Transparency Myanmar

transparency.myanmar@gmail.com

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီနေရာမှာ ဒေသခံတွေကို မြေတူးတာကအစ တခြားအလုပ်ဘာအလုပ်ပဲဖြစ်ဖြစ် ဖန်တီးပေးဖို့လိုတယ်။ အဲဒီလို အလုပ်ပေးတဲ့နေရာ မှာလဲ တော်တဲ့လူကို တော်သလို အရည်အချင်းရှိတဲ့လူကို အရည်အချင်းအလိုက် လစာပေးတာ၊ အခွင့်အရေး ပေးတာတွေ လုပ်ပေး လို့ရတယ်။”

မတ်လ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၀) တွင်ပါရှိသော “ဒေသခံတွေ အလုပ်အကိုင်ရရှိရေး ဝမ်ဘောင်နဲ့ ဦးပိုင်ကို ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းဆွေးနွေး” သတင်းတွင် ပါရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“အဲဒီအမိန့်မှာ စစ်ခုံရုံးများအား ပြစ်မှုဆိုင်ရာ ပြစ်မှုတွေကို အကျဉ်းနည်းနဲ့စစ်ဆေးစီရင်တာကိုရော စစ်ခုံရုံးကချမှတ်တဲ့ ဆုံးဖြတ်ချက် တွေကအပြီးအသတ်ဖြစ်စေရမှာဖြစ်ပြီး သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ဒဏ်စီရင်ခဲ့ပါက အဲဒီစီရင်ခြင်းက သက်ဆိုင်ရာ စစ်တိုင်းမှူးရဲ့ အတည်ပြုချက် ရရှိမှသာ ဖြစ်တယ် ”

မတ်လ ၁၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၀) တွင်ပါရှိသော “စစ်ခုံရုံး စစ်ဆေးစီရင် ကိစ္စရပ်များ လွှတ်တော် မှာမေးမြန်း” သတင်းတွင် ပါရှိသော ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အသင်းဝင်က ၁၈၀ လောက်ပဲရှိတယ်။ တကယ်ပုံနှိပ်နဲ့ ထုတ်ဝေခြင်းလုပ်ငန်းကို လုပ်နေသူတွေက ထောင်နဲ့ချီရှိတာ။ အသင်းက ထောက်ခံတယ်ဆိုတာ ပုံနှိပ်/ထုတ်ဝေ လောကတစ်ခုလုံးကို ကိုယ်စားပြု ခြင်း မရှိပါဘူး”

မတ်လ ၁၅ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၄) တွင်ပါရှိသော “ပုံနှိပ်/ထုတ်ဝေ ဥပဒေကို ပုံနှိပ်/ ထုတ်ဝေ လုပ်ငန်းရှင်ရာနှင့်ချီ ကန့်ကွက်ရန် စီစဉ်” သတင်းမှ ဓူဝံစာပေ မှ ဦးမျိုးညွန့်၏ ပြောကြားချက်အားကောက် နှုတ်ချက်။


“ဝန်ထမ်းတွေလစာတိုးမယ်ဆိုတာနဲ့ ကုန်သည်၊ စီးပွားရေးတွေက ကုန်ဈေးနှုန်းမတက်တက်အောင်နည်းအမျိုးမျိုးနဲ့ လုပ်ကြမှာကို လည်းသတိထားသင့်တယ်။ လစာတိုးမယ့်အသံကြားတိုင်း ကုန်ဈေးနှုန်း က လှုပ်သွားတဲ့ အနေအထားတွေရှိခဲ့ဖူးတယ်လေ”

မတ်လ ၁၅ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၄) တွင်ပါရှိသော “လာမည့် ဘဏ္ဍာရေးနှစ်မှ စတင်၍နိုင်ငံ ဝန်ထမ်းများအား လစာတိုးပေးရန် နိုင်ငံတော်သမ္မတလျာထား” သတင်းမှ စီးပွားရေး လေ့လာသူ ဒေါက်တာ စောဝင်းထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတဲ့အချက်က အရေးကြီးပါတယ်။ လောလောဆယ်တော့ လုပ်ကြမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်ပါ တယ်။ ဒါတွေကို တစ်ဆင့်ချင်းလုပ်ကြရင်းနဲ့ ယုံကြည်မှုတည်ဆောက် သွားမယ်။ ပိုပြီးမှ ခိုင်ခိုင်မာမာ ဖြစ်သွားမယ်လို့ မျှော်လင့်တာပါ”

မတ်လ ၁၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၁) တွင်ပါရှိသော “ အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO ဆွေးနွေးမှု အပစ်အခတ်ရပ်စဲရေးအဆင့်မရောက်သေး”  သတင်းမှ ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 

 


 

 

 

 

 

                 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment