Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တို့တိုင်းပြည်နဲ့ ငြိမ်းချမ်းရေး

*****************************************

ဆောင်းပါးကဏ္ဍ

တို့တိုင်းပြည်နဲ့ ငြိမ်းချမ်းရေး

ဘဘ

ဇူလိုင်လ(၁၈)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)အမှတ်(၁၀၃)တွင်ပါရှိသည့် ဆောင်းပါးမှ ကူးယူတင်ပြသည်။

ဘဘကဒီနေ့လည်းပဲ ခါတိုင်း လိုနံနက်ခင်းမှာစောစောထအမျှပေးဝေမေတ္တာပို့ ပုတီးစိပ်၊ တရားထိုင်တာပေါ့။ အဲဒါတွေ အားလုံးပြီးရင် မြန်မာ ပြည်နဲ့ ကမ္ဘာမှာ ဘာဖြစ်ပျက်နေလဲ သိရအောင် ရေဒီယိုသတင်းတွေကိုတော့ နားထောင်ပါတယ်။ အဲဒါတွေပြီးတော့ ဘဘက သုံးသပ်ကြည့်မိတယ်။ ဘဘက အသက်ကြီးပြီ။

ဘဘဟာဂျပန်ခေတ် လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ရေးကြီးရပြီးစ ပြည်တွင်းစစ်ဟာ ရန်ကုန်နားအထိ ရောက်ခဲ့တဲ့ခေတ်။ နောက် ဦးနုတို့ ဒီမိုကရေစီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၊ နောက် တပ်မတော် အစိုးရစတာတွေ ကြုံခဲ့၊ မှီခဲ့လို့ ပြန်ပြီးသုံးသပ်လိုက်တော့ ဘဘမွေးကတည်းက ဗုံးသံ၊ သေနတ်သံ၊ တိုက်ပွဲသံတွေနဲ့ ကြီးလာခဲ့ရတာ အခုထိလည်းတို့ တိုင်းပြည်ကြီး အဆင်မပြေသေးပါလားလို့ သုံးသပ်မိတယ်။ တို့တိုင်းပြည်ကြီးကို ပတ်ပြီး ကြည့်ကြရအောင်။ တောင်ပိုင်းမှာ ကမွန်တိုင်းရင်းသားတွေနဲ့ အုပ်ချုပ်တဲ့သူတွေမကျေနပ်ကြလို့  တိုက်ခဲ့အချင်းချင်း သတ်ခဲ့ကြတယ်နော်။ ဒီကနေ နည်း နည်း အရှေ့မြောက်ဘက်မှာတော့ ကရင်ပြည်နယ် အဲဒီနေရာမှာတော့ ဘာပြောကောင်းမလဲ။ လက်နှက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကြ အချင်းချင်း သတ်ကြတာ နှစ်ပေါင်းများစွာ ရှိခဲ့တယ်။ အခုဘာကြာသေးသလဲ။ အပစ်အခတ် ရပ်စဲကြတယ် ကြားတာပါပဲ။ နောက်ကရင်ပြည် နယ်မြောက်ဘက်က အဲဒီမှာလည်း ကယန်းတိုင်ရင်းသားတွေ ပဒေါင်အစရှိတာတွေနဲ့ အစိုးရတပ်တွေလည်း အချင်းချင်းစစ်ခင်းပြီး တိုက်ကြတာပါပဲ။ နောက်တစ်ခါ တို့ရဲ့ ရှမ်းပြည်နယ်၊ အဲဒီမှာလည်း ရှမ်းအမျိုးသားတွေ၊ ပအိုဝ်တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ အမျိုးသားရေးမှာ သူတို့ရဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းခွင့် မရလို့၊ သူတို့အတွက် အခွင့်အရေး မရလို့အစရှိတဲ့ အစရှိတဲ့ သဘောမတူကြတဲ့ အကြောင်းအမျိုးမျိုးတွေရှိကြလို့ တိုက်ကြခိုက်ကြတာတွေလည်း ကြားနေရတာပါပဲ။ အဲဒီဘဘတို့ ရှမ်းပြည်ရဲ့ အရှေ့မြောက်ပိုင်းမှာကြတော့လည်း တိုက်ကြခိုက်ခဲ့ကြတာပါပဲ။ အဲဒီနေရာကတော့ ငြိမ်းချမ်းရေး ယူထား တာ အတော်လေးကြာသွားပြီလို့ ပြောရမယ်။ ဒါပေမယ့် အဲဒီနေရာတွေကို အုပ်ချုပ်နေကြတဲ့ ဆရာကြီးတွေက မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို မထိန်း သိမ်းနိုင်ကြတော့တို့ တိုင်းပြည်ကို အပြည်ပြည်ဆိုင်ရာကအဲဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ညှိုးထိုးကြလို့ တို့တတွေ မျက်နှာငယ်နေရတယ်နော်။ အဲဒီနေရာမှာ ငြိမ်းချမ်းရေး ယူထားပြီး အုပ်ချုပ်တဲ့ ဆရာကြီးတွေက ကိုယ်တိုင်ပါဝင်နေတယ်လို့လည်း စွပ်စွဲသံတွေ ကြားနေရတာပဲနော်။တို့တိုင်းပြည် ရှမ်းပြည်ရဲ့ အရှေ့မြောက်ဘက် အစွန်းမှာကိုးခမ်းနယ်။ အဲဒီမှာနေတဲ့ လူအများစုကတရုတ်မျိုးနွယ်တွေဖြစ်ပေမယ့် တို့တိုင်း ရင်းသားလို့ သတ်မှတ်ရမှာ ပါ။ သူတို့စော်ဘွား၊ ကိုးခမ်းစော်ဘွားဆိုတာ ဟိုးရှေးကတည်းက သိန်းနီစော်ဘွားအောက်မှာ နေထိုင်ခဲ့ပြီး လွတ်လပ်ရေးရတော့လည်း အဲဒီ ကိုးခမ်း စော်ဘွားက လျော်ကြေးမယူဘဲ အာဏာစွန့်ခဲ့တယ်ဆိုတာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။

တစ်ခါရှမ်းပြည်နဲ့ ကချင်ပြည်နယ်စပ်မှာတော့ ကချင်အုပ်စုတွေကလည်း တခြားတိုင်ရင်းသားတွေလိုပဲ မကျေနပ်ကြလို့ ပြန်တိုက်ခိုက်ခဲ့ကြတာပဲ  မဟုတ်လား။ နောက် တို့တိုင်းပြည်ရဲ့မြောက်ပိုင်း ကချင်ပြည်နယ်မှာကတော့ အခုတလော စစ်တွေဖြစ်ကြလို့ တို့တိုင်းရင်းသားတွေ အိုးအိမ်တွေ စွန့်ပစ် ပြီး ပြေးရ၊လွှားရ၊ ဒုက္ခရောက်ကြ။ တို့ကချင်တိုင်းရင်းသားတွေဟာ ဟိုးတရုတ်ပြည်ထဲအထိ တောင်သွားပြီး ခိုအောင်းနေကြရတယ်နော်။ ပေါက်ဖော်ကြီး တွေကလည်း “ရေနစ်သူဝါးကူ ထိုး”ဆိုသလို မကူညီကြဘူးတဲ့။ အဲဒီလိုဘဘတို့ တိုင်းပြည်ကြီးကိုပတ်ပြီး လေ့လာလိုက်တော့ စစ်ကိုင်းတိုင်းထဲ ရောက် သွားရော။ စစ်ကိုင်းတိုင်းသာ ဆိုပေမယ့် အဲဒီမှာလည်းတို့ တိုင်းရင်းသားညီအစ်ကိုတွေ နေကြတာအများကြီးပါ။ အဲဒီမှာတော့ ‘နာဂ’ညီအစ်ကိုတွေလေ။ သူတို့ကလည်း သူတို့အကြောင်းနဲ့သူတို့ လက်နက်ကိုင်ပြီး ပြန်ခြားနားကြတာပါပဲ။ အဲဒီကနေတဆင့် ချင်းပြည်နယ်။ အဲဒီမှာလည်း ချင်းတိုင်းရင်သား ညီအစ်ကိုတွေက သူတို့ရဲ့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ခွင့် မရှိလို့၊ သူတို့ဆီကိုဖွံ့ဖြိုးမှု လုပ်ငန်းတွေမရရှိလို့ အကြောင်းတွေနဲ့ ခြားနားကြတာပါပဲ။ ဒီလိုပါပဲဘဘတို့ ပတ်ကြည့်တဲ့လမ်းကြောင်း တစ်ပတ်ပြည့်ကာနီးမှာ ရခိုင်ပြည်ကို ရောက်သွားပါလေရော။ ရခိုင်တိုင်းရင်းသားတွေဆိုတာက ဘဘတို့ ဗမာတွေ နဲ့ စကားမှာလည်း အလွန်နီးစပ်ပြီး ကိုးကွယ်တဲ့ဘာသာကလည်း အတူတူပါပဲ။ ဒါပေမယ့် ရခိုင်မှာလည်း အခြားတိုင်းရင်း သားညီအစ်ကိုတွေ လိုပဲ မကျေနပ်ချက်တွေရှိတော့ သူတို့ဆီမှာလည်း ခြားနားတဲ့လူတွေ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါပဲ။ အခုတလော အဲဒီရခိုင်အဖွဲ့နဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေကြတယ်လို့ ရေဒီယိုမှာကြားနေရပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အခုတလောကြောက်စရာ၊ ကြောက်ခန်းလိလိ ဖြစ်ပျက်နေတာ ကတော့ တို့တိုင်းရင်သားကို တို့ဆီမှာ လာနေတဲ့ ဧည့်နိုင်ငံသားတွေက သတ်ကြလို့ရွာတွေ အိမ်တွေ မီးရှို့ကြလို့၊ တို့လူတွေ အခုထိတောင် ကိုယ့်ရွာကိုယ် မပြန်ရဲကြဘူး ဆိုပဲ။ အဲဒီကိစ္စကတော့ တို့တိုင်ရင်းသား ညီအစ်ကိုအချင်းချင်း မဟုတ်တော့ဘဲ နိုင်ငံခြားက ပယောဂပါဝင်မှု၊ ငွေကြေး အထောက်အပံ့ စတာတွေကို စိုးရိမ်ရတယ်နော်။

အဲဒါကြောင့် ဘဘကတော့ အးလုံးပါဝင်ပတ်သက်နေတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစိုးရအပါအဝင် တို့တိုင်ရင်းသားတွေ အားလုံးကို တောင်းပန် ပါရစေ။ တို့အချင်းချင်း စည်းလုံးရမယ်လေ။ “နွားကွဲရင် ကျားဆွဲ”ဆိုတဲ့ စကားပုံရှိတာ မဟုတ်လား။ ကျားက ကိုယ့်ခြံထဲမှာ ရောက်နေပြီနော်။ အဲဒီလို ဘဘတို့ရဲ့ တိုင်းပြည်ကို တစ်ပတ်ပတ်ပြီး ကြည့်လိုက်တာ တို့တိုင်းပြည်မှာ အေးချမ်းငြိမ်းချမ်းတဲ့နေရာဆိုတာ အတော်ရားပါးပါလားလို့ သုံးသပ်ရတယ်။ တို့ညီအစ်ကို တိုင်းရင်းသားတွေမှာလည်း သူတို့မကျေနပ်ရာ အကြောင်းအမျိုးမျိုးရှိကြလို့ လက်နက်ကြီးတွေကိုင်ပြီး ပြန်ချတာလို့ပဲ သုံးသပ်ရမှာပါပဲ။ အဲဒီ တော့ တို့တစ်တွေ ရွာထဲမှာရန်ဖြစ်ရင် ပွကြီးနဲ့ ဘယ်သူနဲ့လဲလို့ပြောရမယ့် အနေအထားလားဆိုတာ စဉ်းစားဖို့တော့ လိုပြီထင်ပါတယ်။ ဒါပေမယ့် ဘဘက အဆိုးမြင်ဝါဒီလမ်းကို မလိုက်လိုပါဘူး။ အခုတလော လွန်ခဲ့တဲ့လတွေမှာတော့ နိုင်ငံတော် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြ၊ယူကြတဲ့ အဖွဲ့အစည်း တွေလည်း တိုးတိုးလာတာလည်း ကြားနေသိနေကြပါတယ်။ အဲဒီတော့ ဘဘက ဒီဆောင်းပါးမှာ တို့တိုင်းပြည်မှာ အခုလို လူသတ်လက်နက်ကြီးတွေ ကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်သတ်နေကြတာတွေရဲ့ မြစ်ဖျားခံပုံ၊ အကြောင်းရင်းခံတွေကို ပြောပြတင်ပြကြပြီး တို့တတွေ စည်းလုံးညီ ညွတ်ကြပါလို့ ပြောမလို့ပါ။အဖြစ်ကတော့ ဘဘတို့တစ်တွေ အချင်းချင်းစပြီးတိုက်ခဲ့ သတ်ခဲ့ ကြတာတွေကတော့ အတိုချုံး လိုက်ရင် နိဂုံးချုပ်လိုက်ရင် နိုင်ငံခြားပယောဂကြောင့်လို့ ဘဘကတေ့လက်ညှိုးထိုးပြီးရဲရဲကြီးစွပ်စွဲလိုပါတယ်။

အချိန်ကတော့ ၁၉၄၆ခုနှစ်။ တို့တိုင်းရင်းသားတွေ အားလုံးညီညီညွတ်ညွတ်နဲ့ တို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ ဖက်ဆစ်ဂျပန် တွေကို တို့တိုင်းပြည်က မောင်းထုတ်ပြီးစ။ လွတ်လပ်ရေးရတော့မယ့် အရိပ်အယောင်တွေနဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် စတင်ကြရတော့မယ့် အခြေ အနေ။ အဲဒီလိုလွတ်လပ်ရေး ကြီးကိုဦးတည်ပြီး ညီညီညွတ်ညွတ်ရှိရာကနေ ပြန်တိုက်ပြန်ချကြတဲ့ အုပ်စုကြီးဟာ နှစ်အုပ်စုရှိခဲ့ပါတယ်။ ပထမအုပ်စုကြီး ကတော့ လက်ဝဲဘက်က ကွန်မြူနစ်တွေနဲ့ အလံနီကွန်မြူနစ်လို့ခေါ်ကြတဲ့ သခင်စိုးအုပ်စုနဲ့ ဒုတိယကတော့ လက်ယာလို့သတ်မှတ်တဲ့ ကရင်တိုင်းရင်း သားတွေထဲက လူနည်းစုဖြစ်တဲ့ အုပ်စုပါ။ ပထမအုပ်စုကွန်မြူနစ်တွေက ဖက်ဆစ်တိုက်ပွဲမှာ ဖဆပလအဖွဲ့ကြီးမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ၁၉၄၆ခုနှစ် နိုဝင် ဘာလအစပိုင်းမှာ ဖဆပလအဖွဲ့ကြီးက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ် အဆုံးပိုင်းတို့ဗိုလ်ချုပ် တို့မရှိတော့တဲ့ နောက်ပိုင်း ဦးနုတို့နဲ့ အတူလက်တွဲပြီး ‘လူသတ်ဝါဒ’ကို ဆန်ကျင်တဲ့ နေရာမှာ ပါဝင်ခဲ့ပါတယ်။

လူသတ်ဝါဒဆိုတာ အဲဒီတုန်းက အဖွဲ့အစည်းပေါင်းစုံက လက်နက်ပုန်းတွေ အနှံ့အပြားထားကြလို့ တိုက်ဖျက်ကြတာပါ။ အဲဒီနောက် သခင် သန်းထွန်းနဲ့ ဂိုရှယ်တို့ဟာ ၁၉၄၈ခုနှစ် ဇန်နဝါရီလ၄ရက်နေ့မှာ တို့တိုင်းပြည်ရဲ့လွတ်လပ်ရေးပွဲမှာ တက်ရောက်ခဲ့ကြတော့ အားလုံးဟာ ညီညီညွတ် ညွတ်နဲ့ တိုးတက်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ပါပဲ။ ဒါပေမယ့် လွတ်လပ်ရေးရပြီး မကြာခင် ဖေဖော်ဝါရီလမှာပဲ ကွန်မြူစ်တွေရဲ့ ညီလာခံမှာ လွတ်လပ် ပြီးစ တိုင်းပြည်လေးတွေက ကွန်မြူနစ်တွေဟာ နက်ကိုင်တော်လှန်ရေးကြီးကို စရတော့မယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် သူတို့ရဲ့ Prolarian Revolution လို့ခေါ်တဲ့ ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေးကြီးကို စမယ်ဆိုတဲ့ အစီအစဉ်ရှိခဲ့လို့ ဦးနုတို့ဦးကျော်ငြိမ်းတို့ က၁၉၄၈ခုနှစ် မတ်လ၂၈ရက်နေ့ နံနက်စောစောမှာ သွားဖမ်းရင်းကနေ ပြည်သူလူထုကနေ ရွေးချယ်တင်မြှောက်ထးတဲ့ အစိုးရကို စတင် ပုန်ကန် တော့တာပါပဲ။ အဲဒီတော့ နိုင်ငံခြား ကွန်မြူနစ်ပါတီတွေရဲ့ ဆုံးဖြတ်ချက်၊ ဆိုဗီယက်တို့ရဲ့ ဆာဂါနော့ဝါဒကြောင့် ကွန်မြူနစ်တွေဟာ ဒီမိုကရေဒီအစိုးရကို စတင်တော်လှန် ခဲ့တာပါ။ ကရင်အုပ်စုနဲ့ ပတ်သက်လို့ကတော့ ၁၉၄၆ခုနှစ်ဖေဖော် ဝါရီလမှာကျင်းပတဲ့ ကရင်ဗဟိုအစည်းအရုံးရဲ့ ညီလာခံမှာ ကရင်ပြည်နယ်တည်ထောင်ဖို့ အဆိုပြုဆုံးဖြတ်ခဲ့တာပါ။ ကရင် ပြည်နယ်တည်ထောင်ဖို့ဆိုတာကတော့ ၁၉၄၇ခုနှစ် အခြေခံဥပဒေပုဒ် ၁၈၀မှာလည်း   ကရင်ပြည်နယ် ထူထောင်ဖို့ဆိုတာ ပါခဲ့ပြီး ဗိုလ်ချုပ်တို့ ဦးနုတို့ကလည်း သဘောတူခဲ့ပြီးသားပါ။ ဒါပေမယ့်၁၉၄၆ ခုနှစ်ဇူလိုင်လမှာ ကရင်ခေါင်းဆောင်အချို့က အင်္ဂလန်ကိုသွားရောက်ပြီး ကရင်များအကူအညီ ရလိမ့်မယ်ဆိုတဲ့ နိုင်ငံခြားပယောဂပါပဲ။ လွတ်လပ်ရေးကြီးလည်းရပြီးရော ၁၉၄၈ခုနှစ်စက်တင်ဘာလမှာ မြန်မာပြည်မှာခြေဝင်ရှုပ်တဲ့ ‘ကင့်ဗဲလဲ’ဆိုတဲ့သူနဲ့ ‘ကာနယ်တူးလောက်’ဆိုတဲ့သူတွေနဲ့ သူတို့ ရဲ့ ငွေကြေးလက်နက် အကူအညီနှင့် ပတ်သက်ပြီး ရေးထားတဲ့စာတွေ လက်ပူးလက်ကြပ်မိခဲ့တာဆိုတာ သက်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ အများအသိပါပဲ။

                အဲဒီတော့ ဘဘ ဒီမှာပြောချင်တာက ဟိုတုန်းကကိစ္စတွေ ဟိုတုန်းက တို့ညီအစ်ကိုတွေ သူများမြှောက်ပင့် သွေး ထိုးခဲ့ကြလို့ မှားခဲ့ကြပြီးတို့ပြည်သူတွေ တို့တိုင်းရင်းသားတွေ ဒုက္ခရောက်ခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ တို့တစ်တွေဟာ ညီညွတ်ကြဖို့ စည်းလုံးကြဖို့ အချိန်တန်ပါပြီကွယ်။ အဲဒီကနေတစဆင့် ရေရှည်ငြိမ်းချမ်းရေး၊ထာဝ စဉ်ပြည်ထောင်စုကြီးမှာ တန်းတူညီတူ အတူတကွ နေထိုင်ရေးတွေ တည်ဆောက်ကြဖို့အရေးတွေလည်း လိုအပ်လာတယ်။ အဲဒါတွေအားလုံး ရရှိဖို့ ကတော့ စစ်မှန်သောဒီမိုကရေစီကျင့်သုံးနိုင်ကြမှဖြစ်မှာ။အဲဒီတော့ တို့တိုင်းပြည် တို့ပြည်သူလူထုကိုချစ်ကြရင် ငဲ့ညှာကြရင် ညီညီညွတ်ညွတ်နဲ့ တို့တိုင်းပြည်တိုးတက်ရေးကိုဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဘဘတိုက်တွန်းချင်ပါတယ်ကွယ်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၈.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်းနိုင်ငံတွင် IMF ရုံးခန်းဖွင့်လှစ်၍ မြန်မာနိုင်ငံအား ကူညီမည်
  2. ဗြိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်တွင် ဖွင့်လှစ်
  3. လေနှင့် နေစွမ်းအင်တိုမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ပြည်ပနိုင်ငံလေးခုနှင့် ဆွေးနွေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်ပိတ်ဆို့မှု သက်တမ်းမတိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကန်အထက်လွှတ်တော်အမတ် ဆွေးနွေး
  2. ညီနောင်တိုင်းရင်းသားပါတီအား ပါတီ ၄ ခုမှ ပူးပေါင်းရန် လေ့လာမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ထိုင်းနိုင်ငံတွင် IMF ရုံးခန်းဖွင့်လှစ်၍ မြန်မာနိုင်ငံအား ကူညီမည်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ ထိုင်းနိုင်ငံတွင် ရုံးခန်းများဖွင့်လှစ်၍ မြန်မာနိုင်ငံ၏ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် နည်းပညာ အထောက်အပံ့ကောင်းများ ပေးနိုင်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း IMFမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“IMF ရုံးခန်းကို ထိုင်းနိုင်ငံက Bank of Thailand(BOT)မှာ အခြေစိုက်သွားမှာပါ။ ဒီရုံးကနေပြီးတော့ မြန်မာနိုင်ငံအတွက် စွမ်းဆောင်ရည်မြှင့် တင်မှုနဲ့ လေ့ကျင့်သင်ကြားပေးမှုဆိုင်ရာ အလေးစားဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆောင်ရွက်ပေးသွားမှာပါ။ ထိုင်းနိုင်ငံမှာ IMF ရုံးဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံ နှစ်နိုင်ငံစလုံးကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့် အပြင် မြန်မာအစိုးရမှ နိုင်ငံတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်စေရေးအတွက် နည်းပညာ အထောက်အပံ့ကောင်းများ ပေးနိုင်ရန်  နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့သို့ အကူအညီတောင်းခံခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် IMFမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့လာရောက်၍ လိုအပ် သည့် အကြံပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဘယ်နေ့ကို IMF ရုံးခန်းလာဖွင့်မယ်ဆိုတာ တရားဝင်ပြောထားတာ မရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ပြီဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာတော့မှာပါ။ ဒီလိုဆိုရင် IMF ရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါလာပါပြီ”ပာု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

မြန်မာနိုင်ငံအား အကြွေးပေးဆောင်ရန် ပျက်ကွက်မှုဖြင့် ၁၉၈၀ ပြည့်နှစ်လွန်ကာလများမှစတင်၍ မြန်မာနိုင်ငံ အပေါ် ကူညီ ထောက်ပံ့မှုများ ပေးမှုများကို IMF မှ ရပ်ဆိုင်းခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် IMF မှ မြန်မာနိုင်ငံအပေါ် အကူအညီများပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗြိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအချက်အချာကျသည့် ရန်ကုန်မြို့တော်တွင် ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးအား၂၀၁၂ ဇွန်လ ၁၁ ရက်နေ့တွင်  စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အာရုံစိုက် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆင်းပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ် ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အီးယူအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာရေးလုပ်ငန်းများ အားကောင်း လာနိုင်စေရန် ကူညီပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသာမက လူမှုရေးအရ ဆက်ဆံမှုများကိုလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်ကုန်သွယ်ရေးရုံး ကိုယ်စားလှယ်များအဖွဲ့မှ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင် သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံမှလည်း မကြာသေးမီကာလအတွင်းက အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှိးမြှုပ်နှံမှုများ ပြုလုပ်နိုင် ကြောင်း လမ်းဖွင့်ပေးခဲ့သည်။

Ref:ပြည်မြန်မာ

-----------------------------------------------------------------------------------------------------------------------------------

လေနှင့် နေစွမ်းအင်တိုမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ပြည်ပနိုင်ငံလေးခုနှင့် ဆွေးနွေး

သဘာဝမှ ပေးထားသည့် လေနှင့် နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် လက်ရှိအချိန်တွင် ထိုင်း၊ တရုတ်၊ တောင်ကိုရီး ယားနှင့် ဂျပန် နိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားက အရမ်းကို လိုအပ်နေပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း ဒီကိစ္စက အခက်အခဲတစ်ခု ဖြစ်နေ ပါတယ်။ ဒါကြောင့် ပြည်တွင်းလျှပ်စစ် လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် လေနဲ့ နေစွမ်းအင်တို့က လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ဖို့အတွက် ပြည်ပ နိုင်ငံ(၄)ခုနဲ့ ဆွေးနွေးနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် လေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား ၂၉၀၀ မဂ္ဂါဝပ် ထုတ်ယူနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ထိုင်းကုမ္ပဏီတစ်ခုမှ လေ့လာမှုများပြုလုပ်လျက်ရှိပြီး တရုတ်ကုမ္ပဏီ တစ်ခုကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၀၀၀ ထုတ်ယူနိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Weelkly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“ခု လက်ရှိ ပြည်ပကုမ္ပဏီနှစ်ခုဖြစ်တဲ့ ထိုင်းနဲ့ တရုတ်ကုမ္ပဏီတွေက လေအားလျှပ်စစ် ထုတ်နိုင်ဖို့အတွက် ပြည်တွင်းမှာ လေ့လာမှုတွေ လာလုပ်နေပါတယ်။ ဒီကိစ္စသာ အဆင်ပြေသွားမယ်ဆိုရင်တော့ မြန်မာပြည်သူတွေ အရင်ထက် လျှပ်စစ်ဓာတ်အား ပိုသုံးစွဲနိုင်တော့မှာပါ။ ပြီးတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း တရှိန်ထိုးဝင်လာတော့မှာပါ။”ပာု အမှတ် (၂)လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် လေ့လာမှုများ ပြုလုပ်နေသကဲ့သို့ နေစွမ်းအင်မှလည်း လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ရန် ကိုရီးယားနိုင်ငံရှိ တီအမ်ဆိုလာကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ အဆာပိာ ကုမ္ပဏီတို့မှ လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref:Weekly Eleven

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်ပိတ်ဆို့မှု သက်တမ်းမတိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ကန်အထက်လွှတ်တော်အမတ် ဆွေးနွေး

မြန်မာနိုင်ငံအား အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုသက်တမ်း ထပ်မံမတိုးရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ်တို့ စတင်ဆက်သွယ် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ သက်တမ်းထပ်မံမတိုးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch MccConnell တို့က တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို နောက်ထပ်သက်တမ်း ၃ နှစ်တိုးမယ်လို့ကြားပါတယ်”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

၎င်းတို့နှစ်ဦး အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ ယခုလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်း ကုန်ဆုံးတော့မည့် Burmese Freedom and Democracy Act of 2003 အား ၃ နှစ် သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းအပေါ် သက်တမ်းမတိုးရေးနှင့် မြန်မာ- အမေရိကန် ချစ်ကြည်ရေး တိုးတက်လာစေရန်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အရှိန်အပာုန် မြင့်မားလာနိုင်စေရန်တို့ကို အခြေခံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

                Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

ညီနောင်တိုင်းရင်းသားပါတီအား ပါတီ ၄ ခုမှ ပူးပေါင်းရန် လေ့လာမည်

ပြည်တွင်းရှိ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ပါတီ ၄ ခုမှ လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဓနုအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း ညီနောင်တိုင်းရင်းသားပါတီများနှင့်လက်တွဲ၍ တိုင်းရင်းသားအရေးကိစ္စများ ဆောင်ရွက်နိုင်ရန် လေ့လာမည့် ပါတီ ၄ ခုမှ ဓနု အမျိုးသားပါတီ၊ ရှမ်းနီပါတီ၊ အရှိုချင်း အမျိုးသားများပါတီနှင့် အင်းသားများပါတီတို့ဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဖော်ဆောင်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်သမ္မတကြီး လုပ်ဆောင်လျက်ရှိတဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး ဆောင်ရွက်နိုင်ဖို့အတွက် ညီနောင်တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဖို့ စီစဉ်ရတာပါ။ ညီနောင် တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီးပြီ ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုလုပ်ဆောင်နိုင်မယ်လို့ထင်ပါတယ်”ပာု အရှိုချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ညီနောင်တိုင်းရင်းသားပါတီမှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ ဦးဖြင့် Peace Process Com mitte ကိုဖွဲ့စည်းထားပြီး ယခု ကဲ့သို့ Peace Process Committe ဖွဲ့စည်းရခြင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်ရပ်သဘောတူညီချက် ရရှိပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်စေရန်၊ နိုင်ငံတော်အစိုးရမှ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အနီးကပ် စောင့်ကြည့်၍ လိုအပ်သည်များကို ကူညီနိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၂ မေလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗပိာုကော်မတီကို အမိန့်အမှတ်(၁၁/၂၀၁၂)ဖြင့် ဖွဲ့စည်းကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုကဲ့သို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗပိာုကော်မတီ ဖွဲ့စည်းရခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုနိုင်ရန်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ချင်းအမျိုးသားပါတီနှင့် ကယန်းအမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

YC

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ သတင်းတွေဘက်က ဖြစ်ခဲ့တာဟာ ကိုယ်ယုံကြည်ရာ ကိုယ်တင်ပြချင်တာကို ရေးရအောင် စာပေစိစစ်ရေးဆိုတဲ့ ဓားမကြီးနဲ့ ဖြတ်တောက် ထားတယ်။ ခြေပြတ်လက်ပြတ် ပဒုမပေါင်တိုတွေနဲ့ ဆောင်းပါးတွေက ထွက်လာတယ်၊ ကိုယ်ရေးချင်တာ ကိုယ်ယုံကြည်ရာကို ရေးခွင့်မရတာအပြင်  ကိုယ်မယုံဘူး။ ကိုယ့်စာမျက်နှာ ပေါ်မတင်ချင်တဲ့ အကြောင်းအရာတွေ အထူးသဖြင့် ပုဂ္ဂိုလ်ရေးအရ အသားလွတ်တိုက်ခိုက်တဲ့ ဟာတွေကို ဖော်ပြရ တယ်။ မိုးကျရွှေကိုယ် ဆောင်းပါး တွေ မဖြစ်မနေဖော်ပြခဲ့ရတယ်။ ဒီလောက် ရာဇဝင်ရိုင်းတာ မရှိဘူးထင်တယ်"

ဇူလိုင်လ(၁၈)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်(၁၀၃) တွင်ပါရှိသည့် “ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေမှု ၂နှစ်ပြည့်မြောက်သည့် အခမ်းအနား ကျင်းပ စာနယ်ဇင်းလွတ်လပ်ခွင့် Freedom of Press ဆိုင်ရာဆွေးနွေး”သတင်းမှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ်ကောက် နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“ရက်တိုးတော့မယ်။ ဆီးနိတ်မှာ တင်တော့မယ်။ ဆုံးဖြတ်ချက်ချလိုက်ရင် ၃နှစ်လောက် နောက်ထပ် ထပ်တိုးမှာ ဖြစ်တဲ့ အတွက် ဒီကိစ္စကို ဆွေးနွေးတာ ပါ။ ဟိုက တရားဝင်ကြေငြာမှပဲ အတိအကျ သိရမှာပါ။”

ဇူလိုင်လ(၁၈)ရက်နေ့ထုတ် Popular News ဂျာနယ်အတွဲ(၄)အမှတ်(၂၈)တွင်ပါရှိသည့် “အမေရိကန် ပိတ်ဆို့မှု သက်တမ်းမတိုးရေး ဒေါ်အောင်ဆန်းစု ကြည် စတင်ကိုင်တွယ်” သတင်းမှ ဒီချုပ်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာလျှင် ကျွန်တော်ပြန်ဖို့ရဲမယ်။ ကျွန်တော်တို့ ပြန်ပြီးတော့မှ မနက်ဖြန်သန်ဘက်ခါ ထဖြစ်နေရင် မကောင်း ဘူး။ သွားပြီ။ ဒီကိုပြန်လာဖို့ကလည်း မလွယ်တော့ဘူး။”

ဇူလိုင်လ (၁၈)ရက်နေ့ထုတ် Popular News ဂျာနယ်အတွဲ(၄)အမှတ်(၂၈)တွင်ပါရှိသည့် “ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း ရောက် နိုင်ငံရေးအရ ထွက်ပြေးလာသူ အများစု ပြည်တော်ပြန်” သတင်းမှ မယ်လဒုက္ခသည်စခန်း ကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive