Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၁.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပြည်တွင်းလယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် ဂျပန်ကမ်းလှမ်း
  2. ဗပာိုဘဏ်ပိုင်ဆိုင်မှုစာရင်း မကြာမီထုတ်ပြန်ကြေညာမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တရားစီရင်ရေးမဏ္ဍိုင် ဖွံ့ဖြိုးတိုးတက်စေရန် အားနည်းချက်များ ဖော်ထုတ်တင်ပြမည်
  2. မီဒီယာသမားများ ဝတ်စားမှုပုံစံ လွှတ်တော်စည်းဝေးကျင်းပရေး ဗပိာုကော်မတီမှ သတိပေးစာထုတ်ပြန်
  3. ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ပြည်တွင်းလယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် ဂျပန်ကမ်းလှမ်း

ယခုလပိုင်းအတွင်း၌ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများမှ မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာ့လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လာရောက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဒုတိယကမ္ဘာစစ်တုန်းက နျူးကလီးယားဒဏ်တွေကြောင့် ဂျပန်နိုင်ငံက လယ်ယာမြေ အတော်များများ ပျက်စီးခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်        မတ်လတုန်းက ဆူနာမီရေလှိုင်းဒဏ်ကြောင့် နျူးကလီးလောင်စာကန်တွေ ပျက်စီးခဲ့တဲ့ဒဏ်တွေကြောင့် လက်ရှိ ဂျပန်နိုင်ငံမှာ လယ်ယာမြေ အများစုပာာ မြေဆီလွှာတွေ ပျက်စီးပြီး လယ်ယာစိုက်ပျိုးမှု အခက်အခဲ ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာ့လယ်ယာကဏ္ဍမှာ ဘာမဆို အကုန်လုံးလုပ်ဖို့ ကမ်းလှမ်းထားပါ တယ်ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် ဂျပန်နိုင်ငံမှ ကုန်းလမ်းပို့ဆောင်ရေးဌာနလက်အောက်ရှိ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး၊ တက္ကစီ ပြေးဆွဲခြင်းနှင့် မော်တော်ယာဉ် ပြင်ဆင်ခြင်းလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင် ညှိနှိုင်းလျက်ရှိပြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်မှာ ကုန်းလမ်းပို့ဆောင်ရေးဌာနက လုပ်ငန်းတွေကို ဂျပန်နိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကို အစိုးရဘက်က ၄၀ ရာခိုင်နှုန်းနဲ့ ဂျပန်ကုမ္ပဏီဘက်က ၆၀ ရာခိုင်နှုန်းဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားပါတယ်။ ဌာနကတော့ လုပ်ငန်းလုပ်ကိုင်ဖို့ မြေနေရာတွေကိုပဲ ထောက်ပံ့သွားမှာပါ။ ကျန်တဲ့ကိစ္စတွေကတော့ ဂျပန်ကုမ္ပဏီဘက်ကပဲ ထည့်ဝင်ရမှာပါပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)တို့မှ ဖြေလျော့မှုများ ပြုလုပ်ပေး ခဲ့သည့်အပြင် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု များမှာလည်း တရှိန်ထိုး ဝင်ရောက်လာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗပာိုဘဏ်ပိုင်ဆိုင်မှုစာရင်း မကြာမီထုတ်ပြန်ကြေညာမည်

လက်ရှိ မြန်မာနိုင်ငံတော်ဗပိာုဘဏ်မှ ပိုင်ဆိုင်သည့် ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား မြန်မာပြည်သူတစ်ရပ်လုံး သိရှိနိုင်စေရန် ထုတ်ပြန် ကြေညာ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးမှ ဇူလိုင် ၅ ရက်နေ့တွင် Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ သည်။

''အရင်တုန်းက ဗဟိုဘဏ်မှာရှိတဲ့ ရွှေ၊ ငွေကို တစ်ပတ်တစ်ခါ ကြေညာခဲ့တယ်။ နိုင်ငံ့ပိုင်ဆိုင်မှုကို ပြည်သူသိအောင် မထုတ်ပြန်တာ ကျွန်တော်တို့ နိုင်ငံပဲ ရှိတော့တယ်။ မကြာခင်ကာလအတွင်းမှာ ဗဟိုဘဏ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးပါလိမ့်မယ်'' ဟု ကမ္ဘောဇဘဏ်၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဖြစ်သူ ဦးသန်းလွင်က ပြောကြား ကြောင်း Eleven Media Group ၏ အွန်လိုင်းသတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဗပိာုဘဏ်၏ နိုင်ငံခြားငွေစာရင်းတွင် ဒေါ်လာ ၇ ဘီလျံရှိနေပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံခြားငွေ လဲလှယ်ဈေးနှုန်း မတည်ငြိမ်မှုများ၊ နိုင်ငံခြားငွေလဲလှယ်မှုမှောင်ခိုဈေးနှုန်း မြင့်တက်နေမှုများကို ဝင်ရောက်ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

''နိုင်ငံခြား သုံးငွေပိုင်ဆိုင်မှုကို အားလုံးသိအောင် လုပ်ရမယ်။ အခုကျတော့ ဗဟိုဘဏ်က ငွေဖောင်းပွမှာကြောက်ပြီး ဘာမှမလုပ်ဘဲ ငြိမ်နေတယ်။ တကယ်ဆို ဒေါ်လာဝယ်ပြီး ကျပ်ငွေကို တည်ငြိမ်အောင် လုပ်ရမယ်။ တန်ဖိုးမြင့်အောင် ချိတ်ဆက်ရမယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူး။ အစိုးရက ဒါကို intervenetion လုပ်ရမယ်။ နောက်ပြီး price spots ပေးရမယ်။ တောင်သူက စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်လို့ ရှုံးရင် အစိုးရက price spots ပေးရမယ်။ အစိုးရက သိမ်းကျုံးဝယ်ရမယ်။ နိုင်ငံတော်က တချိန်လုံး အမြတ်ရဖို့ချည်းပဲ မတွေးရဘူး။ အရှုံးခံပြီးလည်း ဝယ်သင့်တယ်။ တောင်သူလယ်သမားတွေ နစ်နာနေရင် ဝင်ထိန်းရမယ်။ အခုတော့ ဘာတစ်ခုမှ လုပ်မပေးတဲ့အတွက် ဗဟိုဘဏ်ရဲ့တာဝန်မကျေမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်''ဟု ဦးသန်းလွင်က ဆက်လက် ပြောကြားကြောင်း Eleven Media Group သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအဖြစ် နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်နိုင်စေရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ အကူအညီကို ရယူခဲ့သည့်အပြင် ဗပိာုဘဏ်အား သီးခြားလွတ်လပ်ခွင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

Ref: Eleven Media

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တရားစီရင်ရေးမဏ္ဍိုင် ဖွံ့ဖြိုးတိုးတက်စေရန် အားနည်းချက်များ ဖော်ထုတ်တင်ပြမည်

လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် ပိုမိုခိုင်မာဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် တရားစီရင်ရေးဆိုင်ရာအားနည်းချက်များကို Purple Equality Law Firm မှ ဖော်ထုတ်တင်ပြသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းဥပဒေပညာရှင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တရားစီရင်ရေးမဏ္ဍိုင်ပိုကောင်း လာဖို့အတွက်ဆိုပြီး အားနည်းချက်တွေကို ဝေဖန်ထောက်ပြတဲ့ လုပ်ငန်းစဉ်ကို ကျွန်တော်တို့အဖွဲ့ လုပ်ဆောင် တော့ မှာပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အဖွဲ့မှာပါဝင်တဲ့ ဥပဒေပညာရှင်တွေက ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အရေးဆိုမှု  ကိစ္စတွေကို လိုက်လံဆောင်ရွက်ပေးနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် လယ်သမား၊ အလုပ်သမားများ၏ ကြုံတွေ့နေရသည့် အခက်အခဲများ ပြဿနာကိစ္စရပ်များ ပြေလည် နိုင်စေရန်နှင့် စွပ်စွဲခံရသူတို့၏ ရပိုင်ခွင့်များ ပြန်လည်ရရှိနိုင်စေရန် Law Firm အဖွဲ့မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ဥပဒေများ ခေတ်မီနိုင်စေရေးအတွက် ဥပဒေ၏ အားနည်းချက်များကို ထောက်ပြဝေဖန်၍ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း Purple Equality Law Firm မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“လက်ရှိမှာကို ပြည်တွင်းမှာ လယ်ယာမြေတွေ အသိမ်းခံရတဲ့ လယ်သမားတွေ၊ လုပ်ခလစာအပြည့်အဝမရရှိတဲ့ လုပ်သားတွေအားလုံး ဆန္ဒပြမှုတွေ လုပ်နေပါတယ်။ ဒီလိုလူတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။ အစိုးရသစ်လက်ထက်မှာ ခေတ်မမီတော့တဲ့ ဥပဒေတွေကိုလည်း ဖော်ထုတ်တင်ပြပြီး ပြန်လည်ပြင်ဆင်နိုင်အောင် ဆောင်ရွက်သွားမှာပါ”ပာု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အဓိကမဏ္ဍိုင်သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြူရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့၏ အခန်းကဏ္ဍများပိုမို ကျယ်ပြန့်လာခဲ့သော်လည်း လက်ရှိအချိန်ထိတိုင် တရားစီရင်ရေးမဏ္ဍိုင်ရှိ ဥပဒေများမှာ ခေတ်မှီခြင်း မရှိတော့သည့် အတွက် အချို့တရားစီရင်မှုများတွင် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

Ref:မြန်မာပို့စ်

-----------------------------------------------------------------------------------------------------------------------------------

မီဒီယာသမားများ ဝတ်စားမှုပုံစံ လွှတ်တော်စည်းဝေးကျင်းပရေး ဗပိာုကော်မတီမှ သတိပေးစာထုတ်ပြန်

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များသို့ သတင်းလာရောက်ယူသည့် နိုင်ငံသား၊ နိုင်ငံခြားသား မီဒီယာ        သမားများ၏ ဝတ်စားဆင်ယင်မှုအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗပိာုကော်မတီက ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာချက် အရ သိရသည်။

လွှတ်တော်သို့ သတင်းလာရောက်ယူကြသည့် နိုင်ငံခြားသား၊ နိုင်ငံသားမီဒီယာများ၏ ဝတ်စားဆင်ယင်မှုများသည် လွှတ်တော်တွင်း လိုက်လျော ညီထွေမှု မရှိသည့်အတွက် လွှတ်တော်တွင်း သတင်းလာရောက်ယူသည့် မီဒီယာသမားများအနေဖြင့် တီရှပ်ကဲ့သို့သော အင်္ကျီစပို့ရှင်နှင့် 3 Quarter ကဲ့သို့သော ဘောင်းဘီ(ဒူးဖုံး)ဝတ်ဆင်ခြင်း မပြုရန်နှင့် လွှတ်တော်တွင်း ပတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် ဝတ်ဆင်မှုမျိုးကိုသာ ဝတ်ဆင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် လွှတ်တော်စည်းဝေးပွဲများသို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများသည် ခေါင်းပေါင်း၊ ပုဆိုး၊ တိုက်ပုံဖြင့် လည်းကောင်း၊ အမျိုးသမီးများသည် ရင်ဖုံးအင်္ကျီလက်ရှည်နှင့် ပဝါခြုံ၍လည်းကောင်း၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် များသည် တိုင်းရင်း သားဝတ်စုံဖြင့်လည်းကောင်း၊ တပ်မတော်သားများသည် ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဝတ်စုံဖြင့်လည်းကောင်း၊ ဧည့်သည်တော်များသည် လွှတ်တော် ကိုယ်စားလှယ်များနည်းတူ သတ်မှတ်ဝတ်စုံဖြင့်လည်းကောင်း စနစ်တကျဝတ်ဆင်၍ တက်ရောက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“အခု ကျင်းပနေတဲ့လွှတ်တော်ပာာ ပာန်ရေးပြလွှတ်တော် မပာုတ်ပါဘူး။ ဒါကြောင့် မိမိတို့လွှတ်တော်ကို အချိန်တွေ မကုန်ရအောင် မရောင်ရာဆီလူး၊ မလိုတဲ့စကားတွေပြောပြီး အချိန်ဖြုန်းမယ်ဆိုရင် လုပ်ငန်းမှာ အနှောင့်အယှက်ဖြစ်မှာမို့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”ပာု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ လွှတ်တော်တစ်ရပ်လုံးကိုဖြစ်စေ ဂုဏ်သိက္ခာထိခိုက်စေမည့် အသုံးအနှုန်းများ မပြောဆိုရန် ပြောကြားခဲ့ကြောင်း သတင်းများအရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်

ပြည်သူများ၏ မကျေနပ်မှုများအား လွတ်လပ်စွာဖော်ထုတ်ခွင့်ရရှိနိုင်စေရန် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေကို ထုတ်ပြန်လိုက်ပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနည်းဥပဒေတွေ စာအုပ်တွေ ဝေနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ခုနှစ်လအကြာတွင် ယခုကဲ့သို့ နည်းဥပဒေများကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပါ ထွက်လာပြီဆိုတော့ ပြည်သူတွေအနေနဲ့လည်း မကျေနပ်မှုတွေကို ဆန္ဒ ထုတ်ဖော် တဲ့နေရာမှာ ဥပဒေနဲ့အညီ ထုတ်ဖော်ခွင့် ရရှိသွားပြီပေါ့။ အခု လက်ရှိမှာကို လုပ်ငန်းရှင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေအပေါ် မကျေနပ်ချက်တွေကို လှည့်လည် ဆန္ဒပြနေကြပါတယ်။ ဒါပေမယ့် နည်းဥပဒေတွေ မရှိသေးတော့ လုပ်ကိုင်ရတာတွေမှာ နည်းနည်းခက်ခဲ နေသေးတာပေါ့”ပာု ဥပဒေပညာရှင် တစ်ဦးက ဆိုသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး(သို့မပာုတ်) ပြည်သူတို့၏ ကိုယ်ကျင့်အကျိုးဌာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီးတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်ပာု ပြဋ္ဌာန်ထားသည့်အလျောက် နိုင်ငံသားများက ယင်းအခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက် နိုင်ရန်အလို့ဌာ ပြည်ထောင်စု လွှတ်တော်သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီးတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြေညာခဲ့ကြောင်း ဖော်ပြ ပါရှိချက်အရ သိရသည်။

              Ref:Venus

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မိမိတို့လွှတ်တော်ဟာ လွှတ်တော်တစ်ရပ်မှာ ရှိရမယ့် ဂုဏ်အင်္ဂါတွေကို တည်ဆောက်နေသလို လွှတ်တော်ရဲ့ တာဝန်တွေကိုလည်း ကျေပွန်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ လုပ်ဆောင်တဲ့နေရာမှာလည်း နိုင်ငံနဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကိုပဲကြည့်၊ လူ့အဖွဲ့အစည်း တစ်ခုအတွက်မကြည့်နဲ့ ရှင်းရှင်းပြောရမယ် ဆိုရင် အစိုးရအတွက်လည်း မကြည့်နဲ့၊ ကြည့်ရမှာက နိုင်ငံနှင့်နိုင်ငံသားများ၊ အများပြည်သူ အကျိုးစီးပွားအတွက် ကြည့်ရမယ်၊ ဆောင်ရွက်ရမယ်။”

ဇူလိုင်လ ၁၁ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်(၁၀၂)တွင် ပါရှိသည့် “လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြောအဆို အသုံးအနှုန်းများ ရှောင်ကြဉ်ရန် သူရဦးရွှေမန်း သတိပေး” သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီသင်တန်းဖွင့်ခြင်းဟာ ဝန်ထမ်းတွေနိုင်ငံရေး မလုပ်ရဘူးဆိုတဲ့နည်းကို အတိအလင်းပယ်ဖျက်လိုက်တာပဲ၊ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်း မဖြစ်လောက်ဘူးလို့ မျှော်လင့်ရတယ်။”

ဇူလိုင်လ ၁၀ရက်နေ့ထုတ်Envoyဂျာနယ် အတွဲ(၃) အမှတ်(၁၀)တွင် ပါရှိသည့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့်  capacity Building သင်တန်းနှင့်ပတ်သက်၍ ဒေါက်တာမောင်မောင်သိန်းနှင့် ကိုမင်းကိုနိုင်တို့၏ အမြင်နှင့် သဘောထား သတင်းမှ (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်း ကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“အပြောင်းအလဲက မြန်လွန်းအားကြီးတယ်။ စီးပွားရေးလုပ်ငန်း လုပ်တယ်ဆိုတာ တည်ငြိမ်ဖို့လိုပါတယ်။ လူတစ်ယောက် ကားစီးနိုင်ဖို့က စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှ ဖြစ်လာမှာပါ။”

ဇူလိုင်လ(၁၀)ရက်နေ့ထုတ် Express Times ဂျာနယ်အတွဲ(၂)အမှတ်(၁၇)တွင်ပါရှိသည့် “မူဝါဒ အပြောင်းအလဲကြောင့် ကားဝယ်သူအများစု ဈေးကွက် အခြေ အနေစောင့်ကြည့်” သတင်းမှ Sakura Auto Auction Center မှ အထွေထွေမန်နေဂျာ ဦးမြင့်စိုး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

**************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment