပြည်တွင်း၌ နိုင်ငံသားအမည်ခံ၍ ပြည်ပနိုင်ငံခြားသားစက်ရုံများကို စစ်ဆေးဖော်ထုတ် အရေးယူတော့မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။