Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၀.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့ခရီးသွားလုပ်ငန်း စန်းထလာမူကြောင့် ထိုင်းအတွက်အန္တရာယ်ရှိလာနိုင်

(Bangkok Post မှ 9 July 2012 ရက်စွဲပါ “Thai tourism at risk from Myanmar travel boom” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. တောင်တရုတ်ပင်လယ်တင်းမာမှုသည် အာဆီယံဒေသတွင်းဖိုရမ်တွင် ထိပ်တန်းအစီအစဉ်အဖြစ် တစ်ခုဖြစ်လာမည်

(9 July 2012 ရက်စွဲပါ BBC News မှ South China Sea Tension tops  Asean regional ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်အစိုးရတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး စီးပွားရေးအတွက်သွားမည်

(10 July 2012 ရက်စွဲပါ The West မှ AFP ၏ US Officials in rare Business trip to Myanmar ကိုဘာသာပြန်ဆိုသည်)

                                ***************************************************************

ဘာသာပြန်သတင်းများ

 မြန်မာ့ခရီးသွားလုပ်ငန်း စန်းထလာမူကြောင့် ထိုင်းအတွက်အန္တရာယ်ရှိလာနိုင်

(Bangkok Post မှ 9 July 2012 ရက်စွဲပါ “Thai tourism at risk from Myanmar travel boom” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ မြန်ဆန်စွာကြီးထွားလာသော ခရီးသွားကာလသည် ဒေသတွင်း အဓိကဂိတ်ပေါက်ဖြစ်နေသော ထိုင်းနိုင်ငံ၏အနေအထားကို ထိခိုက်စေနိုင်ကြောင်း ထိုင်းခရီးသွားအေဂျင်စီများက ထိုင်းအစိုးရကို မနေ့ကသတိပေး ပြောကြားလိုက်သည်။

မြန်မာ့ဟိုတယ်ခရီးသွားဝန်ကြီးဦးဋ္ဌေးအောင်က မြန်မာနိုင်ငံသည် ရုတ်တရက်များပြားလာသော ခရီးသွားဧည့်သည်များကို နိုင်နင်းစွာ ဧည့်ခံ ကြိုဆိုရန်အတွက် ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးများကို မြင့်တင်လျက်ရှိသည်ဟု မနေ့က ဆာဆင်ဘန်ကောက်ဖိုရမ်တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပေးမူများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာခရီးသွားလုပ်ငန်းဝန်ကြီးက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် မွေးကင်းစအဆင့်သာရှိသေးကြောင်း ဝန်ခံသော်လည်း ခရီးသွား ဧည့်သည်အရေအတွက် မြန်ဆန်စွာ တိုးပွားလာနေကြောင်း ထောက်ပြပြောဆိုသည်။

ယခုနှစ် ပထမ ၆ လအတွင်း ရန်ကုန်နှင့် မန္တလေးလေဆိပ်များသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသည် အရေအတွက်သည် မနစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုများသည်ဟု ဦးဋ္ဌေးအောင်က ဆိုသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲလာပြီးနောက်ပိုင်း အရှေ့တောင်အာရှ၏ ခရီးသွားလုပ်ငန်းအချက်အချာအဖြစ် သူ့ကိုယ်သူထူထောင်နိုင်ရန် အလားအလာကောင်းနေသည်ဟု ဈေးကွက်အကဲခတ်သမားများကလည်း ယုံကြည်နေကြသည်။

ဦးဋ္ဌေးအောင်က ဆက်လက်၍ “၎င်းရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် အခြေခံအဆောက်အဦး ဖွံ့ဖြိုးမူသည် သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံသည် နော်ဝေးအစိုးရ၏ ပံ့ပိုးကူညီမူဖြင့် ခရီးသွားလုပ်ငန်း master plan ကို ရေးဆွဲနေကြောင်း အစီအစဉ်များထဲတွင် လာမည့်နှစ် အနည်းငယ်အတွင်း ရန်ကုန်နှင့် ၁၅ ကီလိုမီတာအကွာတွင် နိုင်ငံတကာလေဆိပ်သစ်တစ်ခုတည်ဆောက်ရန်ရှိကြောင်း၊ မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်သူများ စုပြုံရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာနိုင်ငံတွင် အရေအတွက်တိုးပွားလာသောတိုးရစ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာဧည့်သည်များအတွက် ဟိုတယ်ခန်းများလုံလောက်မှု မရှိကြောင်း” ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးများ ဖွံ့ဖြိုးမူမရှိခဲ့ရခြင်းမှာ နိုင်ငံရေးနှင့်လုံခြုံရေးပြဿနာများက အတားအဆီးဖြစ်ခဲ့သည့် အပြင် အနောက်အုပ်စုနိုင်ငံများက အရေးယူဒဏ်ခတ်ထားသောကြောင့်ဖြစ်သည်ဟု ဦးဋ္ဌေးအောင်က ပြောကြားသည်။ အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမူအလွဲများကိုမူ ဦးဋ္ဌေးအောင်က ဝန်ခံပြောကြားခြင်းမပြုပါ။

ကူးစက်ပြန့်ပွားနိုင်သော ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များကလည်း Sanctions များ ပိတ်ဆို့ထားခြင်းကြောင့် နိုင်ငံခြားမှဟိုတယ် လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြကြောင်း၊ သို့သော်လည်း လက်ရှိအာဏာရစိုးရက ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေးတို့ကို ဆက်တိုက်လုပ်ဆောင်သွားရန် ကတိပြုထားသောကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍသည် ယခုအခါ ပြန်လည်ရှင်သန်လာတော့မည်ဖြစ်ကြောင်း” ဦးဋ္ဌေးအောင်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် Shangri-la အုပ်စုက အခန်း၂၄၀ ဟိုတယ်တစ်ခုတည်ဆောက်နေပြီး Accor အုပ်စုနှင့် အိန္ဒိယ Oberoi တို့ကလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်ဟု သိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၅၀၀၀ ခန့်ရှိသည်ဟုဆိုသည်။

မြန်မာ့ဟိုတယ်ခရီးသွားဝန်ကြီး ဦးဋ္ဌေးအောင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများတွင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပေးထားသော်လည်း မြေပိုင်ခွင့်မရှိဘဲ ၄၅ နှစ် မြေငှားစာချုပ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်ဟု ပြောကြားသည်။

နောက်ထပ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းသစ်များကိုလည်း စဉ်းစားကြံဆနေသည်ဟု ဦးဌေးအောင်က ဆိုသည်။ သမ္မတဦးသိန်းစိန်ကလည်း ပျမ်းမျှ GDP ၇.၇ ရာခိုင်နှုန်းနှင့် တစ်ဦးခြင်း GDP ၃ ဆတိုးစေရန်ရည်မှန်းကာ ၂၀၁၁-၂၀၁၂ ငါးနှစ်ကာလဖွံ့ဖြိုးရေးအစီအစဉ်ကို ခွင့်ပြုထားသည်ဟု သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမှတဆင့် အပြန်အလှန်အကျိုးရှိစေမည့် လက်တွေ့သဘောမဟာဗျုဟာကို ချမှတ်သင့်သည်ဟု ထိုင်း ခရီးသွားအေဂျင်စီများအသင်းအတွင်းရေးမူုးချုပ် ချာရွန်ဝါဂါနာနွန်က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ လှေနံဓါးထစ် မပြောင်းလဲသောမူဝါဒများကြောင့် ဒေသတွင်းနိုင်ငံများထံ ခရီးသွားဧည့်သည်များ လက်လွတ်ဆုံးရှုံးရတော့မည့် အန္တရာယ်ရှိနေပြီဟု ချာရွန်ဝါဂါနာနွန်က သတိပေးပြောကြားသည်။

                                                                ***************************************

တောင်တရုတ်ပင်လယ်တင်းမာမှုသည် အာဆီယံဒေသတွင်းဖိုရမ်တွင် ထိပ်တန်းအစီအစဉ်အဖြစ် တစ်ခုဖြစ်လာမည်

(9 July 2012 ရက်စွဲပါ BBC News မှ South China Sea Tension tops  Asean regional ကိုဘာသာပြန်ဆိုသည်)

ယခုအပတ်ကျင်းပမည့် အာဆီယံ၏ ဒေသတွင်းဖိုရမ်တွင် တောင်တရုတ်ပင်လယ်မှ တင်းမာမှုပြဿနာအားဆွေးနွေးရန် အစီအစဉ်မှာ ထိပ်တန်း၌ ပါဝင်လာမည်ပာု မျှော်လင့်ရသည်။

တရုတ်နှင့် အာဆီယံအဖွဲ့ဝင်များထဲမှ အချို့နိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် နယ်မြေများ တောင်းဆိုလျက်ရှိကြသည်။

အာဆီယံအဖွဲ့ကြီးမှ နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်အပါအဝင် ဆွေးနွေးဖက်(၁၆)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမရောက်မီ ကမ္ဘောဒီယား တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ယခုအပတ်နှောင်းပိုင်းတွင် ဖနွမ်းပင်သို့ အစည်းအဝေးတက်ရောက်ရန် လာရောက်မည်ဖြစ်သည်။

“ဒီကိစ္စကို ကမ္ဘာကပိုပြီး စိတ်ဝင်စားပြီး၊ ဂရိုစိုက်ကြည့်နေပါတယ်။ လေးလေးနက်နက်လည်း ရှိနေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒေသကြီးပာာ ကမ္ဘာမှာ ပိုမိုအရေးကြီးလာလို့ပါပဲ”ပာု အာဆီယံအတွင်းရေးမှူးချုပ် Surin Pitsuwan က BBC သို့ပြောသည်။

“သူတို့က လမ်းကြောင်းချော်မသွားစေလိုပါဘူး။ ဒေသကြီးရဲ့ကမ္ဘာပေါ်မှာ တက်ရိပ်ပြနေတဲ့လမ်းကြောင်းကို ထိခိုက်မယ့် ပဋိပက္ခတွေကို မလိုလားပါဘူး”ပာု ၎င်းကပြောသည်။

ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာမည့် ပီာလာရီကလင်တန်ကလည်း တောင်တရုတ်ပင်လယ်ကိစ္စကို ကိုင်တွယ်နိုင်မည့် စည်းမျဉ်း(a code of conduct-COC)တိုးတက်မှုရှိရန် တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုခြင်းမှာ ဒေသတွင်းတွင် ပထဝီနိုင်ငံရေးအရ တင်းမာမှုဖြစ်နေခြင်းအပေါ် အမေရိကန်၏ စိတ်ဝင်စားမှုကို အချက်ပြလိုက်ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က ကလင်တန်သည် တိုကျိုတွင် သတင်းထောက်မထားအား ပြောကြားခဲ့ရာတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအား ပဋိပက္ခ္ခ မဖြစ်စေဘဲ၊ အင်အားသုံးခြင်းမရှိဘဲ၊ ခြိမ်းခြောက်မှုများမလုပ်ဘဲ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းသည် Code of Conduct(COC)ကို ဆွေးနွေးရန် စိတ်အားထက်သန်နေပါကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။

“ဆွေးနွေးဖို့အချိန်ရောက်လာပြီဆိုရင် COC ရေးဆွဲနိုင်ရေးအတွက် အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးလိုပါတယ်”ပာု ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin ကပြောသည်။

“ဒါပေမယ့်လည်း ကျွန်တော် အလေးအနက်ပြောလိုတာကတော့ COC ပာု အငြင်းပွားမှု ဖြေရှင်းပေးရုံတင် ရည်ရွယ်မထားသင့် ပါဘူး။ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးကိုပါ ရည်ရွယ်သင့်ပါတယ်”ပာု ၎င်းကပြောသည်။

အာဆီယံအနေဖြင့် တရုတ်အား COC ကိုလက်ခံရေးအတွက် ဖိအားပေးရေးတာဝန်ယူရန် ဖိလစ်ပိုင်က ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။

တရုတ်နှင့်ဖိလစ်ပိုင်ကြား အဖြေမထွက်ဖြစ်နေသောကိစ္စမှာ ဧပြီလက သန္တာကျောက်တန်းများရှိသော Scaborough Shoal တွင် ထပ်မံ ဖြစ်ပွားခဲ့သည်။ တင်းမာမှုဖြစ်နေသောအချိန်တွင် စစ်အတွက် ပြင်ဆင်နေသည်ပာူသောသတင်းများကို တရုတ်ကငြင်းဆိုခဲ့သည်။ နယ်မြေထဲသို့ ကျုးကျော်ခဲ့ကြောင်း နှစ်ဖက်စလုံးကတစ်ဦးကို တစ်ဦး စွပ်စွဲခဲ့ကြသည်။

မကြာမီက အငြင်းပွားနေသောရေပိုင်နက်တွင် တရုတ်က ရေနံရှာဖွေရေးအတွက် တင်ဒါ ခေါ်ယူခဲ့ခြင်းအတွက် ဗီယက်နမ်ကလည်း စိတ်ဆိုး လျက်ရှိသည်။

အဆိုပါ သယံဇာတပေါသော ဧရိယာတွင် တရုတ်၏တောင်းဆိုမှုမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းစသည့် အာဆီယံနိုင်ငံများမှ တောင်းဆိုသောနေရာများမှာ ထပ်တူညီလျက်ရှိသည်။

သို့သော် မည်သို့လုပ်ဆောင်ရမည်ဆိုသည့်ကိစ္စတွင် အာဆီယံအဖွဲ့ဝင်များကြားတွင် ဝိဝါဒကွဲလျက်ရှိသည်။ ထိခိုက်နစ်နာသော နိုင်ငံလေးနိုင်ငံက လုပ်ဆောင်မှုများ ကွဲလျက်ရှိသည်။ တရုတ်ထံမှ အကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှုများရယူပြီး ကျေးဇူးရှိထားသော ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများက တရုတ်စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလိုကြောင်း BBC မှ Guy Delouney က ပြောကြားသည်။

                                                                        ******************************************

အမေရိကန်အစိုးရတာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး စီးပွားရေးအတွက်သွားမည်

(10 July 2012 ရက်စွဲပါ The West မှ AFP ၏ US Officials in rare Business trip to Myanmar ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့ကပြောကြားရာတွင် ၎င်းသည် အကြီးတန်းအစိုးရတာဝန်ရှိသူနှစ်ဦးအား ကုန်သွယ်ရေးတိုးမြှင့်နိုင်ရန် မြန်မာနိုင်ငံသို့ စေလွှတ်ထားကြောင်းပြောဆိုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး၏လက်အောက်မှ တိုက်ရိုက်တာဝန်ရှိသူ စီးပွားရေးတိုးတက်မှုအတွက် ကြီးကြပ်သူ Robert Hormats နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး၏လက်အောက်မှ နိုင်ငံတကာကုန်သွယ်ရေးအတွက် တိုက်ရိုက်တာဝန်ရှိသူ Franciso Sanchez တို့သည် လာမည့် စနေ၊ တနင်္ဂနွေနေ့များတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အဆိုပါတာဝန်ရှိသူနှစ်ဦးသည် နေပြည်တော်နှင့် ရန်ကုန်တွင် မြန်မာအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးနှင့်ပတ်သက်သော ဆက်ဆံရေးများ ပြုလုပ်၍ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ထောက်ခံပံ့ပိုးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တွင်ဆိုသည်။

Hormats နှင့် Sanchez တို့သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းမည်ဖြစ်သည်။

အဆိုပါကောင်စီသည် အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှကြား ကုန်သွယ်ရေးတိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံနှင့် စီးပွားရေးအရပိုမိုဆက်ဆံရေးပြုလုပ်ရန် မကြာမီကပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဥရောသမဂ္ဂနှင့် အာရှနိုင်ငံများနှင့်မတူဘဲ အရေးယူမှုများစွာချမှတ်ထားရာ စစ်တပ်အတွက် ဝင်ငွေများစွာ ရရှိသော မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများကို တင်သွင်းခြင်းအား ပိတ်ပင်ထားခြင်းလည်းပါဝင်သည်။

စီးပွားရေးလုပ်ငန်းအုပ်စုများက အမေရိကန်ကုမ္ပဏီများသည် အတားအဆီးများ ပြုလုပ်ခံထားရသည့်သဖွယ် ဖြစ်နေခြင်းကြောင့် အမေရိကန် အစိုးရအား နောက်ထပ်လုပ်ဆောင်မှုများပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။ လူ့အခွင့်အရေးအုပ်စုများကို ဆက်လက်ထားရှိရန် အစိုးရအား ဖိအား ပေးလျက်ရှိသည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment