Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စေတနာဖြင့် တည်ဆောက်ယူရဦးမည်

*****************************************

ဆောင်းပါးကဏ္ဍ

စေတနာဖြင့် တည်ဆောက်ယူရဦးမည်

မိုးမြင့်ငြိမ်း

သက်တမ်းနုသေးသော

မြန်မာနိုင်ငံသည် ဒီမိုကရေစီသက်တမ်း နုနယ်နေသေးသည့် အားလျှော်စွာ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အုပ်ချုပ်အခြာအာဏာ သုံးရပ် ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ဖို့ အားယူ ဆောင်ရွက်နေရသည့်အချိန် ဖြစ်သည်။ ဒီမိုကရေစီစနစ် မကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ် ၅ စုပင် ရှိလေတော့မည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွေ့အကြုံ နည်းပါးလွန်းသည်။ ထိုအတွက်ကြောင့် မြန်မာပြည်သူများအနေဖြင့် ဒီမို ကရေစီစနစ် အပြည့်အဝ ကျင့်သုံးနေသည့် အနောက်တိုင်းနိုင်ငံများ၏ လစ်ဘရယ်ဒီမိုကရေစီစနစ် ရုတ်ချည်းမရရှိနိုင်ပေ။ ရွေးကောက်ပွဲဒီမိုကရေစီကို သာ လက်သင့်ခံရင်း ဒီမိုကရေစီစနစ် ပိုမိုခိုင်ခံ့မှုရှိအောင်သာ တဖြည်းဖြည်း တည်ဆောက်ယူသွားရမည်သာ ဖြစ်ပေသည်။

ကုန်လွန်ခဲ့သည့် နှစ်ငါးဆယ်စလုံးတွင် မြန်မာနိုင်ငံသည် အာဏာပိုင်စနစ်ကိုသာ နိုင်ငံရေးစနစ်တစ်ခုအဖြစ် ကျင့်သုံးနေခဲ့သည်။ အာဏာပိုင် စနစ်မှ မွေးထုတ်လိုက်သည့် အဆိုးကျော့စီးပွားရေးသံသရာတွင် မြန်မာပြည်သူများမှာ ကမ္ဘာ့အဆုံးရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိသွားခဲ့သည်။ သို့နှင့် ဒီမိုက ရေစီအပြောင်းအလဲများကို စတင်မလုပ်ဆောင်မီ ၂၀၁၀ အရောက်တွင်တော့ တစ်ချိန်က အာရှနိုင်ငံများတွင် တိုးတက်ဖွံ့ဖြိုးဖို့ရန် အထွန်းတောက်ဆုံး ဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှာ ယခုအခါတွင် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုအရ နောက်ဆုံးတန်းမှာ ရပ်နေရလေပြီ။

ခေတ်ဟောင်း၊ စနစ်ဟောင်းအမှားများ

လွတ်လပ်ရေးရအပြီး ပါလီမန်ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးမှာ အောင်မြင်မှုမရရှိခဲ့သည့်တိုင် တိုင်းပြည်မှာ အခြေ အနေ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ခြင်းမရှိပေ။ ပညာရှင်များ၊ တစ်စုံတစ်ရာအားကောင်းသည့် လူလတ်တန်းစားများ ပေါ်ထွန်းခဲ့ပါသေးသည်။ ဒီမိုကရေစီ အင်စတီကျူးရှင်းများကို အခိုင်အမာ မတည်ဆောက်နိုင်ခဲ့သည့်အတွက်ကြောင့်ပင်လျှင် ထိုသို့ ရလဒ်မျိုး ထွက်ပေါ်လာသည်ဟု သုံးသပ်၍ရပါသည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးတွင် ထိုလမ်းကြောင်းမှ ဂ ကွေ့လမ်းကြောင်းပေါ်သို့ ရောက်သွားခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တက် လာသည့်အခါတွင် လွှတ်တော်ဟူ၍ ပေါ်ထွန်းလာသော်ငြားလည်း အမည်ခံ ရာဘာတံဆိပ်တုံးထုလွှတ်တော်သာ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းမှာ နိုင်ငံကို ဆင်းရဲတွင်းသို့ ရောက်ရှိအောင် ဆွဲချသွားသည်ဟု ဝေဖန်သုံးသပ်မှုများရှိသော်ငြားလည်း သူအကောင်အထည်ဖော်ခဲ့သည်မှာလည်း ဆိုရှယ်လစ်စနစ် သာ ဖြစ်သည်။ ဆိုရှယ်လစ်ဆိုသည်မှာ သာတူညီမျှ ကောင်းစားရေးကို ရှေ့ရှုသည့်စနစ်တစ်ခု ဖြစ်သော်ငြားလည်း ထိုစနစ်ကို ကျင့်သုံးခဲ့သော မြန်မာနိုင် ငံအပါအဝင် ကမ္ဘာနိုင်ငံအများစုမှာသာ တူညီမျှကောင်းစားရေးဖြစ်မလာဘဲ သား၊ တူ၊ ညီများ ကောင်းစားရေးသာ ဖြစ်လာခဲ့လေပြီ။

တပ်မတော်အစိုးရလက်ထက်တုန်းကလည်း အချုပ်အခြာအာဏာသုံးရပ်ကို တစ်ပေါင်းတစ်စည်းတည်း ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ်နှင့် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကြောင့် လူတစ်စုသာ ပန်းတိုင်သို့ ရောက်ရှိခဲ့ပြီး လူအများစုမှာ ဆင်းရဲတွင်းမှ မတက်နိုင် ဖြစ်ခဲ့ရသည်။ ထိုသို့ အမွေးဆိုး ကို လက်ရှိအစိုးရသစ်အနေဖြင့် ခါးစည်းခံ ဖြေရှင်းနေရပြီ။ ဒီမိုကရေစီသက်တမ်းအရ နုနယ်နေသေးသည့်အထဲ တိုင်းပြည်ကြုံတွေ့နေရသော နိုင်ငံတည် ဆောက်ရေး၊ အမျိုးသားတည်ဆောက်ရေး အခက်အခဲများကလည်း များပြားလွန်းလှသည့်အတွက် ပြည်သူတစ်ဦးအနေဖြင့် စိုးရိမ်မိပါသည်။

နိုင်ငံရေးစေတနာ

နိုင်ငံခေါင်းဆောင်များတွင် နိုင်ငံရေးစေတနာပြည့်ဝလျှင် နိုင်ငံရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ အတော်ပြီးသည်မှာ အမှန်ပင်ဖြစ် သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ကို ကြည့်လျှင် ယင်းစေတနာကို အထင်းသား တွေ့မြင်ရသည်။ အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ် အောငƟ