Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁.၃.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ရှမ်း(တောင်၊ မြောက်)တပ်ဖွဲ့များ သမ္မတထံစာပို့
  2. ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ကြေညာချက်ထုတ်ပြန်
  3. ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နာရီကြားတစ်ကြိမ် အလှည့်ကျမီးဖြတ်မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ရှမ်း(တောင်၊ မြောက်)တပ်ဖွဲ့များ သမ္မတထံစာပို့

အစိုးရတပ်မတော်နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ရင်ဆိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသော ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA)နှင့် ရှမ်းပြည်မြောက်ပိုင်း(SSPP/SSA)အဖွဲ့ နှစ်ခုစလုံးမှ တိုက်ပွဲဖြစ်ပွားရသည့်အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ စာပေးပို့အကြောင်းကြားထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှ တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၏တောင်ဘက် နမ့်လောဝ်ကျေးရွာအုပ်စု အနီးတည်ရှိသော လွယ်လန်းတပ်စခန်းရှိ အစိုးရတပ်မတော် အဖွဲ့များအားဆုတ်ခွာရန်နှင့် မိုင်းအွန်၌လေယာဉ်ကွင်း တည်ဆောက်မှုအစီအစဉ်များ ဖျက်သိမ်းပေးရန် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များထံ ပြန်လည်အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရဗျူပာာတပ်များမှ မိုင်းထားမြို့နယ်ခွဲအတွင်းရှိ RCSS/SSA  ၏ တပ်စခန်းနှင့် ပိာုမိန်းမြို့နယ်ခွဲအတွင်းရှိ တပ်စခန်းတို့အား ရုတ်သိမ်း ပေးရန် RCSS/SSA ၏ သက်ဆိုင်ရာ တပ်စခန်းများသို့ စာရေးအကြောင်းကြားထားကြောင်း သိရသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း(SSPP/SSA)အဖွဲ့နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လည်းကောင်း၊ ရှမ်းပြည်တောင်ပိုင်း(RCSS/SSA)လက်နက်ကိုင် အဖွဲ့နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်းကောင်း အပတ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီး ဖြစ်သော်လည်း လက်ရှိအချိန်တွင် ရင်ဆိုင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း တပ်မတော်နှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများရရှိခဲ့ပြီး KIO နှင့်နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အချက်(၆)ချက်ပါ နှစ်ဘက်သဘော တူညီချက်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

YC

***************************************************

ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ကြေညာချက်ထုတ်ပြန်

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏  သဘောထားကြေညာချက်(၁/၂၀၁၃)ကို မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါကြေညာချက်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း အခန်း(၁)တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ”၏ အဓိပ္ပါယ်ဖော်ပြချက် မပါ ရှိသည့်အပြင် အခန်း(၂)နှင့် (၅) အခန်း ဖော်ပြချက်များမှာလည်း “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ”မှာ ယခင်စာပေစိစစ်ရေးနှင့် ခြားနားမှုမရှိသည့်အပြင် ၁၉၆၂ ခုနှစ် “ပုံနှိပ်သူများနှင့်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ ပုံနှိပ်တိုက်(အရေးပေါ်လက္ခဏာများ)အက်ဥပဒေ”တို့ကို အသွင်ပြောင်းထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

အဆိုပါဥပဒေကြမ်းသည် မီဒီယာသမားများ၏ သတင်းလွတ်လပ်ခွင့်များကို ဆန့်ကျင်လျက်ရှိသည့်အပြင် ပုံနှိပ်ထုတ်ဝေသူများ၊ သတင်းသမားများနှင့် စာရေးဆရာများကိုတစ်ဖက်လှည့်ဖြင့် ပြန်လည်ချုပ်ကိုင်ထားသည့် ကိစ္စရပ်များကိုတွေ့ရကြောင်း သိရသည်။ ဥပဒေဖော်ပြချက်အရ တရားမဝင်ထုတ်ဝေစာ အဖြစ်ကြေညာနိုင်ခြင်း၊ ယင်းအပေါ် လိုင်စင်ရုတ်သိမ်းနိုင်ခြင်းတို့မှာလည်း Pre-Censorship မပာုတ်ဘဲ Post-Censorship ကို ဦးတည်နေကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများကိုလည်း ပြန်ကြားရေးဝန်ကြီှးဌာန၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ထားရှိနိုင်စေရန် ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအချက်အလက် အများစုကို မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(MJA)အနေဖြင့် လုံးဝ သဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

                YC

*******************************************************************************************

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နာရီကြားတစ်ကြိမ် အလှည့်ကျမီးဖြတ်မည်

ရန်ကုန်မြို့အတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မြို့နယ်အလိုက်လျှပ်စစ်မီးများကို တစ်နာရီကြားတစ်ကြိမ် အလှည့်ကျမီးဖြတ်တောက်မည် ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အားပေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာသောကြောင့် ရေအားလျှပ်စစ်ပေးဝေရေး လုပ်ငန်းများတွင် ရေအားအပြည့်အဝ မရှိမှုကြောင့် လျှပ်စစ်ထုတ်လုပ်မှုမဂ္ဂါဝပ် လျော့ကျလာသည့်အတွက် ပြည်သူများအား လျှပ်စစ်မီးပေးဝေချိန်များ လျှော့ချရခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားခဲ့သည်။

ထို့ပြင် ရေရရှိမှုနည်းပါးခြင်းကြောင့်နှင့် ရတနာသဘာဝဓာတ်ငွေ့၊ ရွှေသဘာဝဓာတ်ငွေ့နှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့တို့မှ ရရှိသည့်ဂက်စ်များကို ပြည်ပသို့ရောင်းစား နေခြင်းများသည်လည်း မြန်မာနိုင်ငံအတွင်း လျှပ်စစ်လိုအပ်ချက် မြင့်တက်ရခြင်း၏ အကြောင်းတစ်ချက်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရက်များအတွင်း ရပ်ကွက်နှင့် ကျေးရွာများသို့ လျှပ်စစ်မီးပေးဝေနေမှုများကို နေ့စဉ် နံနက် ၅ နာရီမှ နောက်နေ့ နံနက် ၅ နာရီအထိ မီးပြတ်တောက်မှု မရှိစေရန်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ စာမေးပွဲကာလအတွင်း ရပ်ကွက်နှင့် ကျေးရွာများသို့ ညပိုင်းမီးပုံမှန် ပေးနေမည်ဖြစ်သည့်အတွက် စက်မှုဇုန်များနှင့် ဌာနဆိုင်ရာလက်အောက်ရှိ စက်ရုံများအား လျှပ်စစ်ပေးဝေမှု ရပ်ဆိုင်းထားရမည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ပြောကြားသည်။

လက်ရှိ စက်မှုဇုန်များအတွင်း လျှပ်စစ်ဓာတ်အားပေးဝေနေမှုများမှာ တစ်နေ့လျှင် နံနက် ၇ နာရီမှ ၁၂ နာရီထိတစ်ကြိမ်၊ နောက်နေ့ ၁၂ နာရီမှ ညနေ ၅ နာရီထိတစ်ကြိမ် နှစ်ကြိမ်ခွဲ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ စက်မှုဇုန်များကိုသာ မီးဖြတ်တောက်သွားမည်ဖြစ်ပြီး လူနေအိမ်နှင့် လုပ်ငန်းများကိုမူ မီး ၂၄ နာရီအပြည့်အဝ ပေးနိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်၊ အလုံလျှပ်စစ်ဝန်ကြီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့သော လျှပ်စစ်ပေးဝေ ဖြန့်ဖြူးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

YC

*******************************************************************************************************************

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် သတင်းအချက်အလက်မပြည့်စုံမှုကြောင့် လုပ်ငန်းရှင်များ လာရောက်ရန် ခက်ခဲ

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် နိုင်ငံတကာ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ သတင်းအချက်အလက် မပြည့်စုံမှု ကြောင့် အမှန်တကယ်ရင်းနှီးမြှုပ်နှံဖို့ရန် အခက်အခဲတွေ့နေကြောင်း အိန္ဒိယကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ရာချီ၍ဖိတ်ခေါ်ပေးနေသော အိန္ဒိယ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟန်ဆေတီးထံမှ သိရသည်။

ဈေးကွက်အခြေအနေ၊ အခြေခံအဆောက်အအုံများ မပြည့်စုံခြင်း၊ ဝန်ကြီးဌာနအချို့၏ ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ လိုအပ်သောသတင်း အချက်အလက်ပြည့်စုံစွာ မပေးနိုင်ခြင်းတို့အပြင် ထွက်ရှိပြီးဖြစ်သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများမှာ မြန်မာဘာသာဖြင့်သာ ရှိနေပြီး အင်္ဂလိပ်ဘာသာပြန်မရှိခြင်းကလည်း အခက်အခဲတစ်ရပ်ပင်ဖြစ်သည်။

အိန္ဒိယ၊ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် မိမိနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံသူများအား သတင်းအချက်အလက်နှင့် အဆင်ပြေ လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်ရန်အတွက် Foreign Investment Promoting Board ကဲ့သို့အဖွဲ့များရှိပြီး ယင်းဘုတ်အဖွဲ့က လုပ်ငန်းမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ၊ နေရာထိုင်ခင်းအခြေအနေများ အားလုံးကို အချိန်ယူ ဆွေးနွေးအကြံပေးမှုများ ပြုလုပ်ကြကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်တွေ့ပိုမိုထိရောက် လာစေရန်အတွက် ထိုကဲ့သို့သော အဖွဲ့မျိုးထားရှိ သင့်ကြောင်း မဒန်မိုဟန်ဆေတီးက တိုက်တွန်း ပြောကြားခဲ့သည်။

၎င်းကပင်ဆက်လက်၍ FDI law အား အင်္ဂလိပ်ဘာသာပြန်၍ နိုင်ငံခြားသားများဆီသို့ ကျယ်ကျယ်ပြန့်ပြန့်  ဖြန့်ချီသင့်သည်ဟု အကြံပြုပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများမှာမူ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထွက်ရှိ ခဲ့ခြင်းဖြစ်သည်။

                        ***********************************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment