Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် Ford ကားနှင့်ပစ်ကပ်များ ရောင်းတော့မည်

(Associated Press မှ 28 Feb 2013 ရက်စွဲပါ “Ford to sell cars and pickups in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)        

  1. ရန်ကုန်မြို့ ကွန်ဒိုဈေးနှုန်းများ မိုးထိုး

(Opp Connect မှ 28 Feb 2013 ရက်စွဲပါ “Condo Prices in Yangon set to skyrocket”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ICRC ၏ အကူအညီများ ကချင်ပြည်နယ်ရောက်

(28 February 2013 ရက်စွဲပါ UPI မှ ICRC gets aid to Myanmar’s Kachin State ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ခရီးသွားများ သွားရောက်နိုင်သည့် ဧရိယာများပိုမို ဖွင့်လှစ်ရန်ရှိ

( 28 February 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar looking to open more area to tourists ကို ဘာသာပြန်သည်။ )

                ***********************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် Ford ကားနှင့်ပစ်ကပ်များ ရောင်းတော့မည်

(Associated Press မှ 28 Feb 2013 ရက်စွဲပါ “Ford to sell cars and pickups in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

                                                        Photo Credit: Online

Ford Motor Co က မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များရောင်းချရန် သဘောတူစာချုပ် လက်မှတ်ထိုးလိုက်ပြီပာု Ford နှင့် လက်တွဲမည့် ပြည်တွင်း ကုမ္ပဏီတာဝန်ခံက ကြာသာပတေးနေ့တွင် ပြောကြားသည်။

Capital Automotive ဒါရိုက်တာဦးခင်ထွန်းက ရန်ကုန်မြို့၌ အစောဆုံးမေလတွင်ဖွင့်လှစ်မည့် Ford ၏ပထမဆုံး ကားပြခန်းတွင် ဆလွန်းကားနှင့် ပစ်ကပ်ကားများ ရောင်းချသွားမည်ပာု ပြောကြားပါသည်။

Ford ပြောရေးဆိုခွင့်ရှိသူ နီးလ်မက်ကာသီက မိမိတို့ကုမ္ပဏီသည် ဈေးကွက်အဝင်အထွက် ဂီယာတင်လိုက်ပြီဖြစ်ပြီး၊ ဒေသခံဖြန့်ဖြူးရေး ကုမ္ပဏီကိုရရှိခဲ့ပြီပာု ပြောကြားသော်လည်း အသေးစိတ်ပြောဆိုခြင်းမပြုပါ။

မြန်မာနိုင်ငံ၏ မြန်ဆန်သောနိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများက ယခင်တံခါးပိတ်တိုင်းပြည်ကို ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်သူအဖြစ် အသွင် ပြောင်းပေးနေခြင်းကြောင့် Pepsi, Coca-Cola, GE, Caterpillar, Carlsberg စသော ကုမ္ပဏီများအားလုံး ဖြန့်ချီရေးသဘောတူညီချက်များ လက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အသွင်ပြောင်းကာလတည်ငြိမ်မှုနှင့် ပတ်သက်သည့်မရေရာမှုများ၊ အမေရိကန်ပြည်ထောင်စုက ပြန်လည်အရေးယူနိုင်သည် ပာူသော  စိုးရိမ်မှုများကြောင့် အနောက်အုပ်စုကုမ္ပဏီများအနေဖြင့် များများစားစား ရေရှည်ရင်းနှီးမြှုပ်နှံရန် မဝင့်မရဲဖြစ်နေကြသော်လည်း ဖော်ပြပါ သဘောတူညီချက်များ ပင် မြန်မာ့စီးပွားရေးအခင်းအကျင်း စတင်ပြောင်းလဲနေခြင်းကို ပြသနေသည်။

စီးပွားရေးပုံစံပောာင်း အတော်များများ အမြစ်တွယ်နေဆဲဖြစ်သော်လည်း တပ်မတော်နှင့် ခရိုနီကုမ္ပဏီများ ယခင်လက်ဝါးကြီးအုပ်ထားခဲ့သော စီးပွားရေးကဏ္ဍအချို့တွင် ပလေယာသစ်များကို တံခါးဖွင့်ပေးထားပြီဖြစ်သည်။

အနောက်အုပ်စု Sanctions များနှင့် ကင်းလွတ်သူ မြန်မာလုပ်ငန်းရှင်များမှာ နိုင်ငံခြားကုမ္ပဏီများနှင့် သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးလျက် ရှိကြသည်။ တပ်မတော်အစိုးရ အာဏာရှင်ခေါင်းဆောင်များနှင့် ရင်းနှီးသော အဆက်အသွယ်ကြောင့် နာမည်ပျက်ခဲ့ကြသော ခရိုနီ အချို့သည်လည်း စီးဝင်လာသောနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် သူတို့ကိုယ်သူတို့ တံဆိပ်ပြောင်းကပ်ရန် ကြိုးစားနေကြသည်။

ယခင်အစိုးရလက်ထက်က တင်းကြပ်စွာထိန်းချုပ်၍ ဈေးမြှင့်ကာလက်ဝါးကြီး အုပ်ထားခဲ့သော မော်တော်ကားတင်သွင်းခွင့်ကို ယခုအခါ လွတ်လပ်စွာ ဖွင့်ပေးထားပြီဖြစ်ရာ ရန်ကုန်မြို့တော်လမ်းများသည် ယခင်ငြိမ်သက်နေရာမှ ယခုအခါဆူညံ၊ ရှုပ်ထွေး၊ ပိတ်ဆို့လာပြီဖြစ်သည်။ သို့သော် လမ်းများပေါ်တွင် ဂျပန်ကားပောာင်းများ ရှိနေဆဲပင်ဖြစ်သည်။

**********************************************************************************************************

ရန်ကုန်မြို့ ကွန်ဒိုဈေးနှုန်းများ မိုးထိုး

(Opp Connect မှ 28 Feb 2013 ရက်စွဲပါ “Condo Prices in Yangon set to skyrocket”သတင်းကိုဘာသာပြန်ဆိုသည်)

                                                        Photo Credit: Online

                                                

မြန်မာနိုင်ငံ၏ကူးသန်းရောင်းဝယ်ရေး ဗပာိုချက်ရန်ကုန်မြို့တော်တွင် မနှစ်ကကွန်ဒိုမီနီယံ လိုအပ်ချက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ပိုပေးရန်အဆိုပြုထားသော ဥပဒေအပြောင်းအလဲများကြောင့် ဈေးနှုန်းများတက်နိုင်သည်ပာု ဆိုပါသည်။

နိုင်ငံခြားသားများ ဝင်ရောက်လာမှုကြောင့် ဈေးနှုန်းများတက်သွားသည့်အပြင် မနှစ်ကထက် လိုအပ်ချက် ၅၀ ရာခိုင်နှုန်းတိုးလာသည်ပာု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ပြောကြားသည်။

“ကွန်ဒိုအဌား ဈေးကွက်ပာာ နိုင်ငံခြားသားတွေ ဝင်လာတဲ့အတွက် မနှစ်ကအရမ်း Hot ခဲ့ပြီးဈေးနှုန်းတွေလည်း တက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည် အများစုပာာ တရုတ်၊ ဂျပန်၊ ဥရောပကဖြစ်ပြီး၊ ကွန်ဒိုရဲ့အရည်အသွေး၊ လုံခြုံမှုအပြင် နီးနီးနားနား ဈေးဝယ်လို့ရတဲ့ နေရာတွေကို စိတ်ဝင် စားကြပါတယ်”ပာု ဦးစိုင်းခွန်နောင်က ဆိုသည်။

သို့သော် ယခုအခါ နိုင်ငံခြားသားများကို မြေယာအဆောက်အဦး ပိုင်ဆိုင်ခွင့်ပိုပေးရန် ဥပဒေများကို ပြင်ဆင်တော့မည့် အလားအလာရှိပါသည်။

Property Guru ဝက်ဆိုဒ်မှ အယ်ဒီတာ အင်ဒရူးဘတ်က “နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ဥပဒေကို ပြင်ဆင်ဖို့အဆိုပြုထားတယ်လို့ သိရပါတယ်။ အဲဒီအချိန်ကျရင် ဈေးနှုန်းတွေက မိုးထိုးနေလောက်ပါပြီ”ပာု OPP Connect  သတင်းဌာနသို့ပြောကြားသည်။

ရန်ကုန်အခြေစိုက် Colliero International မှ ဒါရိုက်တာ အန်တိုနီပီကွန်က “အခုအချိန်မှာ လိုအပ်ချက် အရမ်းကြီးမားနေတဲ့ အဆင့်မြင့်ဇိမ်ခံ အိပ်ခန်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အချို့ရင်းနှီးမြှုပ်နှံသူတွေက အခန်းအများကြီး ဝယ်ယူကြပါလိမ့်မယ်။ ဒီမှာ စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံစရာ နေရာမရှိတဲ့အတွက် ပြည်တွင်းကဝယ်ယူသူတွေလည်း တွန်းအားတစ်ရပ်ဖြစ်လာနိုင်ပါတယ်”ပာု ရှင်းလင်းပြောကြားသည်။

ပြည်တွင်းဆောက်လုပ်သူများအနေဖြင့် နိုင်ငံခြားသားများကို ဌားမည့်သူအဖြစ်သာမကပဲ ဝယ်မည့်သူအဖြစ်ပါ ထည့်သွင်းစဉ်းစားဖို့လိုလာပြီပာု သူကဆိုပါသည်။

လောလောဆယ်အရွယ်ကြီးလွန်းသော အိပ်ခန်းများသည်မိသားစုပါမလာဘဲ အိပ်ခန်းတစ်ခန်းနှစ်ခန်းသာ လိုအပ်သော နိုင်ငံခြားသားဖောက်သည်များအတွက်ရည်စူး၍ အရွယ်အစားလျှော့ချရတော့မည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့် မြေပိုင်ဆိုင်မှုစီမံခန့်ခွဲရေး ကိစ္စများသည်လည်း အရေးကြီးသည်ပာု ဆိုသည်။

လောလောဆယ်တွင် ကမ္ဘာအေးဘုရားလမ်း ပုလဲကွန်ဒိုကဲ့သို့နေရာများတွင် တစ်လဌားရမ်းခ ဒေါ်လာ ၃၀၀၀ ခန့်နှင့် ရေကူးကန်ပါသော ရွှေပာင်္သာ ကွန်ဒိုကဲ့သို့ နေရာများတွင် တစ်လဌားရမ်းခ ဒေါ်လာ ၃၅၀၀ ခန့်ဈေးပေါက်သည်ပာု ဦးစိုင်းခွန်နောင်က ပြောကြားသည်။

***************************************************************************************************

ICRC ၏ အကူအညီများ ကချင်ပြည်နယ်ရောက်

(28 February 2013 ရက်စွဲပါ UPI မှ ICRC gets aid to Myanmar’s Kachin State ကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာ ကြက်ခြေနီကော်မတီ(ICRC)က ၎င်းသည် မြန်မာနိုင်ငံကချင်ပြည်နယ်မှ စစ်ဒဏ်ခံပြည်သူများအား ဆေးဝါးအကူအညီများ ပေးခဲ့ကြောင်း ကြာသာပတေးနေ့က ပြောကြားခဲ့ပါသည်။

“ဖေဖော်ဝါရီ တစ်လလုံး ကျွန်တော်တို့ဟာ ဒဏ်ရာရသူတွေနဲ့ ဖျားနာသူတွေကို ကုပေးတဲ့ဆေးရုံတွေမှာ ခွဲစိတ်ခန်းသုံးနဲ့အခြားဆေးဝါး ပစ္စည်းတွေဝေငှခဲ့ပါတယ်။ အစိုးရထိန်းချုပ်တဲ့ ဒေသတွေမှာရော KIA ထိန်းချုပ်တဲ့ ဒေသတွေမှာရော၊ ဝေငှခဲ့ပါတယ်” ဟု ICRC ကပြောပါသည်။

ICRC ဥက္ကဋ္ဌ Peter Maurer သည် ဇန်နဝါရီလက မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး ကချင်ဒေသတွင် ဆေးဝါးအကူအညီပေးရေး ဆွေးနွေး ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် စတင်လုပ်ဆောင်ခဲ့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမှ အသိအမှတ်ပြုမှု ကိုရရှိခဲ့ပါသည်။ သို့သော်လူ့အခွင့်အရေးမှတ်တမ်းများနှင့် ကချင်နှင့်ရခိုင်ပြည်နယ်မှ ရှုပ်ထွေးမှုများသည် နိုင်ငံရေးအရ တိုးတက်လာမှုများအပေါ်အရိပ်မည်း ထိုးလျက်ရှိပါသည်။

လူ့အခွင့်အရေးကိစ္စအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားရာတွင် မြန်မာနိုင်ငံ၌ ပြုပြင် ပြောင်းလဲရေးအတွက် လုပ်ဆောင်စရာများ ရှိသေးကြောင်းဆိုပါသည်။

မြန်မာနိုင်ငံသည် ဇန်နဝါရီလက အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပါသည်။

                        ***************************************************************************************

မြန်မာနိုင်ငံတွင် ခရီးသွားများ သွားရောက်နိုင်သည့် ဧရိယာများပိုမို ဖွင့်လှစ်ရန်ရှိ

( 28 February 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar looking to open more area to tourists ကို ဘာသာပြန်သည်။ )

မြန်မာအစိုးရသည် ကမ္ဘာလှည့်ခရီးသည်များအတွက် ကန့်သတ်တားမြစ်ထားသော ဒေသများ ပိုမိုဖွင့်ပေးရန် ရည်ရွယ်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး ၂၀၁၅ တွင်တစ်နှစ်လျှင် ခရီးသည်နှစ်သန်း ဝင်ရောက်နိုင်ရေး ဖြစ်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မကြာသေးမီကကမ္ဘာသို့ တံခါးဖွင့်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားများ များစွာဝင်လာပါသည်။ မြန်မာအစိုးရသည် ဧည့်သည်များအတွက် ကြည့်ရှုစရာနေရာများ ပိုမိုဖွင့်ပေးရန်ဆန္ဒရှိနေပြီး နေရာဒေသများကိုမူ သတ်မှတ်ပြောကြားခြင်း မရှိသေးပေ။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်က ပြောကြားရာတွင် “ ကျွန်တော်တို့မှာ ကွဲပြားတဲ့ယဉ်ကျေးမှုတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်နိုင်တဲ့ ဘောင်အတွင်းကနေ နေရာအသစ်တွေရှာဖွေသွားမှာပါ” ဟုပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာဂရုစိုက်ပြီး ကိုင်တွယ်ရမဲ့ ဒေသတွေရှိပါတယ်။ ဥပမာအားဖြင့် ပုဂံကိုကြည့်ပါ။ ပုဂံဟာစေတီဘုရား ၃၀၀၀ လောက်ရှိတဲ့ ရှေးဟောင်းမြို့ဖြစ်ပါတယ်။ အာရှကရှေးဟောင်း သမိုင်းဝင်မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပုဂံကိုလာတဲ့ဦးရေကို လက်ခံနိုင်တဲ့ဦးရေထက် တစ်ကြိမ်မှာအများကြီး မဖြစ်ရအောင်၊ အခြားသွားနိုင်တဲ့နေရာတွေ ရှာပေးထားရပါမယ်” ဟု၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်က ခရီးသွားတစ်သန်းခန့်လာရောက်ခဲ့ရာ ၂၀၁၁ ခုနှစ်ကထက် ၃၀% တိုးတက်လာပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံတွင် ခရီးသည် (၁.၃)သန်းလာရောက်ရန် မျှော်မှန်းထားပါသည်။ ၂၀၁၉ မှ ၂၀၁၂ အတွင်း မြန်မာ့ခရီးသွားလုပ်ငန်းမှ ရရှိသောဝင်ငွေသည် သုံးဆခန့်တိုးခဲ့ပြီး အမေရိကန် ဒေါ်လာ(၁၉၆)သန်းမှ ( ၅၃၄) သန်းသို့ တိုးတက်ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ခရီးသည်လာရောက်မှု ရုတ်တရက်မြင့်တက်လာရာ ဟိုတယ်နှင့်အခြေခံ အဆောက်အဦးလိုအပ်ချက်များ ရှိနေပါတယ်။

ဦးဌေးအောင်က ပြောကြားရာတွင် “ဒီအရာတွေကိုဂရုပြုလုပ်ကိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါတွေကစနစ်တကျ ဖွံဖြိုးတိုးတက်ဖို့ မရှိမဖြစ်တွေဆိုတာကျွန်တော်တို့သိပါတယ်။ ဒါတွေကအချိန်တိုအတွင်းမှာ မလုပ်ဆောင်နိုင်ပါဘူး။ နိုင်ငံတကာမှာ ခရီးသွားတွေအတွက် အသင့်ဖြစ်ဖို့ဆိုရင် အချိန်ယူရပါလိမ့်မယ်”ဟု ဆိုပါသည်။

ဧပြီလကုန်တွင် မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အသေးစိတ်စီမံချက်ကြီး (transfer plan) အတည်ပြုနိုင်မည်ဖြစ်သည်။

မြန်မာ့ခရီးသွားလုပ်ငန်း master plan ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Dr. Paul Rogers ကပြောကြားရာတွင် “ ခရီးသွားလုပ်ငန်းကရတဲ့ စီးပွားရေးအကျိုးအမြတ်ဟာ တိုင်းပြည်ရဲ့ဧရိယာ အတော်များများအတွက် ကောင်းပါတယ် ။ ခရီးသွားကဏ္ဍဟာ တံခါးဖွင့်ပေးပြီးရုံနဲ ဈေးကွက်က ကမ္ဘာကြီးကို ရှေ့ဆက်သွားနိုင်အောင် လုပ်ပေးနိုင်တဲ့မျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ ခရီးသွားတွေတိုင်းပြည်အတွင်းကို ဝင်လာစေချင်ရင်၊ မျက်ခြေမပြတ် စောင့်ကြည့်ပြီး၊ ထိန်းချုပ်မှုတွေလုပ်လိုစိတ် ရှိရပါမယ်”ဟု ဆိုပါသည်။

မြန်မာနိုင်ငံမှ ခရီးသွားကဏ္ဍတိုးတက်ရန်၊ ငါးနှစ်အသေးစိတ်စီမံချက်တွင် လုပ်ဆောင်ရမည့် အဓိကနယ်ပယ်များကို ဖော်ပြထားရာ တိုင်းပြည်ပုံရိပ် ကောင်းရေးတည်ဆောက်ရန် ခရီးသွားများအဆက်သွယ်ကောင်းများ မိတ်ဆက်ပေးနိုင်ရန်တို့ ပါဝင်ပါသည်။

အသေးစိတ်စီမံချက်ကို လူ (၇၀၀)ခန့်၏ အမြင်များပေါင်းစပ်၍ လေးလခန့်ရေးဆွဲခဲ့ရပြီး လွှတ်တော်တွင်အချို့ အသေးစားပြောင်းလဲမှုများ ပြုလုပ်ပြီးပါက အတည်ပြုဖွယ်ရှိပါသည်။

        *********************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment