Transparency Myanmar

transparency.myanmar@gmail.com

Interview
Document Interview

Snapshot of the item below:
Interview

*

*

၂၄.၁.၂၀၁၃

တွေ့ဆုံမေးမြန်းခန်း

"ကေအိုင်အိုက စားပွဲပေါ်တက်လာမယ် အစိုးဘက်ကလည်း လိုလိုလားလားနဲ့ ဆွေးနွေးမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် အောင်မြင်မယ်လို့ ယုံကြည်တယ်။ နံပါတ်တစ်ကတော့ စားပွဲပေါ်တက်လာဖို့ အရေးကြီးတယ်။"

ဒေါက်တာမင်းဇော်ဦး(Director of Ceasefire Negotiation and Implementation Myanmar Peace Center) နှင့် တွေ့ဆုံခြင်း

မင်းသူ

လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတဲ့သူအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အလားအလာပေါ် အရင်ဆုံးသုံးသပ်ပေးပါလား။

အားလုံးခြုံပြောရမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အဓိကထူးခြားချက်က အရင်အစိုးရနဲ့တော့ကွာတယ် အရင်အစိုးရလက်ထက်မှာ နိုင်ငံရေးကိုမပြောဘူး။ သူတို့က ceasefire အဆင့်မှာတင် ရပ်ထားတော့ တကယ်အဓိကကျတဲ့ လိပ်ခဲတင်းတင်းဖြစ်နေတဲ့ ပြဿနာတွေက မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်တော့ လူတွေက အပစ်အခတ်ရပ်စဲထားတယ၊် ဒါပေမယ့် တစ်ဖက်ကလည်း လက်နက်စုထားမယ်၊ အပစ်ခတ်ရပ်စဲတာ ပျက်ရင်တော့ ပြန်ချကြမယ် ဆိုတာမျိုးတွေဖြစ်တော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေကလည်း အတိုင်းအတာတစ်ခုအထိ မတည်ဆောက်နိုင်ကြဘူး။ အဲ့တော့ တစ်ချို့ ceasefire တွေလည်းပျက်ခဲ့ကြတာရှိတယ်။ ဒီနေ့ အစိုးရမှာတော့ ceasefire နဲ့တင်မရတော့ဘူး၊ တကယ့် မြန်မာပြည်ရဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့က Political Dialogue ပေါ့ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းပေါ်လာပြီးဆွေးနွေးရမယ်ဆိုတဲ့ အခြေခံမှုအပေါ်မှာထားထားတယ် ။ ဒါကိုလည်း သမ္မတကြီးက လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာမှာလည်း ထင်ရှားအောင်ပြောထားတယ်။ ဟိုတစ်နေ့က Civil Society တွေနဲ့ တွေ့တဲ့ပွဲမှာလည်းပြောသွားတယ်။ တိုင်းရင်းသားပြဿနာက ဆေးမြီးတိုနဲ့ကုလို့မရဘူး၊  Political Dialogue ကို အကောင်အထည်ဖေါ်ဖို့ လိုတယ်ပေါ့။ အဲ့တော့ Political Dialogue နဲ့ ပြဿနာကို ဖြေရှင်းမယ်ဆိုတာကို လက်ခံလိုက်တာ အစိုးရသစ်လက်ထက်မှာရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့တိုးတက်မှုတစ်ခုလို့ ကျွန်တော်မြင်မိတယ်။ နောက်အပြောင်းအလဲ တိုးတက်မှု တစ်ခုက KNU ပေါ့။ KNU လိုအဖွဲ့မျိုးနဲ့ တစ်ခါမှ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ခဲ့ဘူး။ ခုလုပ်နိုင်ခဲ့တယ်။ ဒါဟာကောင်းတဲ့ ဘက်တစ်ခုပေါ့။ မကောင်းတဲ့ဘက်ကတော့ ငြိမ်းချမ်းရေးတွေ လုပ်နေတဲ့အချိန်မှာ ကချင်လိုနေရာမျိုးမှာ တိုက်ပွဲတွေ ဖြစ်နေတယ၊် လူထုကလည်း ခြောက်သောင်းကနေ တစ်သိန်းနီးပါးက IDP(ဒုက္ခသည်) ဖြစ်ပြီးတော့ ဒုက္ခတွေ ရောက်နေကြတယ်။ ပြီးတော့ တပ်ဘက်ကရော ကေအိုင်အေဘက်ကရော အသေအကြေပျက်စီးမှုတွေရှိတယ်။ လမ်းတံတားတွေ အဖျက်ခံရတယ် ရထားတွေ မိုင်းခွဲခံရတယ်။ ဒီလိုဟာ တွေရှိနေတော့ လက်ရှိငြိမ်းချမ်းရေးကိစ္စမှာ တစ်ချို့အရာတွေ လုပ်ဖို့လိုနေတဲ့သဘောပေါ့။

ဆရာအနေနဲ့က နိုင်ငံတကာအတွေ့အကြုံ တွေလည်းရှိခဲ့တော့ ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတက်မှုအပေါ် ဘယ်လောက် အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ပြောပြပေးပါ။ နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ကို ဘယ်လိုမျိုးဆောင်ရွက်သင့်တယ်လို့  မြင်မိလဲ။

နံပါတ်တစ်က မြန်မာပြည်နိုင်ငံရေး စဉ်းစားလို့ရှိရင် ပထမဆုံးပြောကြတာက စစ်တပ်ကနိုင်ငံရေးထဲမှာရှိနေတယ်။ အဲ့တော့ စစ်တပ်က ဘာကြောင့်နိုင်ငံရေးထဲကို ၀င်လာလဲလို့ သမိုင်းအရပြန်ကြည့်လို့ရှိရင် ဒါတွေကနိုင်ငံတော် လုံခြုံရေးနဲ့အများကြီးဆိုင်တယ။် ဥပမာဆို့လို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်က လွတ်လပ်ရေးရစ အချိန်က သူပုန်အဖွဲ့ တစ်ဒါဇင်ကျော်လောက်က သက်ဆိုင်ရာ နယ်မြေအသီးသီးကို ထိန်းချုပ်ပြီးတော့ အစိုးရဆိုတာ ရန်ကုန်တောင် အစိတ်အပိုင်းတစ်ခုလောက်ပဲ ထိန်းထားနိုင်တဲ့အဆင့်ကနေပြီးတော့ စရခဲ့တာ။ အဲ့တော့ အမျိုးသားလုံခြုံရေး ပြဿနာက ဟိုးအစကတည်းက ရှိခဲ့တာ။ အမျိုးသားလုံခြုံရေး ပြဿနာကြီးလေလေ စစ်တပ်က နိုင်ငံရေးမှာ ပါလေလေ ဖြစ်လာ တာပေါ့။ ဒါ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတော်တော်များများမှာ ဖြစ်ခဲ့တဲ့ နိုင်ငံတော်ဆိုင်ရာ ပြဿနာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က နိုင်ငံရေးထဲဝင်လာတဲ့အခါမှာ အမျိုးသားလုံခြုံရေး ပြဿနာကိုပဲကြည့်ပြီး ဝင်လာကြတာ။ ကျွန်တော်တို့က အမျိုးသားလုံခြုံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်သရွေ့ စစ်တပ်ကို နိုင်ငံရေးထဲက ထွက်သွားဖို့ခက်လိမ့်မယ် ။ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားပြဿနာနဲ့ လက်နက်ကိုင်ပြဿနာက တစ်ထပ်တည်းကျတယ်။ လက်နက် ကိုင်ပြဿနာနဲ့ အမျိုးသားလုံခြုံရေး ပြဿနာကလည်း တစ်ထပ်တည်းကျတယ်။ လက်နက်ကိုင်အဖွဲ့တွေ အားလုံးပေါင်းလိုက်ရင် အင်အားကတစ်သိန်းကျော်လောက်ရှိမယ်။ နိုင်ငံတစ်ခုမှာ တိုင်းပြည်စစ်တပ်ရဲ့လေးပုံတစ်ပုံ ဒါမှမဟုတ် သုံးပုံတစ်ပုံလောက်က လက်နက်ကိုင် သူပုန်ဆိုတော့ အမျိုးသားလုံခြုံရေးပြဿနာ ရူထောင့်ကကြည့်လို့ရှိရင် အရမ်းကြီးတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်တပ်ကြီးလိုဟာကြီးမျိုး ပိုက်ဆံဘီလီယံ ရာနဲ့ချီသုံးပြီးတော၊့ ကမ္ဘာ နောက်ဆုံးပေါ် အဆင့်မြင့်ကိရိယာတွေနဲ့ တိုက်ရတဲ့စစ်တပ်လိုမျိုးမှာတောင် နှစ်သောင်းခွဲလောက်ရှိတဲ့ တာလီဘန်တွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့တိုင်းပြည်က ဆင်းလည်းဆင်းရဲတယ်၊ စစ်တပ်ဆိုရင်ရုပ်ဝတ္တုပစ္စည်း နည်းလမ်းတွေအရလည်း အများကြီးနောက်ကျနေတယ်။ တိုင်းပြည်ကလည်း အခုမှအကူးအပြောင်းအချိန်၊ ဒီအချိန်မှာ ခုနတစ်သိန်းလောက် ရှိတဲ့လက်နက်ကိုင်အဖွဲ့က အားလုံးပေါင်းလိုက်ရင် ၁၈ ဖွဲ့လောက်ရှိတယ်။ ဒါတွေကို ကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးပြဿနာက အရမ်းကြီးတယ်။ အဲ့လိုအနေထားမှာ ဒါတွေကို မဖြေရှင်းနိုင်သေးပဲနဲ့ စစ်တပ်ကို နိုင်ငံရေးထဲကထွက်ဖို့ ဖျောင်းဖျဖို့ကလည်း ခက်တယ်ပေါ့၊ အဲ့တော့ တိုင်းရင်းသား ပြဿနာ၊ လက်နက်ကိုင်ပြဿနာ ဆက်စပ်တော့ စစ်တပ်ရဲ့ နိုင်ငံရေးထဲပါဝင်လာမှုကလည်း ဆက်စပ်လာတယ်။ နောက် ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ ကိစ္စတစ်ခုက Development ပေါ့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကို ပြန်ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့တိုင်းပြည်မှာ အဆင်းရဲဆုံးနေရာတွေက ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေ၊ အထူးသဖြင့် ကရင်ပြည်နယ်လိုနေရာမျိုးပေါ။့ အဲ့ဒီနေရာမျိုးမှာဆိုရင် ကလေးတွေဆို ကျောင်းတောင်မတက်နိုင်ဘူး၊ တိုက်ပွဲရှောင်ရတယ် ။ IDP တွေ အများကြီးရှိတယ်။ အခုဆို ကချင်မှာလည်း ရှိနေတယ်။ လူထုဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့နေရာတွေက ပဋိပက္ခဖြစ်တဲ့ နေရာတွေပဲ။ ဘာလို့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလည်းဆိုတော့ စစ်ဖြစ်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေလည်း လာပြီးရင်းနှီးမမြှုပ်နှံဘူး ။ အဲ့ဒီတော့ အလုပ်အကိုင်ရှားပြီး လူတွေကလည်းဆင်းရဲတယ်။ ဒီကြားထဲမှာ စစ်ရှောင်ရတော့ ယာစိုက်ပြီး ယာကိုပစ်ပြီးသွားရတယ်၊ လယ်စိုက်ပြီး လယ်ကို ပစ်သွားရတယ်။ အဲ့တော့ သူတို့ရဲ့ စီးပွားရေးဘဝကိုလာပြီးတော့ အနှောင့်အယှက်ဖြစ်သွားပြီ။ လက်နက်ကိုင် ပဋိက္ခချုပ်ငြိမ်းသွားလို့ရှိရင် ဒေသဖွံ့ဖြိုးရေး တွေပိုပြီးလုပ်နိုင်မယ်။ ထိရောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဖို့က လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချနိုင်ဖို့လိုတယ်။ အဆုံးသတ်နိုင်ဖို့လိုတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းလိုဟာမျိုး အကောင်အထည်ဖော်မယ်ဆိုရင် အဓိကလမ်းကြောင်းက ထိုင်းနိုင်ငံထဲက ကုန်းလမ်းကြောင်းက ဆက်မှ ဟိုးအရှေ့အလယ်ပိုင်းက လာတဲ့ကုန်ပစ္စည်းတွေက မလက္ကာရေလက်ကြားကို အရှည်ကြီးကွေ့ပတ် ဖြတ်မသွားပဲနဲ့ ထားဝယ်ဆိပ်ကမ်းမှာချပြီး ကားနဲ့ ထိုင်းကိုသယ်သွားမယ်။ ဒါဆိုလို့ရှိရင် ခရီးက အများကြီးလျှော့သွားပြီပေါ။့ ထားဝယ်ဆိပ်ကမ်းရဲ့ရှေ့လျှောက်အလားအလာက အများကြီး ကောင်းတယ်။ အဲ့မှာနေတဲ့လူထုဘဝ အထူးသဖြင့် ကုန်သွယ်ရေး လမ်းတလျှောက်မှာနေတဲ့သူတွေရဲ့ ဘဝက အများကြီး တိုးတက်သွားမယ်။ ဒါပေမယ့် အဲ့ဒီဒေသဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သူပုန်လုပ်ခဲ့တာ။ အဲ့ဒီဘက်မှာ လမ်းက တနင်္သာရီတောကြီးကို ဖြတ်ပြီးဖေါက်ရမှာ။ အကယ်၍ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘာမှလုပ်လို့မရဘူး။ ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ တန်ဖိုးက အဲ့ဒီလမ်းရှိမှ သူကတန်ဖိုးရှိမှာ။ အဲဒီ့လမ်းဖေါက်နိုင်မှ ထားဝယ်ရေနက်ဆိပ်ကမ်းက အလုပ်ဖြစ်မှာ။ ဒီလမ်းကြောင်းကို သွားနိုင်ဖို့ဆိုရင် အဲ့ဒီဒေသမှာအပစ်အခတ်ရပ် ငြိမ်းချမ်းရေး ယူနိုင်မှရမှာ။ ဒါဥပမာပြောတာပေါ့။ ဒီလိုပဲ ကချင်တို့ ရှမ်းတို့ဒေသတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်တာ ရှိတယ်။ ဒီလိုနေရာက လူထုဘဝတွေတိုးတက်လာဖို့က ငြိမ်းချမ်းရေးမရဘဲနဲ့ တစ်ခြား ဘာမှလုပ်လို့မရဘူး။ အဲ့ဒါတွေ ပြန်ကြည့်လိုက်မယ်ဆိုရင် တိုင်းရင်းသားအရေး ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ကျွန်တော်တို့တိုင်းပြည် ရှေ့ကို ဒီမိုကရေစီရအောင် တိုးတက်လာအောင် လုပ်ဖို့ကိစ္စတွေက ဆက်စပ်နေတယ်။ အားလုံးသိတဲ့ အတိုင်း စစ်တပ်ကပါလီမန်ထဲမှာအမြဲတမ်းနေလို့မရဘူး။ တစ်ချိန်မဟုတ်တစ်ချိန်တော့ထွက်ပေးရမယ်။ ဒါပေမယ့် စစ်တပ်ထွက်လို့ရတဲ့ နိုင်ငံအခင်းအကျင်းတစ်ခုဖြစ်အောင် ဝိုင်းလုပ်ကြဖို့က အားလုံးမှာတာဝန်ရှိတာပေါ့။ စစ်တပ်ကနိုင်ငံရေး အခင်းအကျင်းကနေ ထွက်အောင်လုပ်တဲ့အခါ မှာလည်းပြည်တွင်းငြိမ်းချမ်းရေးကလည်းအဓိကကျနေတာပဲ။

အခုက ကျွန်တော်တို့မှာ ပြဿနာဖြစ်နေတာက ကချင်မှာပေါ့ ပြည်ထောင်စုလွှတ်တော်ရော ပြည်သူ့လွှတ်တော်ကရော တိုက်တွန်းချက်တွေထုတ်တယ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကလည်း လုပ်နေတယ်။ ဒါပေမယ့် ဒီဟာကြီးက မပြေလည်တဲ့အပြင်ပိုပြီးတော့ ဆိုးလာသလိုဖြစ်နေတယ်။ အဲ့ဒီမှာပဲ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲနိုင်ပေမယ့် ကချင်နဲ့က အဆင်မပြေဘူး ဒါက နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားတွေပေါ်မှာများ မှီခိုနေမလားပေါ့။ အဲ့ဒီလို ဝေဖန်တာတွေ တွေးတာတွေလည်းရှိလာကြတယ် ဆရာအမြင်ကရော ဘယ်လိုသုံးသပ်မိလဲ။

နံပတ်တစ်ကတော့ Trust  ယုံကြည်မှုလုံးဝပြတ်သွားတာပေါ့။ ကေအိုင်အို ဘက်က စဉ်းစားတာတော့ ၁၇ နှစ်ကြာ ငါတို့အပစ်အခတ်ရပ်စဲရေး လုပ်လာခဲ့တယ်။ ၂၀၁၀ လောက်မှာသူတိှု့ဆီက အဆိုပြုခဲ့တာရှိတယ်ဗျာ။ KIO/KIA ဘက်က နေပြီးတော့ သူတို့ နိုင်ငံရေးပါတီ လုပ်ဖို့ကိစ္စ၊ ပြည်ထောင်စု တပ်မတော်ထဲမှာပါဖို့ကိစ္စ စသည်ဖြင့်ပေါ့။ အကန့်အသတ်ရှိတဲ့ အုပ်ချုပ်ရေးအာဏာ တောင်းဆိုတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တာရှိတယ်။ ဒါမျိုးတွေကိုလည်း သူတို့ဘက်က တင်ပြခဲ့တဲ့အပေါ်မှာ အဲ့ချိန်တုန်းက ဒီအစိုးရက အရေးတယူတုံပြန်ခဲ့တာမရှိဘူးပေါ့။ အဲ့ဒီတော့ အပစ်အခတ်ပြန်ဖြစ်တဲ့အခါမှာ သူတို့ ဘက်က တို့ဒီလောက် ၁၇ နှစ်ကြာ အပစ်ခတ်ရပ်ခဲ့တာ ဘာမှဖြစ်မလာဘူးဆိုပြီး ယုံကြည်မှုက ပျက်သွားတယ်။ ယုံကြည်မှုတွေ ပျက်သွားတဲ့အချိန်မှာပဲ လက်နက်ကိုင်တိုက်ပွဲတွေကရှိနေတော့ လက်နက်ကိုင်တိုက်ပွဲကြောင့် ရှေ့ကိုဆက်ဖို့ခက်လာတယ်။ သမ္မတကြီးပြောတာရော ဝန်ကြီးဦးအောင်မင်း ရွှေလီမှာပြောတာရော ကြည့်လိုက်ရင် အစိုးရဘက် က Political Dialogue လုပ်ဖို့ တံခါးဖွင့်ထားတယ၊် ဆွေးနွေးရမယ် ဆိုတဲ့သဘောတွေပဲရှိတယ်။ ကေအိုင်အိုဘက်ကတော့ အဲ့ဒီအပေါ်မှာ မယုံကြည်နိုင်သေးတဲ့သဘောရှိနေတာပေါ့ ။ အဓိက ကတော့ ဒီပြဿနာတွေကို စားပွဲပေါ်မဖြေရှင်းဘဲနဲ့ စစ်မြေပြင်မှာ ရှင်းလို့မရဘူး။

ကျန်ခဲ့တဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်မှာ သမ္မတကြီးက KIO ကို အပစ်အခတ်ရပ်စဲပြီး Political Dialogue လုပ်ဖို့ တရားဝင်ထပ်ပြီး ဖိတ်ခေါ်ကြောင်းပြောလိုက်တယ်။ တစ်ခုမြင်မိတာက နိုင်ငံတကာက ကိုယ်စားလှယ်တွေ ရှေ့မှာတရားဝင် ဖိတ်ခေါ်လိုက်ပေမယ့် အဲ့ဒီအချိန် နာရီပိုင်းအတွင်းမှာပဲ ကာမိုင်းကို ဝင်တိုက်သွားတယ်။ အဲ့ဒီလို တိုက်ဆိုင်တာတွေ ဖြစ်နေတော့ ဒီဘက်က ဖိတ်ခေါ်ပေမယ့် ဟိုဘက်က ယုံကြည်မှု အားနည်းနေပြီး ဖိတ်ခေါ်မှုကို လက်မခံဘူးဆိုတဲ့ သဘောများရှိနေမလား။

ဒါလည်း ဖြစ်နိုင်တာပဲပေါ့ ဒီဘက်က အစိုးရကဖိတ်ခေါ်တာကို KIO က မယုံဘူး အဲ့ဒါမျိုးလည်း ရှိနိုင်တာပဲ ။ ဒါပေမယ့် ရလဒ်ကတော့ မယုံလို့ စားပွဲပေါ်မတက်ဘူး၊ ဆက်တိုက်တယ်၊ ဆက်တိုက်တော့ ရပ်လို့မရဘူး၊ တိုက်ပွဲဆက်ဖြစ်တယ်ပေါ့။

လက်ရှိအတိုင်းအတာအရဆိုရင် KIO/KIA နဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ချိန်အတွင်းမှာ ပြေလည်မှု ရသွားနိုင်မယ်လို့မြင်မိလဲ။

အဲ့ဒါတော့ ကျွန်တော် ငြိမ်းချမ်းရေးလုပ်တဲ့အခါ ပဋိပက္ခတွေ လေ့လာတဲ့အခါမှာ ဒါမျိုးတွေက ဘယ်တော့မှ မှန်းလို့မရဘူး၊ လူတွေ ခေါင်းဆောင်တွေ စဉ်းစားတဲ့ပုံကလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ အဓိက ကျွန်တော်ပြောချင်တာကတော့ အပစ်အခတ်ရပ်ဖို့ အရေးကြီးတယ၊် နိုင်ငံရေး ပြောတာမပြောတာ၊ အဲ့ဒါနောက်တဆင့်။ အပစ်အခတ်မရပ်သရွေ့ လက်နက်ကိုင်ပဋိပက္ခ ရပ်လို့မရဘူး နောက်တစ်ခုက တစ်ဖက်သတ် ဘယ်တော့မှ အပစ်အခတ် ရပ်လို့မရဘူး။ တစ်ဖက်သတ်အပစ်အခတ်ရပ်ခဲ့တာ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမယ့် အောင်မြင်တယ်ဆိုတာ ရှားတယ်ပေါ့။ အပစ်ခတ်ရပ်တာ ထိရောက်ဖို့ဆိုရင် နှစ်ဖက်လုံးက ရပ်မှရတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အပစ်အခတ်ရပ်တာ ထိရောက်ခဲ့သလားပြန်ကြည့်လိုက်ရင် ထိရောက်ခဲ့တယ်လို့ ဆိုလို့ရတယ်။ အခုလောလောဆယ် ကေအိုင်အို မပါဘဲနဲ့   ငြိမ်းချမ်းရေးလုပ်ပြီးတော့ အပစ်အခတ်ရပ်ပြီး လက်နက်ကိုင်ပြီးနေတဲ့ အဖွဲ့ ၁၃ ဖွဲ့ရှိတယ်။ အဲ့ဒီမှာ ဘယ်နှစ်ဖွဲ့နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်ဆိုတာ ကြားဖူးလဲ ။ မရှိသလောက်ပဲ။ တိုက်ပွဲငယ်တစ်ချို့တော့ RCSS အဖွဲ့နဲ့ တစ်ချို့ ဖြစ်ခဲ့တာရှိတယ်။ အဲ့ဒီတော့ နှစ်ဖက်လုံးက မတိုက်ဘဲနဲ့ အပစ်အခတ်ရပ်မယ်ဆိုရင် ရပ်လို့ရတယ။် တပ်မတော်ဘက်ကလည်း လိုက်နာတယ် တိုင်းရင်းသားတပ်တွေဖက်ကလည်း လိုက်နာတယ်။ အပစ်ခတ်ရပ်တာက ကျွန်တော်တို့ နိုင်ငံမှာ အောင်မြင်လားဆိုရင် အောင်မြင်တယ်။ ‘ဝ’ ဆိုလို့ရှိရင် ယုံကြည်မှု နည်းတာလည်းရှိမယ်၊ များတာလည်းရှိမယ်။ ဒါပေမယ့် အပစ်အခတ်ရပ်ထားတဲ့ နှစ်တွေ အများကြီးရှိနေတာပဲ အခုထက်ထိ။ ကမ္ဘာပေါ်မှာ တိုင်းပြည်တစ်ခုထဲမှာ သူပုန်နဲ့ အစိုးရ အနှစ်နှစ်ဆယ်ကျော်လောက် အပစ်အခတ်ရပ်စဲထားတာ တစ်နိုင်ငံမှ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံမှာပဲ ရှိတယ်။ အခု ၁၃ ဖွဲ့နဲ့ ရပ်ထားတယ် ခƞ