Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၁.၇.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်မှုကို အပာန့်အတားဖြစ်

(The News မှ 11 July 2012 ရက်စွဲပါ “Suu Kyi’s fame risks eclipsing new Myanmar stars”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား

(The Japan Times မှ 11 Jan 2012 ရက်စွဲပါ “Myanmar aninister view Japanese tech hopes it will help nation develop”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရွာမဓာတ်အားပေးစက်ရုံကို မာရူနီဘီနီအကြီးစားပြင်မည်

(11 July 2012 ရက်စွဲပါ The Japan Times မှ ကျိုဒို၏ Marubeni to overhaul Myanmar power plant ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်မှုကို အပာန့်အတားဖြစ်

(The News မှ 11 July 2012 ရက်စွဲပါ “Suu Kyi’s fame risks eclipsing new Myanmar stars”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ စံထားဖွယ်ရာကျော်ကြားမှုသည် မြန်မာဒီမိုကရေစီအရေးကို ကမ္ဘာကအာရုံစိုက်လာစေခဲ့သော်လည်း သူမ၏ သူရဲကောင်းစတားတစ်ဦးသဖွယ် ထင်ရှားမှုက မျိုးဆက်သစ်ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရေးကို အပာန့်အတားဖြစ်နေသည်ပာု နိုင်ငံရေးအကဲခတ် အချို့က ပြောကြားလိုက်သည်။

နှစ်ပေါင်း ၂၀ ကျော်စစ်အုပ်ချုပ်ရေး၏ သေနတ်ပြောင်းအာဏာထိန်းချုပ်မှုကို အံတုရင်ဆိုင်ခဲ့သော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ စံတင်လောက်သောခေါင်းဆောင်တစ်ဦးအဖြစ် ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမွှေးသော နိုင်ငံရေးအကျဉ်းသားများဘဝမှ လွှတ်တော်အမတ်ဘဝသို့ အပြီးသတ်ထုံကူးမှုအဖြစ် တနင်္လာနေ့က လွှတ်တော်အစည်းအဝေးသို့ သမိုင်းဝင်တက်ရောက်ခဲ့ပြီဖြစ်သည်။

လက်ရှိ ပြုပြင်ပြောင်းလဲမှုများအောင်မြင်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် သူမ၏ပါတီမျှော်လင့်ထားသလို သူမအနေဖြင့်သမ္မတတာဝန်ကို လက်ခံရန် ဆန္ဒရှိသည်ပာု အသက် ၆၇ နှစ်အရွယ် လူထုခေါင်းဆောင်က ထုတ်ဖော်ပြောကြားသည်။

သို့သော်လည်း လေဒီ၏ခြေရာကိုနင်းနိုင်မည့်သူကို ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးအကဲခတ်သူများက ယခင်ကပင် ရှာဖွေနေခဲ့ကြသည်။ သူမ အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင်း အစားထိုးရွေးစရာ နိုင်ငံရေးသမားများကိုရှာဖွေရန် အနောက်အုပ်စုနိုင်ငံများက အလွန်အမင်း စိတ်ဝင်စားခဲ့ကြသည်ပာု ပောာင်ကောင်တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရေနော့အီဂရက်တူးက ပြောကြားသည်။

နှစ်နှစ်ကြာသွားတဲ့အချိန်မှာ အနေအထားကဒုံရင်းပါပဲ။ အတိုက်အခံ ဒီမိုကရေစီအုပ်စုဘက်မှာ နောက်ထပ်ရွေးချယ်စရာခေါင်းဆောင်သစ်တွေ ထွက်ပေါ်လာခြင်းမရှိပါဘူးပာု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “သူမအနေဖြင့် ၁၉၈၈ ကျောင်းသားအရေးတော်ပုံကာလအတွင်း နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း စံထားဖွယ်ခေါင်းဆောင်အဖြစ် တံဆိပ်ကပ်ခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့သည်”ပာု ပြောကြားထားသည်။

သို့သော်လည်း လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ လေဒီသည် ပြည်တွင်း၊ ပြည်ပလေးစားမှုကွန်ယက်မှ လွတ်မြောက် နိုင်ခြင်းမရှိပါ။ မြန်မာ့နိုင်ငံရေး ဇာတ်ကွက်ကို သြဇာကြီးလူထုခေါင်းဆောင် အမျိုးသမီးနှင့် သွေးစွန်းသော သေနတ်ကိုင်စစ်ခေါင်းဆောင်တစ်စုတို့အကြားမှ တိုက်ပွဲတစ်ခုအဖြစ် အလွယ်တကူပုံဖော်ကြခြင်းကြောင့် မျိုးဆက်သစ်ဒီမိုကရေစီခေါင်းဆောင်များ ပေါ်ထွက်ရေးကြိုးပမ်းမှုများကို အားနည်းသွားစေသည်ပာု အကဲခတ်လေ့လာသူအချို့က စောဒကတက်ကြသည်။

သူမ မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်မှုကို Sanctions များဖြေလျှော့ရန်စည်းကမ်းအဖြစ် သတ်မှတ်ထားကြသော အနောက်နိုင်ငံများတွင် သူမ၏ဇာတ်လမ်းက ပိုမိုအားကောင်းစွာကျော်ကြားသည်။

မကြာသေးမီက ဥရောပခရီးတွင် နိုင်ငံခေါင်းဆောင်တစ်ဦးကဲ့သို့ ခြိမ့်ခြိမ့်သဲသဲကြိုဆိုခံရခြင်းသည် မြန်မာပြည်တည်နေရာကိုပင် မြေပုံပေါ်တွင် အရှာခက်နေကြသောသူများ၏ အတွေးပုံရိပ်ထဲမှ သူမသိမ်းပိုက်ထားသော သူရဲကောင်းရုပ်ပုံလွှာကို ထပ်မံအတည်ပြုပေးခဲ့သည်။

သို့သော်လည်း ရာစုနှစ်တစ်စိတ်(၂၅ နှစ်)ကာလအတွင်း ပထမဆုံးဥရောပခရီးထွက်လာသော သူမကို လေးစားချစ်ခင်စွာကြိုဆိုကြခြင်းသည် မနှစ်က အာဏာရလာပြီးနောက်ပိုင်း အပြောင်းအလဲများပြုလုပ်ပြသူ ဗိသုကာအဖြစ် သတင်းမွှေးနေသူ သမ္မတဦးသိန်းစိန်နှင့်ဆက်ဆံရေးကို ခပ်စိမ်းစိမ်း ဖြစ်သွားစေနိုင်သည်ပာု အချို့ကဆိုသည်။

မြန်မာနိုင်ငံတွင် တာဝန်ကျဘူးသူ သြစတြေးလျသံအမတ် Trevor Wilson က “အတိုက်အခံခေါင်းဆောင်တစ်ဦးကို အခုလို နိုင်ငံ့ခေါင်းဆောင် တစ်ဦးလို ကြိုဆိုကြတာပာာ တကယ်ကို မကြုံစဖူးထူးကဲတဲ့ဖြစ်ရပ်ပါပဲ၊ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းပာာ မြန်မာနိုင်ငံက တခြားအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးသမားတွေကိုလည်း အပြည့်အဝ အသိအမှတ်ကြတယ်လို့ ကျွန်တော်မထင်ပါဘူး”ပာု ပြောကြားသည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို “လက်တွေ့ကျသော ကမ္ဘာထဲတွင်မပါ”ပာု မှတ်ချက်ပေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြည်ခိုင်ဖြိုးပါတီကြီးစိုးထားသော လွှတ်တော်ထဲတွင် အကြီးဆုံးအတိုက်အခံပါတီဖြစ်လာသော်လည်း အမတ်နေရာ ၄၃ နေရာသာရှိသောကြောင့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် မပာာမိတ်ညွှန့်ပေါင်းဖွဲ့စည်းရမည့် အလားအလာရှိနေသည်။

သို့ရာတွင် ဒီမိုကရေစီအပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် လွှတ်တော်တွင်း၌ မနှစ်က တစ်နှစ်လုံးတွန်းအားပေးခဲ့ကြသော ပါတီ ငယ်လေးများက ၎င်းတို့အား NLD ပါတီကြီးက လူရာမသွင်းပာု ခံစားနေကြရသည်။

ထိုပါတီများထဲတွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကိစ္စအပေါ် လေဒီအပါအဝင် NLD အန်ကယ်ကြီးများနှင့် သဘောထားကွဲလွဲကာ ဆက်ဆံရေးပျက်သွားခဲ့သူ ဦးခင်မောင်ဆွေ၏ NDF ပါတီလည်း ပါဝင်သည်။

NLD ပါတီမှခွဲထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သော NDF ပါတီသည် လောလောဆယ် လွှတ်တော်အမတ် ၈ နေရာ ရရှိထားသည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလကြားဖြတ်ရွေးကောက်ပွဲဝင်ရန် သဘောတူလိုက်သော်လည်း ဦးခင်မောင်ဆွေနှင့် စကားပြောဆိုခြင်းမပြုတော့ပါ။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲတွင် ၁၆ နှစ်ခန့်ပေးဆပ်ခဲ့သူ ဦးခင်မောင်ဆွေက “ပြည်သူတွေအကျိုးအတွက် လုပ်သင့်တယ်လို့ ထင်တာကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်”ပာု ပြောကြားသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလှုပ်ရှားမှုတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ပါတီငယ်လေးတွေကို လှည့်ကြည့်ဖို့ မလိုဘူးလို့ထင်ရင် သူတို့ မှားသွားပါလိမ့်မယ်”ပာု ဦးခင်မောင်ဆွေက ဆိုသည်။

လွှတ်တော်ထဲရောက် ၁၀ ပါတီအကြား အမတ် ၇၅ နေရာရရှိထားသော တိုင်းရင်းသားကိုယ်စားပြု ပါတီများမှာလည်း ပြည်တွင်းစစ် ဝါးမျိုထားသော မြန်မာနိုင်ငံတွင် အရေးကြီးသော်ငြားလည်း စားပွဲဝိုင်းဘေးသို့ ရောက်နေကြေသည်ပာု လေ့လာသူအချို့ကမှတ်ချက်ပေးကြသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ အောက်လွှတ်တော်အမတ် ဦးစိုင်းမောင်တင်က “သူမအနေနဲ့ ကျွန်တော်တို့နဲ့ ဘယ်လိုပူးပေါင်း လုပ်ကိုင်မလဲဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော် သူမကို ပုဂ္ဂိုလ်ရေးအရလေးစားပါတယ်။ ဒီနိုင်ငံမှာ ဒေါ်စုလိုပုဂ္ဂိုလ်တွေ နောက်ထပ်အများကြီး လိုအပ်နေပါတယ်”ပာု ပြောကြားသွားသည်။

NLD ပါတီ၏ ဖွဲ့စည်းပုံတွင် စိုးရိမ်စရာအန္တာရာယ်ရှိနေပြီပာု နိုင်ငံရေးကျွမ်းကျင်သူများက သတိပေးထောက်ပြထားသည်။

                                                                       **************************************

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား

(The Japan Times မှ 11 Jan 2012 ရက်စွဲပါ “Myanmar aninister view Japanese tech hopes it will help nation develop”သတင်းကို ဘာသာပြန်ဆိုသည်)

တိုကျိုမြို့ အသေးစားစက်ရုံတစ်ခုသို့လာရောက်လည်ပတ်သော မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ၎င်းအနေနှင့် ဂျပန်နိုင်ငံ၏ နည်းပညာကို နှစ်သက်ချီးကျူးကြောင်းနှင့် ယင်းကဲ့သို့သော လုပ်ငန်းငယ်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးအောင်မောင်းနှင်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုလိုက်သည်။

“        ကျွန်တော်တို့ကို ဂျပန်နည်းပညာနဲ့ လုပ်နည်းကိုင်နည်းတွေ သင်ကြားပေးဖို့အခွင့်အလမ်းကို ခင်ဗျားတို့ ရယူဖမ်းဆုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က တိုကျိုမြို့စက်ရုံငယ်များတည်ရှိရာ အိုတာရပ်ကွက်ရှိ ခွဲစိတ်လေ့ကျင့်သင်တန်းသုံးပစ္စည်းများထုတ်လုပ်သော EMB Crop သို့ တနလာင်္နေ့တွင် လာရောက်လည်ပတ်ပြီးနောက် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် တိုကျိုမြို့နှင့် ကြာသပတေးနေ့တွင် အိုဆာကာတို့၌ စီးပွားရေးဆွေးနွေးပွဲများတက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသော ဝန်ကြီးဦးဝင်းမြင့်နှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးလိုက်ပါလာသည်ပာု သိရသည်။

၂၀၀၆ ခုနှစ်တွင် ပတ်ယွန်ကွမ်က ချေးငွေဖြင့်စတင်ထူထောင်ခဲ့သော EBM Corp သည် အိုတာရပ်ကွက်၌ အခြားစက်ရုံငယ် ၄၅ ခုအကြားရှိ အဆောက်အဦးတစ်ခုတွင် တည်ရှိသည်။ ပတ်ယွန်ကွမ်က ၎င်း၏ စက်ရုံထုတ် ဆေးပစ္စည်းကိရိယာများကို ဂျပန်နိုင်ငံရှိ ဆေးရုံပေါင်း ၁၀၀ ခန့်တွင် အသုံးပြုနေကြပြီး၊ အမေရိကန်၊ တရုတ်နှင့် ဂျာမဏီကဲ့သို့ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်ပာု ပြောကြားသည်။

“ဒီလိုနေရာ ကျဉ်းကျဉ်းလေးမှာ ငွေအရင်းအနှီးနည်းနည်းနဲ့ ဒီလိုထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာကို ကျွန်တော်အထင်ကြီး လေးစားမိပါတယ်။ ဒီလိုတိုက်ခန်းပုံစံစက်ရုံမျိုးပာာ မြေကွက်တန်ဖိုးဈေးကြီးတဲ့ မြန်မာနိုင်ငံအတွင်း အသုံးတည့်ပါတယ်။ အလားတူစနစ်ပုံစံမျိုး ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ဦးဝင်းမြင့်က “ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တဲ့ အလတ်စား၊ အသေးစားကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို အထောက်အကူပေးနေတယ်ဆိုတာကိုသိရတာ အလွန်အသုံးဝင်ပါတယ်”ပာု ဆက်လက်ပြောကြားသည်။

အထက်ပါစက်ရုံသို့ ဦးဝင်းမြင့်ရောက်ရှိစဉ်အတွင်း ပတ်ယွန်ကွမ်၏ညွှန်ပြမှုဖြင့် နှလုံးခွဲစိတ်မှု(heart bypass surgery) လေ့ကျင့်ရာတွင်အသုံးပြုသော Simulator ကို လက်တွေ့ကိုင်တွယ်ခွင့်ရရှိခဲ့သည်။

ပတ်ယွန်ကွမ်က “၎င်းကဲ့သို့ စက်ရုံငယ်များ၏ အားသာချက်မှာ ခွဲစိတ်ဆရာဝန်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကိရိယာကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်ပြီး၊ မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်”ပာု ပြောကြားသည်။

ဦးဝင်းမြင့်သည် အဆိုပါ စက်ရုံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တာဒါရှီကာမူရာနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ဂျပန်ကုန်သည်ကြီးများအသင်း၏ အကူအညီကို တောင်းခံခဲ့သည်ပာု သိရသည်။

“မြန်မာနိုင်ငံသည် အခွန်နှုန်းထား၊ နိုင်ငံခြားငွေလဲနှုန်း၊ အစိုးရစည်းမျဉ်း၊ စည်းကမ်းများ စသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နယ်ပယ်များကို တိုးတက်အောင်ကြိုးပမ်းလျက်ရှိပြီး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း စတင်လည်ပတ်ဆောင်ရွက်နေသည်”ပာု ဦးဝင်းမြင့်က အိုကာမူရာအား ပြောကြားသည်။

အိုကာမူရာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရလာလိမ့်မည်ပာုမျှော်လင့်ကြောင်းနှင့် ဂျပန်အသေးစားနှင့် အလတ်စားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြအောင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ပာု ဂျပန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန် ကြေညာထားသည်။

                                                                    ***************************************

ရွာမဓာတ်အားပေးစက်ရုံကို မာရူနီဘီနီအကြီးစားပြင်မည်

(11 July 2012 ရက်စွဲပါ The Japan Times မှ ကျိုဒို၏ Marubeni to overhaul Myanmar power plant ကိုဘာသာပြန်ဆိုသည်)

မာရူဘီနီကော်ပိုရေးရှင်းသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံကိုပြုပြင်ရန် စာချုပ်ချုပ်ဆိုထားကြောင်း အဆိုပါကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။

ရန်ကုန်အနောက်မြောက် ကီလိုမီတာ(၂၀)တွင်ရှိသော ရွာမရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ သက်တမ်းလွန်နေပြီဖြစ်၍ ယခုအခါ အသုံးပြုခြင်း မရှိပေ။ ၎င်းစက်ရုံမှ ဓာတ်ငွေ့တာဝါဘိုင်အစိတ်အပိုင်းများကို ပီာတာချီအစိတ်အပိုင်းများဖြင့် အစားထိုးလဲလှယ်ရန် မာရူဘီနီက စီစဉ်လျက်ရှိသည်။

ရွာမစက်ရုံကို မာရူဘီနီက ၂၀၀၅ ခုနှစ်က လုပ်ဆောင်ပေးခဲ့ပြီး၊ ယခုပြန်လည် လည်ပတ်ပါက လျှပ်စစ်ဓာတ်အား ကီလိုဝပ်(၃၄၀၀၀)ထုတ်လုပ် နိုင်မည်ဖြစ်သည်။

ယခုစာချုပ်မှာ အရပ်သားအစိုးရတက်လာပြီးကတည်းက ပထမဆုံးလျှပ်စစ်ဓာတ်အားနှင့်ဆိုင်သော စီမံကိန်းဖြစ်ကြောင်း မာရူဘီနီ၏ အဆိုအရ သိရသည်။

မာရူဘီနီသည် သယံဇာတပေါသော မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦးဆိုင်ရာ စီးပွားရေးလုပ်ငန်းများမြှင့်တင်နိုင်ရန် ကြိုးစားလျက်ရှိသည်။

                          *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment